ကလေးတွေ အေးအေးချမ်းချမ်းစာသင်နိုင်အောင် မူလတန်းကျောင်းဆောက်လုပ်လှူတန်းခဲ့တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

Posted on

စတင်တည်ထောင်ခဲ့တာ အချိန်တွေသိပ်မကြာသေးပေမယ့် တစ်နှစ်ဆိုတဲ့အတိုင်းအတာအတွင်း မှာ အလှူငွေ ကျပ်သိန်းပေါင်း (၁၆၀၀) ကျော် လက်ခံရရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ကလေးတွေကို အကူအညီအများကြီးပေးနိုင်ခဲ့ပါတယ်။ လှူတန်းသူ တွေရဲ့ အထောက်အပံ့တွေဟာ အကောင်းမွန်ဆုံး အကောင်အထည်ပေါ်လာခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်သွားတဲ့ ကလေးမိဘ တွေဟာလည်း ကျေးဇူးတင်မဆုံး ဝမ်းသာမဆုံးပါ။

ချစ်စရာကောင်းတဲ့ သမီးလေးခတ်နဲ့ သစ်တို့နှစ်ယောက်ရဲ့ နာမည်လေးကို အစွဲပြုပြီး ဖေဖေနဲ့ မေမေတို့က လူထုအကျိုးပြု ဖောင်ဒေးရှင်းလေးထူထောင်ခဲ့ပါတယ်။ ဒီဖောင်ဒေးရှင်းလေးဟာ အမှန်တကယ်ပဲ လိုအပ်နေသူတွေအတွက် အကြီးမားဆုံး အထောက်အပံ့ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင်လည်း စစ်ကိုင်းတိုင်း သရက်လှကျေးရွာမှာ ကလေးတွေ အေးအေးလူလူ စာသင်နိုင်အောင် ကျောင်းဆောင်သစ်လေး စတင်ဆောက်လုပ်နေပြီဖြစ်ပါတယ်။

ဒီလိုကြည်နူးစရာအလှူလေးကို ” (၇) ရက်သားသမီးစေတနာရှင်များနှင့် ခေတ်သစ်ဖောင်ဒေးရှင်းတို့ တည်ဆောက်လှူဒါန်းသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ သရက်လှကျေးရွာ မူလတန်းကျောင်းဆောင်အား စတင်ဆောက်လုပ်ပြီဖြစ်ပါ တယ်။ အနာဂတ်ရဲ့ ရင်သွေးငယ်များ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်စေရန် (၂၀၂၀-၂၀၂၁) ပညာသင်နှစ်အမှီဖွင့်လှစ်သွားမည် ဖြစ်ပါတယ်။ ” ဆိုပြီး ဝေမျှခဲ့ပါတယ်။

Happy – Cele Zone
Photo – ခေတ်သစ်ဖောင်ဒေးရှင်း

(ဇော်ဂျီဖြင့်ဖတ်ရန်)

ကေလးေတြ ေအးေအးခ်မ္းခ်မ္းစာသင္ႏိုင္ေအာင္ မူလတန္းေက်ာင္းေဆာက္လုပ္လႉတန္းခဲ့တဲ့ ေခတ္သစ္ေဖာင္ေဒးရွင္း

စတင္တည္ေထာင္ခဲ့တာ အခ်ိန္ေတြသိပ္မၾကာေသးေပမယ့္ တစ္ႏွစ္ဆိုတဲ့အတိုင္းအတာအတြင္း မွာ အလႉေငြ က်ပ္သိန္း ေပါင္း (၁၆၀၀) ေက်ာ္ လက္ခံရရွိခဲ့ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ လိုအပ္ေနတဲ့ ကေလးေတြကို အကူအညီအမ်ား ႀကီးေပးႏိုင္ခဲ့ပါတယ္။ လႉတန္းသူေတြရဲ႕ အေထာက္အပံ့ေတြဟာ အေကာင္းမြန္ဆုံး အေကာင္အထည္ေပၚ လာခဲ့ၿပီး က်န္းမာေရး ျပန္လည္ေကာင္းမြန္သြားတဲ့ ကေလးမိဘေတြဟာလည္း ေက်းဇူးတင္မဆုံး ဝမ္းသာမဆုံးပါ။

ခ်စ္စရာေကာင္းတဲ့ သမီးေလးခတ္နဲ႔ သစ္တို႔ႏွစ္ေယာက္ရဲ႕ နာမည္ေလးကို အစြဲျပဳၿပီး ေဖေဖနဲ႔ ေမေမတို႔က လူထုအက်ိဳးျပဳေဖာင္ေဒးရွင္းေလးထူေထာင္ခဲ့ပါတယ္။ ဒီေဖာင္ေဒးရွင္းေလးဟာ အမွန္တကယ္ပဲ လိုအပ္ေနသူေတြအတြက္ အႀကီးမားဆုံးအေထာက္အပံ့ျဖစ္လာခဲ့ပါတယ္။ အခုဆိုရင္လည္း စစ္ကိုင္းတိုင္း သရက္လွေက်း႐ြာမွာ ကေလးေတြ ေအးေအးလူလူ စာသင္ႏိုင္ေအာင္ ေက်ာင္းေဆာင္သစ္ေလး စတင္ေဆာက္လုပ္ေနၿပီျဖစ္ပါတယ္။

ဒီလိုၾကည္ႏူးစရာအလႉေလးကို ” (၇) ရက္သားသမီးေစတနာရွင္မ်ားႏွင့္ ေခတ္သစ္ေဖာင္ေဒးရွင္းတို႔ တည္ေဆာက္လႉဒါန္း သည့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ယင္းမာပင္ခ႐ိုင္၊ ပုလဲၿမိဳ႕နယ္၊ သရက္လွေက်း႐ြာ မူလတန္းေက်ာင္းေဆာင္အား စတင္ေဆာက္ လုပ္ၿပီျဖစ္ပါ တယ္။ အနာဂတ္ရဲ႕ ရင္ေသြးငယ္မ်ား ေအးခ်မ္းလုံၿခဳံစြာ ပညာသင္ၾကားႏိုင္ေစရန္ (၂၀၂၀-၂၀၂၁) ပညာသင္ႏွစ္ အမွီ ဖြင့္လွစ္သြားမည္ျဖစ္ပါတယ္။ ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။

Happy – Cele Zone
Photo – ေခတ္သစ္ေဖာင္ေဒးရွင္း