ခရီးသွားနေရင်းတောင် ကြုံကြိုက်တဲ့ ကုသိုလ်လေးကို ရအောင်ပြုခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ အလှူအတန်းနဲ့ ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေတာကြောင့် ပရိသတ်တွေ ချစ်ခင်နေရတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ မနေ့ကတော့ မွန်မြတ်လှတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အလှူလေးကတော့ ဆန်ခံကြွတဲ့ သီလရှင်ဆရာလေးတွေကို ဝတ္ထုငွေတွေကပ်လှူခဲ့တဲ့ ကောင်းမှုလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ အလုပ်ကိစ္စတွေနဲက မန္တလေးမြို့ကိုရောက်နေခဲ့ပြီး မန္တလေးကိုရောက်တုန်း လမ်းခုလတ်မှာ ဆန်ခံကြွတဲ့ ဆရာလေးတွေကို တွေ့တာနဲ့ ကာလဒါနကုသိုလ်လေးပြုလုပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ခိုင်နှင်းဝေရဲ့ အလှူအတန်းရက်ရောပြီး စေတနာသဒ္ဓါတရားထက်သန်လှပုံကို ကြည့်ပြီး ချီးကျူးကာ သာဓုခေါ်ဆိုနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ တကယ်ကို ပီတိဖြစ်ရတဲ့ အလှူလေးမို့ အလှူမှတ်တမ်းဗီဒီယိုလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Khine Hnin Wai
Chilli – CeleZone
-Zawgyi Font ဖြင့် ဖတ်ရန်-





Source – Khine Hnin Wai
Chilli – CeleZone