အမျိုးသားထုကြီးတစ်ခုလုံး အသည်းတယားယားဖြစ်နေတဲ့ မအေးသောင်းရဲ့ Tik Tok ဗီဒီယိုအသစ်

Posted on

လုံးကြီးပေါက်လှအပျိုကြီးမမ မအေးသောင်းတစ်ယောက် သူမရဲ့ရင်ခုန်ချင်စရာ Tik Tok လေးတွေကို လူမှုကွန်ယက်မှာအမြဲလိုလို တင်လေ့ရှိပြီး တင်လိုက်တိုင်းမှာလည်း အမျိုးသားထု ကြီးရဲ့ အပြတ်အသတ်ဝန်းရံမှုကို ရရှိနေသူတစ်ယောက်ပါ။ အသက်သုံးဆယ် ကျော်အရွယ် တည်ငြိမ်ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လှပမှုတွေအားလုံးကို မအေးသောင်းဆီမှာ မြင်တွေ့ရပါတယ်။

မြန်မာဝတ်စုံလေးတွေကိုသဘောတကျဝတ်တတ်ပြီး ကိုယ်တိုင်လည်း ပိုးထည်ဆိုင်လေး တစ်ထည် ဖွင့်လှစ်ထားပါသေးတယ်။ လုံးကြီးပေါက်လှခန္ဓာကိုယ်လေးက မြန်မာဝတ်စုံလေး တွေနဲ့ အရမ်းကိုလိုက်ဖက်ပြီး ဆွဲဆောင်မှုရှိလွန်းနေခဲ့ပါတယ်။ Tik Tok တိုင်းမှာလိုလို သူမရဲ့ဆံနွယ်ရှည်ကြီးကို အလှပဆုံးပင့်သပ်တင်လိုက်ပုံက ရင်ခုန်စရာပါ။

ဒီတစ်ခေါက်မှာလည်း အားလုံးသဘောတကျရှိခဲ့တဲ့ အဆိုတော်တွင်ကယ်ရဲ့ ” ရှင်နော် ” သီချင်း လေးနဲ့ Tik Tok ဆော့ထားတာပဲဖြစ်ပါ တယ်။ သီချင်းလေးက ကိုယ်တစ်ဖက်သတ် ချစ်နေရတဲ့ အမျိုးသားလေးကိုစောင်းဆိုထားသလိုပုံစံလေးမို့ ချစ်စရာပါပဲ။ Tik Tok ထဲမှာ လက်ညိုးလေးထိုးပြီး ခပ်နွဲ့နွဲ့လေးပြုံးလိုက်တဲ့ မအေးသောင်းရဲ့ပုံစံလေးကတော့ တကယ်ကို မမေ့နိုင်စရာပါပဲ။

Happy – Cele Zone
Photo – Aye Thaung

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Aye Thaung