မွေးနေ့မှာစိတ်ချမ်းသာအောင်ထားတဲ့ချစ်သူလေးကြောင့် အရမ်းကိုပျော်ရွှင်ခဲ့ရတဲ့ ခိုင်နှင်းဝေ

Posted on

ကလေးတို့မေမေခိုင်နှင်းဝေကတော့ သူမကိုအရမ်းဂရုစိုက်ပြီးချစ်ပေးတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားတာမို့ အချစ်ရေးသောကတွေနဲ့ ကင်းဝေးပြီး ကိုယ်ဝါသနာပါတဲ့အလုပ်တွေကို အကောင်းမွန်ဆုံး လုပ်ကိုင်နိုင်နေတာပဲဖြစ်ပါတယ်။ ကိုယ့်အပေါ်မှာနားလည်ပေးပြီး ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ကူညီဆောင်ရွက်ပေးတဲ့ ချစ်သူမျိုးရထားတာ တကယ့်ကို ကံကောင်းခြင်းပဲနော်။

ပြီးခဲ့တဲ့သူမရဲ့မွေးနေ့ရက်လေးမှာလဲ မွေးနေ့ပါတီကို ချစ်ခင်ရတဲ့သူတွေနဲ့အတူ ဖြတ်သန်းပြီး သူမရဲ့အချစ်ရဆုံးချစ်သူလေးက အနမ်းလေးခြွေထားတဲ့ပုံရိပ်လေးကို Facebook My Day မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ လိုက်ဖက်လွန်းတဲ့နှစ်ယောက်သားကတော့ နေနဲ့လ ရွှေနဲ့မြပါပဲ။ အတူတူမကြာခဏဆိုသလို ခရီးတွေလည်းသွားပြီး ပျော်စရာအချိန်တွေကို ကုန်ဆုံးတတ်တဲ့ ပါရမီဖြည့်ဖက် ကောင်းကို ပိုင်ဆိုင်ထားတဲ့ ကလေးတို့မေမေကတော့ ပျော်မဆုံးပါပဲ။

မွေးနေ့မှာပျော်ရွှင်ခဲ့ရတဲ့ အခိုက်အတန့်လေးတွေကို ” မနေ့ညက မွေးနေ့ပွဲလေး အရမ်းပျော်ခဲ့ရ ပါတယ် မွေးနေ့မှာ စိတ်ချမ်းသာအောင် ထားပေးသလို နှစ်တိုင်းလဲ အသက်ရှင်နေသမျှ မွေးနေ့ ကို တူတူဖြတ်သန်းချင်တယ် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ရွှေရောင်ဝတ်စုံ လေးနဲ့ လှရက်နိုင်လွန်းတဲ့ကလေးတို့မေမေဟာ အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ကို နုပျိုလွန်းနေတာတော့ ပုံလေးတွေက သက်သေ ပါပဲ။

Happy – Cele Zone
Photo – Khine Hnin Wai

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Khine Hnin Wai