အကွက်ဆန်းလေးတွေနဲ့ ချစ်စရာကောင်းအောင် ကပြလိုက်တဲ့ ခြူးလေးရဲ့ Tiktok ဗီဒီယို

Posted on

ရုပ်ရှင်လောကမှာအောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ခြူးလေးက ချစ်စရာကောင်းတဲ့ အမူအယာလေးတွေနဲ့ ဖြူစင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိထားတဲ့ သူတစ်ဦးဖြစ်ပါတယ်။ တက်သစ်စအနုပညာရှင်တွေထဲမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်ခဏအတွင်းသိမ်းပိုက်နိုင်ခဲ့တဲ့ ခြူးလေးက သရုပ်ဆောင်ပိုင်းမှာ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ရုံသာမက ပျော်ပျော်နေတတ်ပြီး ပရိသတ်တွေနဲ့ တရင်းတနှီးနေတတ်သူလေးမို့ အားလုံးက အချစ်ပိုနေကြသူလေးပါ။

လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကို ရိုက်ကူးလျက်ရှိပြီး ပရိသတ်တွေအတွက် မတူညီတဲ့ ဇာတ်ကောင်ပုံစံအသစ်လေးတွေကို ကြည့်ရှူနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေတဲ့ ခြူးလေးကို မြင်တွေ့ရမှာပါ။ ရုပ်ရှင်ထဲမှာ ဇာတ်ကောင်နဲ့ ညီအောင်သရုပ်ဆောင်တတ်ပေမယ့် အပြင်မှာတော့ အမြဲ အခွီလေးတွေလုပ်ပြီး Tiktok‌လေးတွေဆော့တတ်တဲ့ ခြူးလေးရဲ့ ပုံစံလေးတွေကြောင့် အချစ်တွေပိုပြီး အားပေးချစ်ခင်သူများသူလေးပါ။

ယခုလည်း Grand Royal Signature ရဲ့အမိုက်စားကကွက်တွေကို ကိုယ်တိုင် စတိုင်အသစ်နဲ့ကပြပြီး ပရိသတ်တွေကို Challenge ခေါ်လိုက်တဲ့ ခြူးလေးရဲ့Tiktok ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။ စတိုင်လန်းလန်းလေးနဲ့ အားရပါးရ ကပြနေတဲ့ ခြူးလေးရဲ့ ဗီဒီယိုလေးက ကြည့်ရှူသူအများအပြားရှိခဲ့ပြီး ကချင်စိတ်တွေပေါ်လာအောင် ဆွဲဆောင်နေတဲ့ ဗီဒီယိုလေးပါ။ CeleZoneပရိသတ်ကြီးလည်း ခြူးလေးရဲ့ ကကွက်အဆန်းတွေကို ကြည့်ရင်း တခဏတာ ရယ်မောပျော်ရွှင်စေဖို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Source: Chue Chue

NORA:CeleZone

(Zawgyi ြဖင့်ဖတ်ရန်)



