အမိုးအကာမလုံတဲ့ အိမ်လေးမှာနေပြီး အဝတ်လျှော်ကာ ဝမ်းရေးခက်ခက်ခဲခဲဖြေရှင်းနေရရှာတဲ့ အဖွားတစ်ယောက်ကို ကူညီထောက်ပံ့ခဲ့တဲ့ မေနွယ်ထွန်း (Sweet)

Posted on

ပရိသတ်ကြီးရေ မေနွယ်ထွန်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ရိုးသားပြီးပွင့်လင်းတဲ့အပြင် အလှူအတန်းရက်ရောပြီး ခက်ခဲနေတဲ့သူတွေတိုင်းကို ကူညီတတ်တဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့သူလည်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း Sweetက မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ မနေ့ကတော့ Sweetက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အမိုးအကာမရှိ နေတာ အဝတ်လျှော်တဲ့ အဖွားတယောက် အဲ့ထဲမှာ မိသားစုတွေ ပေါင်းနေကြတာ အဲ့အဖွားက အခု အဝတ်မလျှော်နိုင်တော့လို့ ကျွန်မ ကအမြဲ အစဉ်မပြေတဲ့သူတွေ ကူနေကြဆိုတော့ အကူညီလာတောင်းပါတယ်။ တစ်ပူပေါ် နှစ်ပူဆင့်လို့ အဲ့ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးကို ဦးလေး လုပ်သူက မကောင်းတာကြံလို့တဲ့ ရှင် အချိန်မှီသိလိုက်ရလို့ပေါ့။ စိတ်တွေလဲညစ်ပါတယ်နော်။ ကျွန်မ အဲ့တာနဲ့ အဲ့မလုံတဲ့ အိမ်ကို ပြင်လို့ရအောင် ကိုယ်တိုင်သွားရောက်လှူတန်းမှာဖြစ်ပါတယ်။” ဆိုပြီးရေးဝားမျှဝေထားခဲ့ပါတယ်။

ဒီနေ့မှာတော့ Sweetက သူကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့ပြီး သွားရောက်လှူဒါန်းခဲ့ပုံကို ပါဝင်လှူဒါန်းပေးတဲ့အလှူရှင်တွေလည်း ပီတိကုသိုလ်တွေရရှိစေဖို့ မျှဝေထားခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးတွေအတွက် ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Sweet
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-

အမိုးအကာမလုံတဲ့ အိမ္ေလးမွာေနၿပီး အဝတ္ေလွ်ာ္ကာ ဝမ္းေရးခက္ခက္ခဲခဲေျဖရွင္းေနရရွာတဲ့ အဖြားတစ္ေယာက္ကို ကူညီေထာက္ပံ့ခဲ့တဲ့ ေမႏြယ္ထြန္း (Sweet)

ပရိသတ္ႀကီးေရ ေမႏြယ္ထြန္းကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ႐ိုးသားၿပီးပြင့္လင္းတဲ့အျပင္ အလႉအတန္းရက္ေရာၿပီး ခက္ခဲေနတဲ့သူေတြတိုင္းကို ကူညီတတ္တဲ့ စိတ္ထားေလးေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အခိုင္အမာရရွိထားတဲ့သူလည္းျဖစ္ပါတယ္။

ဒီေန႔မွာလည္း Sweetက မြန္ျမတ္လွတဲ့ အလႉေလးတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။ မေန႔ကေတာ့ Sweetက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန “အမိုးအကာမရွိ ေနတာ အဝတ္ေလွ်ာ္တဲ့ အဖြားတေယာက္ အဲ့ထဲမွာ မိသားစုေတြ ေပါင္းေနၾကတာ အဲ့အဖြားက အခု အဝတ္မေလွ်ာ္ႏိုင္ေတာ့လို႔ ကြၽန္မ ကအၿမဲ အစဥ္မေျပတဲ့သူေတြ ကူေနၾကဆိုေတာ့ အကူညီလာေတာင္းပါတယ္။ တစ္ပူေပၚ ႏွစ္ပူဆင့္လို႔ အဲ့ထဲမွာ အ႐ြယ္မေရာက္ေသးတဲ့ ကေလးကို ဦးေလး လုပ္သူက မေကာင္းတာႀကံလို႔တဲ့ ရွင္ အခ်ိန္မွီသိလိုက္ရလို႔ေပါ့။ စိတ္ေတြလဲညစ္ပါတယ္ေနာ္။ ကြၽန္မ အဲ့တာနဲ႔ အဲ့မလုံတဲ့ အိမ္ကို ျပင္လို႔ရေအာင္ ကိုယ္တိုင္သြားေရာက္လႉတန္းမွာျဖစ္ပါတယ္။” ဆိုျပီးေရး၀ားမွ်ေဝထားခဲ့ပါတယ္။

ဒီေန႕မွာေတာ့ Sweetက သူကုိယ္တိုင္ကိုယ္က် သြားေရာက္လွဴဒါန္းေပးခဲ့ျပီး သြားေရာက္လွဴဒါန္းခဲ့ပံုကို ပါဝင္လွဴဒါန္းေပးတဲ့အလွဴရွင္ေတြလည္း ပီတိကုသိုလ္ေတြရရွိေစဖို႕ မွ်ေဝထားခဲ့ပါတယ္။ CeleZone ပရိသတ္ၾကီးေတြအတြက္ ဒီဗီဒီယိုေလးကို ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Sweet
Chilli – CeleZone