မိဘတွေအတွက် အိမ်ကြီးအိမ်ကောင်းတစ်လုံးဆောက်ပေးနိုင်ခဲ့လို့ ကျေနပ်ပီတိဖြစ်နေတဲ့ ဘေဘီမောင်

Posted on

မော်ဒယ်သရုပ်ဆောင်ဘေဘီမောင်ကတော့ သူမရဲ့မိဘတွေအတွက် တကယ့်ကို ကောင်းမွန်တဲ့ သမီးလိမ္မာလေးတစ်ယောက်အဖြစ် ရှိခဲ့ပါတယ်။ အမကြီးအမိရာဆိုသလို မိသားစုအတွက် မားမားမတ်မတ်ရပ်တည်ပေးပြီး မိဘနှစ်ပါးစလုံးကိုလည်း စိတ်ချမ်းသာအောင် ထားပေးတတ်သူ မျိုးပါ။ ဒီနေ့မှာလည်း မိဘနှစ်ပါးအတွက် သူမ လုပ်ပေးချင်တဲ့ အိမ်တစ်လုံးကို ဆောက်ပေးနိုင်ခဲ့ တဲ့အကြောင်းကို ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

မြန်မာဆန်ဆန်လေးတွေပဲဝတ်လာတော့တဲ့ ဘေဘီက သူမရဲ့ပုံရိပ်လေးတွေကို ” တော်တော် များများအခက်ခဲတွေဖြစ်နေချိန် ကျမလည်းအခက်ခဲများစွာရှိပါတယ် ကျမမိဘတွေကို အိမ်ကြီး ကြီးလေးဆာက်ပေးချင်တဲ့ဆန္နလေးပြည့်ခဲ့ပေမယ့် ဘဝကအရှည်ကြီး ဆက်သွားရမှာမို့ ဆက်ပြီး ကြိုးစားရအုံးမယ်လေမိသားစုအတွက်ပေါ့ တစ်ခါတလေလဲကျလိုက် ပြန်ထလိုက်နဲ့ပေါ့ ” ဆိုပြီး ဝေမျှထားခဲ့ ပါတယ်။

ဆန္ဒလေးပြည့်ဝသွားတဲ့အကြောင်းကို ” မိဘအတွက်လိုအပ်တာဖြည့်စည်းပေးရတာလောက် ကြည်နူးဖို့ကောင်းတာမရှိဘူး ” ဆိုပြီး ပြောပြခဲ့ပါတယ်။ မိဘအပေါ်မှာ အမြဲသိတတ်ပြီး မိဘတွေကိုစိတ်ချမ်းသာအောင် အမြဲထားနိုင်တဲ့ သမီးကြီးအတွက် ဘေဘီ့ရဲ့ မိဘတွေ လည်း ဂုဏ်ယူနေမှာအသေအချာပါပဲ။

Happy – Cele Zone
Photo – Baby Maung

(ဇော်ဂျီဖြင့်ဖတ်ရန်)

မိဘေတြအတြက္ အိမ္ႀကီးအိမ္ေကာင္းတစ္လုံးေဆာက္ေပးႏိုင္ခဲ့လို႔ ေက်နပ္ပီတိျဖစ္ေနတဲ့ ေဘဘီေမာင္

ေမာ္ဒယ္သ႐ုပ္ေဆာင္ေဘဘီေမာင္ကေတာ့ သူမရဲ႕မိဘေတြအတြက္ တကယ့္ကို ေကာင္းမြန္ တဲ့ သမီးလိမၼာေလး တစ္ေယာက္အျဖစ္ရွိခဲ့ပါတယ္။ အမႀကီးအမိရာဆိုသလို မိသားစုအတြက္ မားမားမတ္မတ္ရပ္တည္ေပးၿပီး မိဘႏွစ္ပါးစလုံးကိုလည္း စိတ္ခ်မ္းသာေအာင္ထားေပးတတ္သူ မ်ိဳးပါ။ ဒီေန႔မွာလည္း မိဘႏွစ္ပါးအတြက္ သူမ လုပ္ေပးခ်င္တဲ့ အိမ္တစ္လုံးကို ေဆာက္ေပးႏိုင္ခဲ့ တဲ့အေၾကာင္းကို ရင္ဖြင့္ေျပာၾကားခဲ့ပါတယ္။

ျမန္မာဆန္ဆန္ေလးေတြပဲဝတ္လာေတာ့တဲ့ ေဘဘီက သူမရဲ႕ပုံရိပ္ေလးေတြကို ” ေတာ္ေတာ္ မ်ားမ်ားအခက္ခဲေတြျဖစ္ေန ခ်ိန္ က်မလည္းအခက္ခဲမ်ားစြာရွိပါတယ္ က်မမိဘေတြကို အိမ္ႀကီး ႀကီးေလးဆာက္ေပးခ်င္တဲ့ဆႏၷေလးျပည့္ခဲ့ေပမယ့္ ဘဝက အရွည္ႀကီးဆက္သြားရမွာမို႔ ဆက္ၿပီး ႀကိဳးစားရအုံးမယ္ေလမိသားစုအတြက္ေပါ့ တစ္ခါတေလလဲက်လိုက္ ျပန္ထလိုက္နဲ႔ေပါ့ ” ဆိုၿပီး ေဝမွ်ထားခဲ့ပါတယ္။

ဆႏၵေလးျပည့္ဝသြားတဲ့အေၾကာင္းကို ” မိဘအတြက္လိုအပ္တာျဖည့္စည္းေပးရတာေလာက္ ၾကည္ႏူးဖို႔ေကာင္း တာမရွိဘူး ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။ မိဘအေပၚမွာ အျမဲသိတတ္ျပီး မိဘေတြကိုစိတ္ခ်မ္းသာေအာင္ အျမဲထားႏိုင္တဲ့ သမီး ၾကီးအတြက္ ေဘဘီ့ရဲ႕မိဘေတြလည္း ဂုဏ္ယူေနမွာအေသအခ်ာပါပဲ။

Happy – Cele Zone
Photo – Baby Maung