ရင်ခုန်ကြည်နူးမှုအပြည့်နဲ့ အရမ်းတွေ Ro နေကြတဲ့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်း

Posted on

ဝိုင်းစုရဲ့ ” တရေးနိုးလောက ” သီချင်းလေးမှာ သူမရဲ့ချစ်သူ အောင်လ ကလည်း ဝင်ရောက် အားဖြည့်ထားတာပဲဖြစ်ပါတယ်။ တကယ့် ချစ်သူတွေဆိုတော့ သရုပ်ဆောင်တာပိုပြီး အသက်ဝင်တာပေါ့နော်။ နှစ်ယောက်သား ရိုဆန်ဆန်လေးနဲ့ သရုပ်ဆောင်ထားပြီး သူမတို့ နှစ်ယောက်ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို ဝိုင်းစုက ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ နှစ်ယောက်အတူ လက်တွဲခဲ့တာ အချိန်အတိုင်းအတာ တစ်ခုထိ ရောက်လာခဲ့ပြီဖြစ်လို့ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေကလည်း ပိုပြီးခိုင်မြဲလာခဲ့ပါတယ်။

ချစ်စရာရိုက်ကွင်းပုံရိပ်လေးတွေက တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်တယ်ဆိုတာကို စကားလုံးတွေနဲ့ဖော်ပြစရာမလိုပဲ ပေါ်လွင် နေခဲ့ပါတယ်။ သရုပ်ဆောင်နေတယ်ဆိုတာထက် ရင်ထဲက ခံစားရတဲ့အတိုင်း သရုပ်ဖော်ခဲ့ကြတဲ့ နှစ်ယောက်သားရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေဟာ မြင်ရတဲ့ပရိသတ်တွေကိုပါ ကြည်နူးစေလောက်ပါရဲ့။

သူမတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ” ဒါလေးက ဘယ်သီချင်းရဲ့ Music Video ရိုက်ထားတဲ့ ပုံလေးတွေလည်းလို့ မှန်အောင် ဖြေကြည့်နော် ” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါသေးတယ်။ ရှေ့သွားနောက်လိုက်ညီပြီး ခံယူမှု နားလည်မှုတွေ ထပ်တူကျတဲ့ ချစ်စရာစုံတွဲလေး သက်ဆုံးတိုင် အဆင်ပြေပါစေနော်။

Happy – Cele Zone
Photo – Wine Su Khine Thein

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone