မေမေလူးပေးတဲ့သနပ်ခါးလေးရဲ့ အသည်းတွေယားအောင် ချစ်စရာကောင်းလွန်းနေတဲ့ စန္ဒီမြင့်လွင်သမီးလေး ထရက်ရှာ

Posted on

မေမေစန္ဒီမြင့်လွင်နဲ့ တစ်ပုံစံတည်းတူတဲ့ သမီးလေး ထရက်ရှာကတော့ ပရိသတ်တွေရဲ့ အသည်း ကျော်လေးဖြစ်နေခဲ့ပါတယ်။ ချစ်ဖို့ ကောင်းတဲ့ လုံးတစ်လေးဟာ တစ်ဖြည်းဖြည်းနဲ့ ပိုပိုပြီး ချစ်စရာကောင်းလာခဲ့ပါတယ်။ ဒီနေ့မှာတော့ ဖေဖေ မေမေတို့ရဲ့ အသည်းကျော် လေး တစ်ယောက် သနပ်ခါးလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းလွန်းနေပါတယ်။ ကလေးတွေရဲ့ အပြုံးဟာ ကမ္ဘာပေါ်မှာ အအေးချမ်းဆုံးပါပဲ။

မြန်မာပြည်ရဲ့နွေဥတုဟာ တစ်နေ့တစ်ခြားပိုပိုပြီး ပူလာတာကြောင့် မျက်နှာပေါ်တင်ရင် အေးစိမ့်စိမ့်လေးနဲ့ နေလို့ကောင်းတဲ့ မြန်မာ့ရိုးရာ သနပ်ခါးလေးကို မေမေဒီးဒီက သမီးလေး ထရက်ရှာကို လူးပေးထားတာပဲဖြစ်ပါတယ်။ သနပ်ခါးလေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေတဲ့ ထရက်ရှာရဲ့ပုံရိပ်လေးတွေက မြင်သူတိုင်းအသည်းယားစေခဲ့ပါတယ်။

သနပ်ခါးလေးလူးထားလို့ ချစ်ဖို့ကောင်းနေတဲ့အပြင် သဘောတကျနဲ့ပြုံးနေတဲ့ အပြုံးလေးတွေ ဟာလည်း နွေဥတုရဲ့အပူကိုတောင် အံတုနိုင်လောက်အောင် အေးချမ်းလွန်းနေပါတယ်။ ချစ်သမီးလေးရဲ့ ပုံရိပ်လေးတွေကို ” အပူငြိမ်းပျောက်အေးချမ်းကြပါစေကြောင်း ” ဆိုပြီး မေမေဒီးဒီက ဝေမျှထားတာပဲဖြစ်ပါတယ်။ ချစ်လွန်းလို့ ဖက်နမ်းချင်နေပါပြီ အသည်းလေးရေ။

Happy – Cele Zone
Photo – Sandy Myint Lwin

(ဇော်ဂျီဖြင့်ဖတ်ရန်)





Happy – Cele Zone
Photo – Sandy Myint Lwin