ဟယ်ပင်ကလေးဆေးရုံမှာ လိုအပ်တဲ့အသုံးအဆောင်တွေနဲ့ တစ်နေ့စာအာဟာရဒါနလှူတန်းခဲ့တဲ့ ဝတ်မှုန်ရွှေရည်

Posted on

လတ်တလောမှာတော့ တစ်တိုင်းပြည်လုံးကကြောက်ရွံ့နေကြတဲ့ Covid -19 ကြောင့် ဆေးရုံ ဆေးခန်းတွေမှာလည်း ပိုမိုကြပ်မတ်ပြီး ဂရုစိုက်ကုသနေကြတာပဲဖြစ်ပါတယ်။ ရွှေကစ်လေး ကတော့ ဟယ်ပင်ကလေးဆေးရုံအတွက် Hand Sanitizer (ရေမလို လက်သန့် ဆေးရည်) နဲ့ mask တွေအပြင် ကလေးတွေအတွက် အာဟာရတစ်နေ့တာအလှူလေးတွေ သွားရောက် လှူတန်းခဲ့ပါတယ်။ လိုအပ်တဲ့ နေရာတိုင်းမှာ အားဖြည့်ကူညီတတ်တဲ့ စိတ်လေးကတော့ တကယ့်ကိုချစ်စရာပါပဲ။

ဒါကြောင့်လည်း အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်ကျော်ကြာ အောင်မြင်တဲ့မင်းသမီး တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေနိုင်ခဲ့ တာပဲဖြစ်ပါတယ်။ အားလုံးအတွက် အခုချိန်မှာ အဓိက လိုအပ်နေတာက (Hand Sanitizer (ရေမလိုလက်သန့်ဆေးရည်) နဲ့ mask တွေပါပဲ။ လူထူတဲ့ နေရာတွေကိုသွားမယ်ဆိုရင် ဒါတွေကိုမဖြစ်မနေယူဆောင်သွားဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လည်း ရွှေကစ်က အခုလိုလှူတန်းခဲ့ပုံပါပဲ။

သူမရဲ့အလှူပုံရိပ်လေးတွေကို ” ဒီနေ့ ရန်ကုန် ဟယ်ပင် ကလေးဆေးရုံ မှာလိုအပ်တဲ့ Hand Sanitizer ,mask တွေ ကလေးတွေအတွက် အာဟာရ တနေ့တာ အလှူလေးတွေလှူဖြစ်တယ်။ အခုလို Corona Virus နဲ့ပတ်သတ်ပြီး ကျန်းမာရေးအတွက် အဖက်ဖက်က ဂရုစိုက် နေကြရတဲ့ အချိန်မှာ အခုလို အလှူလေးဖြစ်အောင်ကူညီပေးကြတဲ့သူတွေကိုလည်း ကျေးဇူးပါ။ ကစ်ချစ်တဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာရေးကိုအထူးဂရုစိုက်ကြပါလို့ Corona Virus ရဲ့ ရန်ကို သွားသတိ လာသတိကာကွယ်ကြဖို့နဲ့ ကျန်းမာရေးသတိပေးချက်တွေကို အထူးဂရုပြုလိုက်နာကြပါလို့နော် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Happy – Cele Zone
Photo – Wutt Hmone Shwe Yi

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဟယ္ပင္ကေလးေဆး႐ုံမွာ လိုအပ္တဲ့အသုံးအေဆာင္ေတြနဲ႔ တစ္ေန႔စာအာဟာရဒါနလႉတန္းခဲ့တဲ့ ဝတ္မႈန္ေ႐ႊရည္

လတ္တေလာမွာေတာ့ တစ္တိုင္းျပည္လုံးကေၾကာက္႐ြံ႕ေနၾကတဲ့ Covid -19 ေၾကာင့္ ေဆး႐ုံ ေဆးခန္းေတြမွာလည္း ပိုမိုၾကပ္မတ္ၿပီး ဂ႐ုစိုက္ကုသေနၾကတာပဲျဖစ္ပါတယ္။ ေ႐ႊကစ္ေလး ကေတာ့ ဟယ္ပင္ကေလးေဆး႐ုံအတြက္ Hand Sanitizer (ေရမလိုလက္သန႔္ေဆးရည္) နဲ႔ mask ေတြအျပင္ ကေလးေတြအတြက္ အာဟာရတစ္ေန႔တာအလႉေလးေတြ သြားေရာက္ လႉတန္းခဲ့ပါတယ္။ လိုအပ္တဲ့ေနရာတိုင္းမွာ အားျဖည့္ကူညီတတ္တဲ့ စိတ္ေလးကေတာ့ တကယ့္ကိုခ်စ္စရာပါပဲ။

ဒါေၾကာင့္လည္း အႏုပညာလမ္းေၾကာင္းေပၚမွာ ဆယ္စုႏွစ္ေက်ာ္ၾကာ ေအာင္ျမင္တဲ့မင္းသမီး တစ္ေယာက္အျဖစ္နဲ႔ ရပ္တည္ေနႏိုင္ခဲ့တာပဲျဖစ္ပါတယ္။ အားလုံးအတြက္ အခုခ်ိန္မွာ အဓိက လိုအပ္ေနတာက (Hand Sanitizer (ေရမလိုလက္သန႔္ေဆးရည္) နဲ႔ mask ေတြပါပဲ။ လူထူတဲ့ ေနရာေတြကိုသြားမယ္ဆိုရင္ ဒါေတြကိုမျဖစ္မေနယူေဆာင္သြားဖို႔ အေရးႀကီးပါတယ္။ ဒါေၾကာင့္လည္း ေ႐ႊကစ္က အခုလိုလႉတန္းခဲ့ပုံပါပဲ။

သူမရဲ႕အလႉပုံရိပ္ေလးေတြကို ” ဒီေန႔ ရန္ကုန္ ဟယ္ပင္ ကေလးေဆး႐ုံ မွာလိုအပ္တဲ့ Hand Sanitizer ,mask ေတြ ကေလးေတြ အတြက္ အာဟာရ တေန႔တာ အလႉေလးေတြလႉျဖစ္တယ္။ အခုလို Corona Virus နဲ႔ပတ္သတ္ၿပီး က်န္းမာေရးအတြက္ အဖက္ဖက္က ဂ႐ုစိုက္ေနၾကရတဲ့ အခ်ိန္မွာ အခုလို အလႉေလးျဖစ္ေအာင္ကူညီေပးၾကတဲ့သူေတြကိုလည္း ေက်းဇူးပါ။ ကစ္ခ်စ္တဲ့ ပရိတ္သတ္ႀကီးလည္းက်န္းမာေရးကိုအထူးဂ႐ုစိုက္ၾကပါလို႔ Corona Virus ရဲ႕ ရန္ကို သြားသတိ လာသတိကာကြယ္ၾကဖို႔နဲ႔ က်န္းမာေရးသတိေပးခ်က္ေတြကို အထူးဂ႐ုျပဳလိုက္နာၾကပါလို႔ေနာ္ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။

Happy – Cele Zone
Photo – Wutt Hmone Shwe Yi