Covid -19 ရောဂါမကူးအောင် နေထိုင်ရမယ့်အပြုအမူကို ဟာသဗီဒီယိုလေးနဲ့ တင်ဆက်လိုက်တဲ့ ခင်လှိုင်နဲ့ ကေညီ

Posted on

လက်ရှိကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ Covid – 19 ရောဂါနဲ့ပက်သက်ပြီး အားလုံးက ထိတ်လန့်နေကြတာမို့ မြန်မာနိုင်ငံမှာလည်း အထိမ်းအမှတ်ပွဲတော်တွေကိုပါ ရပ်နားလိုက်ပြီး လုံခြုံရတဲ့အခြေအနေတစ်ခုဖြစ်အောင် ဆောင်ရွက်နေဆဲကာလလည်းဖြစ်ပါတယ်။ ကောလဟာလတွေကိုမယုံကြပဲ ကျန်းမာရေးအသိရှိအောင် နိုင်ငံတော်က တရားဝင်ထုတ်ပြန် ထားတဲ့ သတင်းတွေကိုဖတ်ဖို့လည်း အားလုံးကတိုက်တွန်းနေခဲ့ပါတယ်။

မကြာခဏဆိုသလို လက်ကိုဆေးပေးဖို့လိုအပ်ပြီး အပြင်သွားရင်လည်း Mask အုပ်သွားဖို့ လိုအပ်တယ်ဆိုတဲ့သဘောလေးကို ဟာသလေးနှောပြီး ဝါရင့် ဟာသသရုပ်ဆောင်တွေဖြစ်တဲ့ ခင်လှိုင်နဲ့ ကေညီတို့နှစ်ယောက်က တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ တော့ ရောဂါကူးစက်ခံရသူတစ်ယောက်မှမရှိသေးပေမယ့် လျော့တွက်လို့မရတဲ့အခြေအနေမို့ အားလုံး ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့လိုအပ်ပါတယ်။

နှစ်ယောက်သားရဲ့ ဟာသဗီဒီယိုလေးကို ” ခုလိုအချိန်မျိုးမှာ ဘယ်လောက်ခင်မင်ပါစေ ဒီလိုလေး နှုတ်ဆက်မှတော်ကာကြမယ်ထင်တယ် လေ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ရယ်လဲရယ်ရသလို ဗဟုသုတလည်းရတာမို့ ပရိသတ်ကြီးလည်း ဗီဒီယိုထဲမှာပါတဲ့ အချက်လေးတွေကို လိုက်နာဖို့လိုတယ်နော်။

Happy – Cele Zone
Photo – Khin Hlaing

(ဇော်ဂျီဖြင့်ဖတ်ရန်)

Covid -19 ေရာဂါမကူးေအာင္ ေနထိုင္ရမယ့္အျပဳအမူကို ဟာသဗီဒီယိုေလးနဲ႔ တင္ဆက္လိုက္တဲ့ ခင္လႈိင္နဲ႔ ေကညီ

လက္ရွိကမာၻတစ္ဝွမ္းမွာ ျဖစ္ပြားေနတဲ့ Covid – 19 ေရာဂါနဲ႔ပက္သက္ၿပီး အားလုံးက ထိတ္လန႔္ေနၾကတာမို႔ ျမန္မာႏိုင္ငံမွာ လည္း အထိမ္းအမွတ္ပြဲေတာ္ေတြကိုပါ ရပ္နားလိုက္ၿပီး လုံၿခဳံရတဲ့အေျခအေနတစ္ခုျဖစ္ေအာင္ ေဆာင္႐ြက္ေနဆဲကာလ လည္းျဖစ္ပါတယ္။ ေကာလဟာလေတြကိုမယုံၾကပဲ က်န္းမာေရးအသိရွိေအာင္ ႏိုင္ငံေတာ္က တရားဝင္ထုတ္ျပန္ ထားတဲ့ သတင္းေတြကိုဖတ္ဖို႔လည္း အားလုံးကတိုက္တြန္းေနခဲ့ပါတယ္။

မၾကာခဏဆိုသလို လက္ကိုေဆးေပးဖို႔လိုအပ္ၿပီး အျပင္သြားရင္လည္း Mask အုပ္သြားဖို႔ လိုအပ္တယ္ဆိုတဲ့သေဘာေလးကို ဟာသေ လးေႏွာၿပီး ဝါရင့္ ဟာသသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ခင္လႈိင္နဲ႔ ေကညီတို႔ႏွစ္ေယာက္က တင္ဆက္ေပးထားတာပဲျဖစ္ပါတယ္။ လက္ရွိျမန္မာႏိုင္ငံမွာ ေတာ့ ေရာဂါကူးစက္ခံရသူတစ္ေယာက္မွမရွိေသးေပမယ့္ ေလ်ာ့တြက္လို႔မရတဲ့အေျခအေနမို႔ အားလုံး ကိုယ့္ကိုကိုယ္ဂ႐ုစိုက္ဖို႔လိုအပ္ပါတယ္။

ႏွစ္ေယာက္သားရဲ႕ ဟာသဗီဒီယိုေလးကို ” ခုလိုအခ်ိန္မ်ိဳးမွာ ဘယ္ေလာက္ခင္မင္ပါေစ ဒီလိုေလး ႏႈတ္ဆက္မွေတာ္ကာၾကမယ္ထင္တယ္ေလ ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ရယ္လဲရယ္ရသလို ဗဟုသုတလည္းရတာမို႔ ပရိသတ္ႀကီးလည္း ဗီဒီယိုထဲမွာပါတဲ့ အခ်က္ေလး ေတြကို လိုက္နာဖို႔လိုတယ္ေနာ္။

Happy – Cele Zone
Photo – Khin Hlaing