အောင်ဘာလေထီဆုကို ကံထူးသွားခဲ့တဲ့ မိုးယုစံ

Posted on

အောင်ဘာလေထီဆုဆိုတာ နိုင်ငံသားတိုင်းကံထူးချင်တဲ့အရာတစ်ခုပါ။ ဆုကသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ထီပေါက်တယ်ဆိုရင် တော့ အားလုံးကဝမ်းသာအားရပါပဲ။ မိုးယုတစ်ယောက် လည်း ထီဆုကို ကံထူးသွားလို့ပျော်ရွှင်နေခဲ့ပြီး ဆုယူနေတဲ့ပုံလေးကို သူမရဲ့ လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အသေးလေးကံထူးပြီးပြီဆိုတော့ နောက်တစ်ခေါက်တော့ ဆုကြီးပဲပေါ့နော်။

အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေသိပ်မတွေ့ရပေမယ့် နှင်းဆီအငြိမ့်မှာတော့ မင်းသမီးအဖြစ်နဲ့ ကပြဖျော်ဖြေခဲ့ပါ သေးတယ်။ ချစ်စရာသားလေးကို အချိန်တွေပေးနေရလို့ အနုပညာအလုပ်တွေကိုတောင် အပျိုတုန်းကလို အချိန်မပေးနိုင်တော့ဘူး။ ပျော်စရာမိသားစုလေးမှာ သမီးလေးတစ်ယောက်ထပ်လိုချင်ပေမယ့် လတ်တလောမှာတော့ သားလေးကိုပဲ ဦးစားပေးပြီး ပြုစုနေခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့သားလေးကိုပိုင်ဆိုင်နိုင်ခဲ့လို့ ကံကောင်းခြင်းတွေလည်းရောက်လာတာထင်ပါ ရဲ့နော်။ ထီဆုထုတ်ယူနေတဲ့ ပုံရိပ်လေး ကို ” ဒီတစ်ခါ ထီထိုးတာ ပိုက်ဆံမပေးရဘူး ထီ‌ရောင်းတဲ့ သူဆီက‌‌ေနပြန်တောင်ရလိုက်သေး ” ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ နောက်ထပ်ဆုအကြီးကြီးကံထူးပါစေမိုးယုရေ။

Happy – Cele Zone
Photo – Moe Yu San

(ဇော်ဂျီဖြင့်ဖတ်ရန်)

ေအာင္ဘာေလထီဆုကို ကံထူးသြားခဲ့တဲ့ မိုးယုစံ

ေအာင္ဘာေလထီဆုဆိုတာ ႏိုင္ငံသားတိုင္းကံထူးခ်င္တဲ့အရာတစ္ခုပါ။ ဆုကေသးသည္ျဖစ္ေစ ႀကီးသည္ျဖစ္ေစ ထီေပါက္တယ္ဆိုရင္ေတာ့ အားလုံးကဝမ္းသာအားရပါပဲ။ မိုးယုတစ္ေယာက္ လည္း ထီဆုကို ကံထူးသြားလို႔ေပ်ာ္႐ႊင္ေနခဲ့ၿပီး ဆုယူေနတဲ့ပုံေလးကို သူမရဲ႕လူမႈကြန္ယက္မွာ ေဝမွ်လိုက္တာပဲျဖစ္ပါတယ္။ အေသးေလးကံထူးၿပီးၿပီဆိုေတာ့ ေနာက္တစ္ေခါက္ေတာ့ ဆုႀကီးပဲေပါ့ေနာ္။

အိမ္ေထာင္ျပဳၿပီးေနာက္ပိုင္း အႏုပညာလႈပ္ရွားမႈေတြသိပ္မေတြ႕ရေပမယ့္ ႏွင္းဆီအၿငိမ့္မွာေတာ့ မင္းသမီးအျဖစ္နဲ႔ ကျပေဖ်ာ္ေျဖခဲ့ပါေသးတယ္။ ခ်စ္စရာသားေလးကို အခ်ိန္ေတြေပးေနရလို႔ အႏုပညာအလုပ္ေတြကိုေတာင္ အပ်ိဳတုန္းကလို အခ်ိန္မေပးႏိုင္ေတာ့ဘူး။ ေပ်ာ္စရာမိသားစုေလးမွာ သမီးေလးတစ္ေယာက္ထပ္လိုခ်င္ေပမယ့္ လတ္တေလာမွာေတာ့ သားေလးကိုပဲ ဦးစားေပးၿပီးျပဳစုေနခဲ့ပါတယ္။

ခ်စ္စရာေကာင္းတဲ့သားေလးကိုပိုင္ဆိုင္ႏိုင္ခဲ့လို႔ ကံေကာင္းျခင္းေတြလည္းေရာက္လာတာထင္ပါ ရဲ႕ေနာ္။ ထီဆုထုတ္ယူေနတဲ့ပုံရိပ္ေလးကို ” ဒီတစ္ခါ ထီထိုးတာ ပိုက္ဆံမေပးရဘူး ထီ‌ေရာင္းတဲ့ သူဆီက‌‌ေနျပန္ေတာင္ရလိုက္ေသး ” ဆိုၿပီး လူမႈကြန္ယက္မွာ ေဝမွ်ထားတာပဲ ျဖစ္ပါတယ္။ ေနာက္ထပ္ဆုအႀကီးႀကီးကံထူးပါေစမိုးယုေရ။

Happy – Cele Zone
Photo – Moe Yu San