ပွဲပါမစ်ရပေမယ့် ပရိသတ်တွေကိုမထိခိုက်စေချင်လို့ မဖျော်ဖြေတော့ဘူးဆိုတဲ့ လွှမ်းပိုင်

Posted on

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်နေကြတဲ့ Covid -19 ရောဂါကြောင့် မြန်မာပြည်မှာလည်း ပွဲလမ်းသဘင်အားလုံးကို ပိတ်သိမ်းထား ခဲ့တာဖြစ်ပါတယ်။ ဒီလိုဖြစ်နေတဲ့အချိန်ကျမှ ဗန်းမော်က ဖျော်ဖြေပွဲတစ်ခုဟာ ပွဲပါမစ်ရတာကြောင့် ဖျော်ဖြေပွဲလုပ်တဲ့အပေါ် လွှမ်းပိုင် တစ်ယောက် မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ ဘယ်လိုပဲပါမစ်ရတယ်ဆိုဦးတော့ ဒီလိုရောဂါပိုးတွေ ပြန့်ပွားနိုင်တဲ့ပွဲမျိုးကို မဖျော်ဖြေနိုင်ဘူး လို့ဆိုပါတယ်။

ဒီအကြောင်းကို ” ဗန်းမော်မှာဖျော်ဖြေပွဲကဘာလို့လုပ်လို့ရနေသေးတာလဲ ဒီလောက် တစ်လောက လုံး Lock Down တွေလုပ်နေတာ တောင် မြန်မာပြည်မှာကတော့ပွဲပါမစ်ရတယ် ဆိုတဲ့ဟာနဲ့ လာကြည့်မဲ့ပရိတ်သတ်တွေ ဖျော်ဖြေမဲ့သူတွေရဲ့ကျန်းမာရေး| အသက် အန္တရယ်နဲ့ လဲလှယ်ပေးရ မလာ????? ကျွန်တော်တော့ ကွျှန်တော့်ပရိတ်သတ်တွေကို အဆိပ်ခပ်မဲ့သူမဖြစ်လိုပါ ”

” ဒါကြောင့်ဗန်းမော်မှာ ဖျော်ဖြေပွဲကို ကျွန်တော်လာရောက်မဖျော်ဖြေနိုင်ပါ။ စရံပြန်ပေးပါမည် (သို့မဟုတ်) အစိုးရကပွဲကျင်းပခွင့်ပြု သည်ဟုကြေငြာပြီးနောက် ကြိုက်တဲ့ရက်ပွဲလုပ်ပါ ပြန်ဆို ပေးပါမည်) ယခုတော့မဆိုနိုင်ပါ။ မဖြစ်ခင်ကြိုတင်ကာကွယ်ပါ တာဝန်ရှိသူ များ တာဝန်အပြည့် ယူကြပါ။ မြန်မာပြည်ကြီးအေးချမ်းပါစေလို့ဆုတောင်းရင်း ” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဂရုစိုက်ပါနော်။

Happy – Cele Zone
Photo – Hlwan Paing

(ဇော်ဂျီဖြင့်ဖတ်ရန်)



ဒီအကြောင်းကို ” ဗန်းမော်မှာဖျော်ဖြေပွဲကဘာလို့လုပ်လို့ရနေသေးတာလဲ ဒီလောက် တစ်လောက လုံး Lock Down တွေလုပ်နေတာတောင် မြန်မာပြည်မှာကတော့ပွဲပါမစ်ရတယ် ဆိုတဲ့ဟာနဲ့ လာကြည့်မဲ့ပရိတ်သတ်တွေ ဖျော်ဖြေမဲ့သူတွေ ရဲ့ကျန်းမာရေး|အသက်အန္တရယ်နဲ့ လဲလှယ်ပေးရ မလာ????? ကျွန်တော်တော့ ကျွှန်တော့်ပရိတ်သတ်တွေကို အဆိပ်ခပ် မဲ့သူမဖြစ်လိုပါ ”


Happy – Cele Zone
Photo – Hlwan Paing