မွေးနေ့အလှူလေးအဖြစ် ရှင် (၁၀၈)ပါး ရှင်ပြုအလှူကြီးပြုလုပ်ခဲ့တဲ့ စမိုင်းလ်

Posted on

ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါက သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကမှအောင်မြင်မှုတွေရရှိခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလောကကနေ အချိန်တော်တော်ကြာပျောက်ကွယ်သွားခဲ့ပြီး မကြာသေးခင်အချိန်ကမှာ ပရိသတ်တွေရဲ့ ရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ သူလည်းဖြစ်ပါတယ်။

စမိုင်းလ်ကတော့ အလှူအတန်းရက်ရောလွန်းလှပြီး အလှူကြီးအတန်းကြီးတွေကို မကြာခဏဆိုသလိုပြုလုပ်လေ့ရှိတာကြောင့် ပရိသတ်တွေက ချီးကျူးအားကျ လေးစားနေရတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ စမိုင်းလ်ကတော့ ဒီနေ့မှာလည်း သူ့ရဲ့(၃၈)နှစ်ပြည့်မွေးနေ့အလှူအနေနဲ့ ရှင်အပါး(၁၀၈)ပါး ရှင်ပြုရဟန်းခံအလှူကြီးပြုကို အောင်ဇမ္ဗူကျောင်းမှာပြုလုပ်ခဲ့ပါတယ်။

ရှင်အပါး(၁၀၈)ပါးရှင်ပြုအလှူကြီးနဲ့အတူ ဝတ္ထု သင်္ကန်း နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းတဲ့အလှူကိုလည်းပြုလုပ်ခဲ့ပြီး အောင်ဇမ္ဗူကျောင်းသို့လာရောက်သောဘုရားဖူးများအတွက် ကြာဇံကြော် စတုဒီသာအလှူကြီးလည်းပေးခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ စမိုင်းလ်ရဲ့ မွေးနေ့အလှူကတော့ တကယ်မွန်မြတ်လှပါတယ်နော်။

Source – စမိုင်းလ် Smile
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-

ေမြးေန႔အလႉေလးအျဖစ္ ရွင္ (၁၀၈)ပါး ရွင္ျပဳအလႉႀကီးျပဳလုပ္ခဲ့တဲ့ စမိုင္းလ္

ပရိသတ္ႀကီးေရ စမိုင္းလ္ကေတာ့ တစ္ေခတ္တစ္ခါက သ႐ုပ္ေဆာင္မင္းသမီးတစ္ေယာက္အေနနဲ႔ အႏုပညာေလာကမွေအာင္ျမင္မႈေတြရရွိခဲ့တဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ အႏုပညာေလာကကေန အခ်ိန္ေတာ္ေတာ္ၾကာေပ်ာက္ကြယ္သြားခဲ့ၿပီး မၾကာေသးခင္အခ်ိန္ကမွာ ပရိသတ္ေတြရဲ႕ ေရွ႕ကို ျပန္လည္ေရာက္ရွိလာခဲ့တဲ့ သူလည္းျဖစ္ပါတယ္။

စမိုင္းလ္ကေတာ့ အလႉအတန္းရက္ေရာလြန္းလွၿပီး အလႉႀကီးအတန္းႀကီးေတြကို မၾကာခဏဆိုသလိုျပဳလုပ္ေလ့ရွိတာေၾကာင့္ ပရိသတ္ေတြက ခ်ီးက်ဴးအားက် ေလးစားေနရတဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ စမိုင္းလ္ကေတာ့ ဒီေန႔မွာလည္း သူ႔ရဲ႕(၃၈)ႏွစ္ျပည့္ေမြးေန႔အလႉအေနနဲ႔ ရွင္အပါး(၁၀၈)ပါး ရွင္ျပဳရဟန္းခံအလႉႀကီးျပဳကို ေအာင္ဇမၺဴေက်ာင္းမွာျပဳလုပ္ခဲ့ပါတယ္။

ရွင္အပါး(၁၀၈)ပါးရွင္ျပဳအလႉႀကီးနဲ႔အတူ ဝတၳဳ သကၤန္း ႏွင့္ ေန႔ဆြမ္းဆက္ကပ္လႉဒါန္းတဲ့အလႉကိုလည္းျပဳလုပ္ခဲ့ၿပီး ေအာင္ဇမၺဴေက်ာင္းသို႔လာေရာက္ေသာဘုရားဖူးမ်ားအတြက္ ၾကာဇံေၾကာ္ စတုဒီသာအလႉႀကီးလည္းေပးခဲ့ပါေသးတယ္။ CeleZone ပရိသတ္ႀကီးေရ စမိုင္းလ္ရဲ႕ ေမြးေန႔အလႉကေတာ့ တကယ္မြန္ျမတ္လွပါတယ္ေနာ္။

Source – စမိုင္းလ္ Smile
Chilli – CeleZone