ဒီနေ့မှာ အသက် (၂၉)နှစ်ပြည့်မြောက်သွားတဲ့ ပရိသတ်အချစ်တော် နန်းစန္ဒာလှထွန်း

Posted on

ပရိသတ်ကြီးရေ နန်းစန္ဒာလှထွန်းကတော့ MRTV – 4 ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ရေဝတီရယ်လို့ ပရိသတ်တွေရဲ့ က ချစ်စနိုးနဲ့လည်း ခေါ်ဆိုခဲ့ရတဲ့အထိကို ဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူလည်းဖြစ်ပါတယ်။

ဒီနေ့ ဇွန်လ (၂၂)ရက်နေ့လေးကတော့ ရေဝတီလေးရဲ့ အသက် (၂၉)နှစ်ပြည့်မွေးနေ့ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ရေဝတီလေးကတော့ မွေးနေ့အမှတ်တရအနေနဲ့ မှတ်မှတ်ရရလေးဖြစ်အောင် သူတစ်ခါမှာ မရိုက်ကူးဖူးတဲ့ ပုံစံလေးနဲ့ အလှပုံလေးရိုက်ကူးပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မိန်ကလေးတွေကို မိုတီပေးထားခဲ့ပါသေးတယ်။”Happy Birthday to all the June born ပါ။ နန်းနန်းကိုအမြဲတန်း ရိုးရိုးရှင်းရှင်းstyle လေးနဲ့ပဲတွေ့မြင်ဖြစ်တာများတယ်။ ၂၀ ကျော်အသက်ရဲ့အမျိုးသမီးလေးမှာ နန်းနန်းကကိုယ့်ကိုယ်ကို self challenge လေးတစ်ခုလုပ်လိုက်တာပါ။ နန်းနန်း မလုပ်ရဲတဲ့ မဝတ်ရဲတဲ့ style တွေ စိတ်ကူးယဉ်ပြီး ချစ်ရတဲ့ Shooting Team နဲ့တိုင်ပင်ပြီး ရိုက်ထားတာလေးကို ချပြလိုက်တာပါရှင့် ။ ပြောရမယ်ဆိုရင်တော့ ဒါဟာ နန်းနန်းရဲ့ self improvement လေးတစ်ခုလို့ပြောလို့ရပါတယ်။နောင်နှစ်တိုင်းမှာလည်း self improvement လုပ်ဖို့ကြိုးစားပါမယ်။

ဒီပုံတွေကိုကြည့်တဲ့ ပရိတ်သတ်တွေလည်း နန်းနန်းရဲ့ တိုးတက်မူ ထူးခြားမူကို ထပ်တူခံစားနိုင်ဖို့လည်း မျှော်လင့်ပါတယ်” ဆိုပြီး အမျိုးသမီးလေးတွေလည်း ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်နဲ့ self improvement လေးလုပ်ကြဖို့ အားပေးထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ရေဝတီလေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – Nan Sandar Hla Htun
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-





Chilli – CeleZone