ကြိုးစားထားသမျှ နှမြောပေမယ့် ပရိသတ်တွေ ကျန်းမာရေးပဲဂရုစိုက်ပါဆိုတဲ့ စိုင်းစိုင်းခမ်းလိုင်

Posted on

လက်ရှိနိုင်ငံတွင်းမှာ Covid -19 ရောဂါနဲ့ပက်သက်ပြီး အရေးပေါ်အခြေအနေတွေထုတ်ပြန်ကာ လူစုလူဝေးလုပ်တာတွေကို တားမြစ် ကန့်သတ်ထားတာကြောင့် အားလုံးစိတ်ပူပြီး City Mart တွေမှာလည်း စုပြုံပြီးဈေးဝယ်ခဲ့ကြပါသေးတယ်။ ကောလဟာလ သတင်း အမှားတွေကို မယုံကြည်ကြဖို့နဲ့ အလွန်အကျွံစိုးရိမ်ပူပန်မှုမဖြစ်ဖို့ကိုလည်း အစိုးရက တရားဝင်ပြောခဲ့ပါသေးတယ်။ ဒီလိုအားလုံး ကန့်သတ်လိုက်တဲ့အထဲမှာ မြန်မာ့ရိုးရာ အတာသင်္ကြန်လည်းပါဝင်ခဲ့ပါတယ်။

ရုပ်ရှင်ရုံတွေမှာလည်း လာကြည့်သူတွေနည်းပါးသွားတာနဲ့ပက်သက်ပြီး စိုင်းစိုင်းက ” ရုပ်ရှင်ရုံတွေ ကို တခြားပွဲလမ်းတွေလိုပဲ တရားဝင် ပိတ်ပေးလိုက်ရင်ကောင်းမှာပဲ ဒီအခြေအနေ မှာ ကျနော့်ရုပ်ရှင်လာကြည့်ပါလို့လည်း ပရိသတ်ကို အတင်းမကြော်ငြာ မတိုက်တွန်းချင် ဘူး ပိတ်လိုက်ပြီး အခြေအနေကောင်းမှ အေးဆေးပြန်ပြခွင့်ရချင်မိတယ် အခုအတိုင်းကတော့ လူမရှိဘဲ ဆက်ပြ ပြီးရင်ဆင်းပေးရမယ် ပြန်ပြလို့မရတော့ပါ နောက်ပြမယ့်ကားတွေလည်း ဘယ်လိုလုပ်မယ်မသိဘူး ကျနော့် Birthday Show ဆိုရင် ရှင်းတယ် မလုပ်တော့ဘူး
တရားဝင်လည်းပိတ်တယ် ခွင့်မပြုဘူး အခြေအနေကောင်းမှ နောက်နှစ်မှ ပြန်လုပ်မယ် အခု ရုပ်ရှင်ကျတော့မပိတ်တဲ့အတွက် လူမရှိလည်းပြရပါတယ် နောက်ထပ်ပြန်ပြခွင့်မရှိတော့ပါဘူး ”

” ကျနော့် ပရိသတ်ကိုလည်း ကျန်းမာရေးကိုပဲ ဦးစားပေး ဂရုစိုက်စေချင်ပါတယ် ကြိုးစားထားသမျှ နှမျောတော့ နှမျောလှပေါ့ဗျာ ဒါပေမယ့် ရောဂါမကူးစက်ဖို့ ကာကွယ်ဖို့က နံပါတ်တစ် အရေးအကြီးဆုံးပါပဲ ကျနော့်ပရိသတ်တွေက ကျနော့်ထက်တောင် အကောင်း ကို တွေးပါသေးတယ် Covid 19 ဒီနှစ်မှပေါ်လာတာ တော်သေးတာပေါ့တဲ့ မနှစ်ကသာဆိုရင် စိုင်းစိုင်းရဲ့ သင်္ကြန်ကားတောင် ရိုက်ဖြစ်ခဲ့ မှာမဟုတ်ဘူးတဲ့ ဟုတ်သားပဲလို့ ပိတ်လို့ရရင် ပိတ်ပေးပါဗျာ ပြီးမှ အေးဆေးပြန်ပြခွင့်ရချင်ပါတယ် ( ကျနော်အများကြီးနားမလည်ပါဘူး ကိုယ့်ဆန္ဒကိုယ် ရိုးရိုးပဲ ပြောကြည့်တာပါ ကျနော်မှားတာရှိရင်လည်း ရှင်းပြပေးပါ ပြင်ပါ့မယ် ) ” ဆိုပြီး ရင်ဖွင့်ခဲ့ပါသေးတယ်။ ပြန်ပြခွင့် ရရင်တော့ ကောင်းတာပေါ့နော်။

Happy – Cele Zone
Photo – Sai Sai Kham Leng

(ဇော်ဂျီဖြင့်ဖတ်ရန်)

ႀကိဳးစားထားသမွ် ႏွေျမာေပမယ့္ ပရိသတ္ေတြ က်န္းမာေရးပဲဂ႐ုစိုက္ပါဆိုတဲ့ စိုင္းစိုင္းခမ္းလိုင္

လက္ရွိႏိုင္ငံတြင္းမွာ Covid -19 ေရာဂါနဲ႔ပက္သက္ၿပီး အေရးေပၚအေျခအေနေတြထုတ္ျပန္ကာ လူစုလူေဝးလုပ္တာေတြကို တားျမစ္ကန႔္သတ္ထားတာေၾကာင့္ အားလုံးစိတ္ပူၿပီး City Mart ေတြမွာလည္း စုၿပဳံၿပီးေဈးဝယ္ခဲ့ၾကပါေသးတယ္။ ေကာလ ဟာလ သတင္းအမွားေတြကို မယုံၾကည္ၾကဖို႔နဲ႔ အလြန္အကြၽံစိုးရိမ္ပူပန္မႈမျဖစ္ဖို႔ကိုလည္း အစိုးရက တရားဝင္ေျပာခဲ့ပါ ေသး တယ္။ ဒီလိုအားလုံးကန႔္သတ္လိုက္တဲ့အထဲမွာ ျမန္မာ့႐ိုးရာ အတာသၾကၤန္လည္းပါဝင္ခဲ့ပါတယ္။

႐ုပ္ရွင္႐ုံေတြမွာလည္း လာၾကည့္သူေတြနည္းပါးသြားတာနဲ႔ပက္သက္ၿပီး စိုင္းစိုင္းက ” ႐ုပ္ရွင္႐ုံေတြ ကို တျခားပြဲလမ္းေတြ လိုပဲ တရားဝင္ပိတ္ေပးလိုက္ရင္ေကာင္းမွာပဲ ဒီအေျခအေန မွာ က်ေနာ့္႐ုပ္ရွင္လာၾကည့္ပါလို႔လည္း ပရိသတ္ကို အတင္းမေ ၾကာ္ျငာ မတိုက္တြန္းခ်င္ဘူး ပိတ္လိုက္ၿပီး အေျခအေနေကာင္းမွ ေအးေဆးျပန္ျပခြင့္ရခ်င္မိတယ္ အခုအတိုင္းကေတာ့ လူမရွိဘဲ ဆက္ျပ ၿပီးရင္ဆင္းေပးရမယ္ ျပန္ျပလို႔မရေတာ့ပါ ေနာက္ျပမယ့္ကားေတြလည္း ဘယ္လိုလုပ္မယ္မသိဘူး က်ေနာ့္ Birthday Show ဆိုရင္ ရွင္းတယ္ မလုပ္ေတာ့ဘူး တရားဝင္လည္းပိတ္တယ္ ခြင့္မျပဳဘူး အေျခအေနေကာင္းမွ ေနာက္ႏွစ္မွ ျပန္လုပ္မယ္ အခု ႐ုပ္ရွင္က်ေတာ့မပိတ္တဲ့အတြက္ လူမရွိလည္းျပရပါတယ္ ေနာက္ထပ္ျပန္ျပခြင့္မရွိေတာ့ပါဘူး ”

” က်ေနာ့္ ပရိသတ္ကိုလည္း က်န္းမာေရးကိုပဲ ဦးစားေပး ဂ႐ုစိုက္ေစခ်င္ပါတယ္ ႀကိဳးစားထားသမွ် ႏွေမ်ာ ေတာ့ ႏွေမ်ာ လွေပါ့ဗ်ာ ဒါေပမယ့္ ေရာဂါမကူးစက္ဖို႔ ကာကြယ္ဖို႔က နံပါတ္တစ္ အေရးအႀကီးဆုံးပါပဲ က်ေနာ့္ပရိသတ္ေတြက က်ေနာ့္ထက္ ေတာင္ အေကာင္းကို ေတြးပါေသးတယ္ Covid 19 ဒီႏွစ္မွေပၚလာတာ ေတာ္ေသးတာေပါ့တဲ့ မႏွစ္ကသာဆိုရင္ စိုင္းစိုင္း ရဲ႕ သၾကၤန္ကားေတာင္ ႐ိုက္ျဖစ္ခဲ့မွာမဟုတ္ဘူးတဲ့ ဟုတ္သားပဲလို႔ ပိတ္လို႔ရရင္ ပိတ္ေပးပါဗ်ာ ၿပီးမွ ေအးေဆး ျပန္ျပခြင့္ရခ်င္ပါ တယ္ ( က်ေနာ္အမ်ားႀကီးနားမလည္ပါဘူး ကိုယ့္ဆႏၵကိုယ္ ႐ိုး႐ိုးပဲ ေျပာၾကည့္တာပါ က်ေနာ္မွားတာရွိရင္လည္း ရွင္းျပေပးပါ ျပင္ပါ့မယ္ ) ” ဆိုၿပီး ရင္ဖြင့္ခဲ့ပါေသးတယ္။ ျပန္ျပခြင့္ရရင္ေတာ့ ေကာင္းတာေပါ့ေနာ္။

Happy – Cele Zone
Photo – Sai Sai Kham Leng