အားလုံးထိတ်လန့်နေကြတဲ့ ရောဂါပိုးတွေကြောင့် သမီးလေးတွေကို ကျောင်းပေးမသွားတော့ပဲ အိမ်မှာပဲထားတော့မယ်ဆိုတဲ့ မေမေချစ်သုဝေ

Posted on

လတ်တလောအားလုံးထိတ်လန့်နေကြတဲ့ Covid -19 ကပ်ရောဂါဆိုးကြီးဟာ တစ်ကမ္ဘာလုံးကို အကြီးအကျယ်ခြိမ်းခြောက်နေဆဲပါ။ လူထူထပ်တဲ့နေရာတွေကိုမသွားဖို့နဲ့ မကြာခဏဆိုသလို လက်ကိုသန့်စင်ပေးဖို့လိုအပ်ပြီး မဖြစ်မနေအပြင်သွားရမယ်ဆိုရင်လည်း Mask လေး အုပ်ပြီးမှ သွားသင့်တဲ့အကြောင်းကို ကျန်းမာရေးအသိပညာမျှဝေသူတွေက အမြဲပြောလေ့ရှိပါတယ်။ ပွဲတော်တွေအားလုံးလည်း ပိတ်သိမ်းလိုက်ပြီး မကြာခင်ရောက်လာမယ့် အတာသင်္ကြန်မှာလည်း မဏ္ဍပ်ကြီးတွေလုပ်ခွင့်ကို ပိတ်သိမ်းခဲ့ပါတယ်။

စာသင်ကျောင်းတွေလည်းပိတ်ပေးဖို့လိုအပ်ပြီး တာဝန်ရှိသူတွေကလည်း ကဏ္ဍပေါင်းစုံအတွက် အချိန်နဲ့တပြေးညီ အကောင်းဆုံး ဆုံးဖြတ်ချက်တွေချမှတ်နေတာကိုလည်းတွေ့ရပါတယ်။ ရုပ်ရှင်ရုံတွေလည်းပိတ်သိမ်းတော့မှာဖြစ်ပြီး စာသင်ကျောင်းတွေလည်း ပိတ်သိမ်းဖို့ကို အားလုံးကမျှော်လင့်နေခဲ့ကြပါတယ်။

အားလုံးစိုးရိမ်ကြတဲ့ရောဂါမို့ မေမေထရီဇာတစ်ယောက် ” သမီး​လေး​တွေကို ​မနက်ဖြန်ကစပြီး ကျောင်းမပို့​တော့ဘူး Toddler တန်းမို့ စာသင်ရတာလည်းမဟုတ် ကစားရတာ​တွေပဲမို့ ဘာ risk မှ မယူချင်ဘူး​လေ​နော် International school​တွေကျောင်းပိတ်ဖို့ official letter ထွက်တဲ့ထိ လည်း မ​စောင့်နိုင်တော့ပါဘူး တစ်ခုခုဖြစ်မှရင်ကျိုး​နေရမယ် အောင်မ​လေး​နော် ဘယ်မှလည်း မထွက်ရဲ​တော့ အိမ်မှာ​သောင်းကျန်းသမျှ ထိန်း​ပေဦး​တော့ ​မေ​မေTre ” ဆိုပြီး သူမရဲ့ခံစားချက် တစ်ချို့ကို ပြောပြခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ဂရုစိုက်ကြပါ နော်။

Happy – Cele Zone
Photo – Chit Thu Wai

(ဇော်ဂျီဖြင့်ဖတ်ရန်)

အားလုံးထိတ္လန႔္ေနၾကတဲ့ ေရာဂါပိုးေတြေၾကာင့္ သမီးေလးေတြကို ေက်ာင္းေပးမသြားေတာ့ပဲ အိမ္မွာပဲထားေတာ့မယ္ဆိုတဲ့ ေမေမခ်စ္သုေဝ

လတ္တေလာအားလုံးထိတ္လန႔္ေနၾကတဲ့ Covid -19 ကပ္ေရာဂါဆိုးႀကီးဟာ တစ္ကမာၻလုံးကို အႀကီးအက်ယ္ၿခိမ္းေျခာက္ ေနဆဲပါ။ လူထူထပ္တဲ့ေနရာေတြကိုမသြားဖို႔နဲ႔ မၾကာခဏဆိုသလို လက္ကိုသန႔္စင္ေပးဖို႔လိုအပ္ၿပီး မျဖစ္မေနအျပင္သြားရမယ္ ဆိုရင္လည္း Mask ေလး အုပ္ၿပီးမွ သြားသင့္တဲ့အေၾကာင္းကို က်န္းမာေရးအသိပညာမွ်ေဝသူေတြက အၿမဲေျပာေလ့ရွိပါ တယ္။ ပြဲေတာ္ေတြအားလုံးလည္း ပိတ္သိမ္းလိုက္ၿပီး မၾကာခင္ေရာက္လာမယ့္ အတာသၾကၤန္မွာလည္း မ႑ပ္ႀကီးေတြ လုပ္ခြင့္ကို ပိတ္သိမ္းခဲ့ပါတယ္။

စာသင္ေက်ာင္းေတြလည္းပိတ္ေပးဖို႔လိုအပ္ၿပီး တာဝန္ရွိသူေတြကလည္း က႑ေပါင္းစုံအတြက္ အခ်ိန္နဲ႔တေျပးညီ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ေတြခ်မွတ္ေနတာကိုလည္းေတြ႕ရပါတယ္။ ႐ုပ္ရွင္႐ုံေတြလည္းပိတ္သိမ္းေတာ့မွာျဖစ္ၿပီး စာသင္ေက်ာင္းေတြလည္း ပိတ္သိမ္းဖို႔ကို အားလုံးကေမွ်ာ္လင့္ေနခဲ့ၾကပါတယ္။

အားလုံးစိုးရိမ္ၾကတဲ့ေရာဂါမို႔ ေမေမထရီဇာတစ္ေယာက္ ” သမီး​ေလး​ေတြကို ​မနက္ျဖန္ကစၿပီး ေက်ာင္းမပို႔​ေတာ့ဘူး Toddler တန္းမို႔စာသင္ရတာလည္းမဟုတ္ ကစားရတာ​ေတြပဲမို႔ ဘာ risk မွ မယူခ်င္ဘူး​ေလ​ေနာ္ International school ​ေတြေက်ာင္းပိတ္ဖို႔ official letter ထြက္တဲ့ထိ လည္း မ​ေစာင့္ႏိုင္ေတာ့ပါဘူး တစ္ခုခုျဖစ္မွရင္က်ိဳး​ေနရမယ္ ေအာင္မ​ေလး​ေနာ္ ဘယ္မွလည္း မထြက္ရဲ​ေတာ့ အိမ္မွာ​ေသာင္းက်န္းသမွ် ထိန္း​ေပဦး​ေတာ့ ​ေမ​ေမTre ” ဆိုၿပီး သူမရဲ႕ခံစားခ်က္ တစ္ခ်ိဳ႕ကို ေျပာျပခဲ့ပါတယ္။ ပရိသတ္ႀကီးလည္း ဂ႐ုစိုက္ၾကပါေနာ္။

Happy – Cele Zone
Photo – Chit Thu Wai