ကြည့်ရှုသူရှစ်သိန်းကျော်သွားခဲ့ပြီး အူတက်အောင်ရယ်နေရတဲ့ ဂျိုကာရဲ့ ဟာသဗီဒီယိုအသစ်

Posted on

ဟာသဗီဒီယိုလေးတွေ မကြာခဏရိုက်ကူးတတ်တဲ့ သရုပ်ဆောင်ဂျိုကာတစ်ယောက် ဒီတစ်ခေါက်မှာလည်း ခပ်ပြောင်ပြောင်ဗီဒီယိုလေး ကို လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ သီချင်းတွေတော်တော်များများမှာပါတဲ့ ” နေကောင်းရဲ့လား ” ဆိုတဲ့ စာသားလေးကို ပြန်လည် နောက်ပြောင်ထားတဲ့သဘောလေးမို့ ကြည့်ရှုသူတိုင်းရယ်မောမဆုံးဖြစ်ခဲ့ရပါတယ်။ ဟာသဇာတ်ရုပ်တွေမှာလည်း ပီပြင်ပိုင်နိုင်တာ ကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိထားသူတစ်ယောက်ပါ။

အဆိုတော်ရဲလေးနဲ့လည်း ညီကိုအရင်းတွေဖြစ်ကြပြီး ညီကိုနှစ်ယောက်အတူလည်း ဟာသဗီဒီယိုလေးတွေ လုပ်တတ်ကြပါသေးတယ်။ မကြာခင်မှာ ရုံတင်ပြသတော့မယ့် ” ကမ္ဘာကျော်ရုပ်ရှင် ” ဇာတ်ကားမှာလည်း လူသန်ကြီး Hulk အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ထားပါသေး တယ်။ ဟာသဇာတ်ရုပ်တွေနဲ့ အရမ်းလိုက်ဖက်ပြီး ပရိသတ်ကိုရယ်မောအောင် ဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိသူတစ်ယောက်ပါ။

ဒီဟာသ ဗီဒီယိုလေးကိုလည်း ” နေလို့ကောင်းပါတယ် ( သူတို့မေးတော့လည်း မေးတဲ့အတိုင်း ပြန်ဖြေပလိုက်တာပေါ့ ဟီးး ) ” ဆိုပြီး ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ အထပ်ထပ်အခါခါ ပြန်ကြည့် ချင်ပြီး ကြည့်တိုင်းလည်းရိုးမသွားပဲရယ်နေရတဲ့ ဗီဒီယိုလေးမို့ ပရိသတ်ကြီး အတွက် တင်ဆက် ပေးလိုက်တယ်နော်။ ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ။

Happy – Cele Zone
Photo – Wai Yan Tun Min

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Wai Yan Tun Min