ဗမာစကားမကျွမ်းကျင်ပေမယ့် (၂၄) ပစ္စည်းကို အလွတ်ကျက်နိုင်ခဲ့တဲ့ စမိုင်းလ်ရဲ့သမီးလေးတွေ

Posted on

နိုင်ငံခြားမှာကျောင်းတက်နေကြတဲ့ စမိုင်းလ်ရဲ့သမီးလေးနှစ်ယောက်ဟာ ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင်မပြောတတ်သေးပါဘူး။ မိဘနှစ်ပါးဆီက သင်ယူနေဆဲဖြစ်ပြီး အင်တာဗျူးတွေမှာလည်း ဗမာစကားကိုကြိုးစားပြီးဖြေနေပုံလေးတွေက ချစ်ဖို့ကောင်းတာမို့ ပရိသတ်တွေကလည်း သဘောကျနေခဲ့ပါတယ်။ ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးတဲ့ မိဘတွေရဲ့ သမီးလေးတွေဖြစ်တာမို့ မိဘတွေရဲ့ပုံစံလေးအတိုင်း စကားပြောတာကအစ ချိုသာယဉ်ကျေးသူလေးတွေပါ။

ဒီလိုလိမ္မာတဲ့သမီးလေးတွေဟာ မေမေ့ရဲ့အကောင်းမွန်ဆုံး ဆုံးမသွန်သင်မှုအောက်မှာ ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းခဲ့ပြီး ဗမာစကား ကျွမ်းကျင်စွာမပြောတတ်သေးတာတောင် (၂၄) ပစ္စည်း ပဌာန်းအကျဉ်းကို ညီမနှစ်ယောက် မျက်နှာချင်းဆိုင်ပြီး ပြိုင်တူရွတ်နေတဲ့ ဗီဒီယိုလေးကို စမိုင်းလ်က သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။

ဗမာစာကိုသေချာမဖတ်တတ်သေးတာမို့ (၂၄) ပစ္စည်းရဲ့ အသံထွက်တွေကို မြန်းဂလိလို ရေးမှတ်ပြီး ကျက်ခဲ့တဲ့ သမီးလိမ္မာလေး နှစ်ယောက်ရဲ့ကြိုးစားမှုကြောင့် မေမေစမိုင်းလ်ကတော့ ပျော်ရွှင်မဆုံးပါပဲ။ ဘာသာတရားလည်းကိုင်းရှိုင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးနှစ်ယောက် ကို ပိုင်ဆိုင်ထားတဲ့ ဖေဖေနဲ့မေမေကတော့ တကယ့်ကိုကံကောင်းတာပဲနော်။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

ဗမာစကားမကြၽမ္းက်င္ေပမယ့္ (၂၄) ပစၥည္းကို အလြတ္က်က္ႏိုင္ခဲ့တဲ့ စမိုင္းလ္ရဲ႕သမီးေလးေတြ

ႏိုင္ငံျခားမွာေက်ာင္းတက္ေနၾကတဲ့ စမိုင္းလ္ရဲ႕သမီးေလးႏွစ္ေယာက္ဟာ ဗမာစကားကို ကြၽမ္းကြၽမ္းက်င္က်င္မေျပာတတ္ေသးပါဘူး။ မိဘႏွစ္ပါးဆီက သင္ယူေနဆဲျဖစ္ၿပီး အင္တာဗ်ဴးေတြမွာလည္း ဗမာစကားကိုႀကိဳးစားၿပီးေျဖေနပုံေလးေတြက ခ်စ္ဖို႔ေကာင္းတာမို႔ ပရိသတ္ေတြကလည္း သေဘာက်ေနခဲ့ပါတယ္။ ဘာသာတရားကိုင္းရႈိင္းၿပီး ယဥ္ေက်းတဲ့ မိဘေတြရဲ႕ သမီးေလးေတြျဖစ္တာမို႔ မိဘေတြရဲ႕ပုံစံေလးအတိုင္း စကားေျပာတာကအစ ခ်ိဳသာယဥ္ေက်းသူေလးေတြပါ။

ဒီလိုလိမၼာတဲ့သမီးေလးေတြဟာ ေမေမ့ရဲ႕အေကာင္းမြန္ဆုံး ဆုံးမသြန္သင္မႈေအာက္မွာ ဗုဒၶဘာသာကို ကိုင္းရႈိင္းခဲ့ၿပီး ဗမာစကားကြၽမ္းက်င္စြာမေျပာတတ္ေသးတာေတာင္ (၂၄) ပစၥည္း ပဌာန္းအက်ဥ္းကို ညီမႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ၿပီး ၿပိဳင္တူ႐ြတ္ေနတဲ့ ဗီဒီယိုေလးကို စမိုင္းလ္က သူမရဲ႕လူမႈကြန္ယက္မွာ ေဝမွ်လိုက္တာပဲျဖစ္ပါတယ္။

ဗမာစာကိုေသခ်ာမဖတ္တတ္ေသးတာမို႔ (၂၄) ပစၥည္းရဲ႕ အသံထြက္ေတြကို ျမန္းဂလိလို ေရးမွတ္ၿပီး က်က္ခဲ့တဲ့ သမီးလိမၼာေလးႏွစ္ေယာက္ရဲ႕ႀကိဳးစားမႈေၾကာင့္ ေမေမစမိုင္းလ္ကေတာ့ ေပ်ာ္႐ႊင္မဆုံးပါပဲ။ ဘာသာတရားလည္းကိုင္းရႈိင္းၿပီး လိမၼာေရးျခားရွိတဲ့ သမီးေလးႏွစ္ေယာက္ ကို ပိုင္ဆိုင္ထားတဲ့ ေဖေဖနဲ႔ေမေမကေတာ့ တကယ့္ကိုကံေကာင္းတာပဲေနာ္။

Happy – Cele Zone
Photo – Smile