လွန်ခဲ့တဲ့ (၇) နှစ်က မိသားစုသုံးယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးကို ထုတ်ပြလိုက်တဲ့ ခင်ဇာခြည်ကျော်
Posted on
Single Mother အဖြစ် ရဲရဲဝံ့ဝံ့ရပ်တည်ပြီး သားနဲ့သမီးကို လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ခင်ဇာခြည်ကျော်တစ်ယောက် လွန်ခဲ့တဲ့ (၇) နှစ်က သူမတို့သားမိသုံးယောက်ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှခဲ့ပါတယ်။ သားသမီးလေးတွေ အကောင်းမွန်ဆုံးကြီးပြင်းလာတာကိုမြင်ရတဲ့ မိဘတိုင်းရဲ့ ပီတိက ဆိုဖွယ်ရာမရှိပါဘူး။ အမေ့ခြေရာကို အပြည့်အဝနင်းမယ့် ကလေးတွေ ကတော့ အနုပညာလုပ်ငန်းတွေမှာလည်း အနည်းငယ်ပါဝင်လာခဲ့ပါတယ်။
သားဖြစ်သူ ဘုန်းမင်းနေလဟာဆိုရင်လည်း ပြီးခဲ့တဲ့နှစ် အကယ်ဒမီပွဲမှာ ရွှေကြိုမောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ စင်ကာပူမှာ ကျောင်းသွားတက်စဉ်က အမေနဲ့ခွဲရလို့ ငိုနေခဲ့တာကြောင့် ခင်ဇာခြည်ကျော်ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်ခဲ့ရတဲ့အကြောင်း ပြောခဲ့ပါသေးတယ်။ အခုတော့ တဖြည်းဖြည်းနဲ့ ပိုပြီးရင့်ကျက်လာတဲ့ သားလေးကိုကြည့်ပြီး မေမေကတော့ ပျော်မဆုံး မော်မဆုံးပါပဲ။
သူမတို့မိသားစုရဲ့ အမှတ်တရပုံရိပ်လေးကို ” လွန်ခဲ့သော ၇ နှစ်က သားမိ၃ ယောက် ပုံလေး ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ ကြည်နူးစရာ မိသားစုဘဂလေးဖြစ်ဖို့ ကိုယ့်ခွန်ကိုယ့်အားနဲ့ ရုန်းကန်နိုင်ပြီး သတ္တိရှိတဲ့အမျိုးသမီးတစ်ယောက်ကို မိခင်အဖြစ်နဲ့ ပိုင်ဆိုင် ခဲ့တဲ့ သားနဲ့သမီး ကတော့ အမြဲတမ်း ဂုဏ်ယူနေလောက်ပါရဲ့နော်။
Happy – Cele Zone
Photo – Khin Zar Chi Kyaw
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone
Photo – Khin Zar Chi Kyaw