အင်္ဂလန်မှာဆောက်လုပ်မယ့် ဘုန်းကြီးကျောင်းတိုက်အသစ်အတွက် အလှူငွေအမြောက်အများ လှူတန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစု

Posted on

ဘာသာရေးဆိုရင် ရှေ့ဆုံးကဦးဆောင်ဦး အများအကျိုးအတွက်လည်း ကူညီတတ်တဲ့ စမိုင်းလ်တစ်ယောက် အင်္ဂလန်မှာဆောက်လုပ်မယ့် ကျောင်းတိုက်အသစ်အတွက် အလှူငွေ အများအပြားလှူတန်းခဲ့တာပဲဖြစ်ပါတယ်။ ဘုရားတရားကိုင်းရှိုင်းပြီး စိတ်သဘောထားဖြူစင် လွန်းတာကြောင့် လုပ်ငန်းတွေအဆင်ပြေပြီး အလှူရေစက်လက်နဲ့မကွာ လှူနိုင်သူလေးဖြစ်နေ တာတော့ တကယ့်ကိုလေးစားစရာပါ။

အပြန်အလှန် လေးစားချစ်ခင်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူမတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကမ္ဘာလေးမှာ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပြီး အိမ်ထောင်သက် (၂၅) ကျော်လာခဲ့တာတောင် တစ်ရက်လေးတောင်အချစ်မပြယ်ပဲ မေတ္တာထားနိုင်ခဲ့တာတော့ တကယ့်ကိုစံပြပါပဲ။ အပြန်အလှန် Surprise လေးတွေလုပ်ကြပြီး တစ်ယောက်ရဲ့ပျော်ရွှင်မှုကို တစ်ယောက် က အလေးအနက်ထားပုံက ကြည်နူးစရာပါ။

သူမတို့မိသားစုရဲ့ကြည်နူးစရာအလှူပုံရိပ်လေးကို ” လန်ဒန်ကဆရာတော်ဦးဥတ္တရအား နေ့ဆွမ်းကပ်လှူ England မှာဆောက်လုပ်မဲ့ ကျောင်းဆောင်အတွက်အလှူငွေလှူဒါန်း ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပျော်စရာမိသားစုလေးကတော့ အလှူတွေလုပ်လိုက် ခရီးတွေ ထွက်ပြီး ဘာသာရေးတွေကိုင်းရှိုင်းလိုက်နဲ့ တကယ့်ကိုသာသာယာယာပါပဲ။

Happy – Cele Zone
Photo – Smile

(ဇော်ဂျီဖြင့်ဖတ်ရန်)

အဂၤလန္မွာေဆာက္လုပ္မယ့္ ဘုန္းႀကီးေက်ာင္းတိုက္အသစ္အတြက္ အလႉေငြအေျမာက္အမ်ား လႉတန္းခဲ့တဲ့ စမိုင္းလ္တို႔မိသားစု

ဘာသာေရးဆိုရင္ ေရွ႕ဆုံးကဦးေဆာင္ဦး အမ်ားအက်ိဳးအတြက္လည္း ကူညီတတ္တဲ့ စမိုင္းလ္တစ္ေယာက္ အဂၤလန္မွာေဆာက္လုပ္မယ့္ ေက်ာင္းတိုက္အသစ္အတြက္ အလႉေငြ အမ်ားအျပားလႉတန္းခဲ့တာပဲျဖစ္ပါတယ္။ ဘုရားတရားကိုင္းရႈိင္းၿပီး စိတ္သေဘာထားျ ဖဴစင္ လြန္းတာေၾကာင့္ လုပ္ငန္းေတြအဆင္ေျပၿပီး အလႉေရစက္လက္နဲ႔မကြာ လႉႏိုင္သူေလးျဖစ္ေနတာေတာ့ တကယ့္ကိုေလးစားစရာပါ။

အျပန္အလွန္ ေလးစားခ်စ္ခင္မႈေတြနဲ႔ တည္ေဆာက္ထားတဲ့ သူမတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ ကမာၻေလးမွာ ခ်စ္စရာေကာင္း တဲ့ သမီးေလးႏွစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားခဲ့ၿပီး အိမ္ေထာင္သက္ (၂၅) ေက်ာ္လာခဲ့တာေတာင္ တစ္ရက္ေလးေတာင္အခ်စ္မျပယ္ပဲ ေမတၱာထားႏိုင္ခဲ့တာေတာ့ တကယ့္ကိုစံျပပါပဲ။ အျပန္အလွန္ Surprise ေလးေတြလုပ္ၾကၿပီး တစ္ေယာက္ရဲ႕ေပ်ာ္႐ႊင္မႈကို တစ္ေယာက္က အေလးအနက္ထားပုံက ၾကည္ႏူးစရာပါ။

သူမတို႔မိသားစုရဲ႕ၾကည္ႏူးစရာအလႉပုံရိပ္ေလးကို ” လန္ဒန္ကဆရာေတာ္ဦးဥတၱရအား ေန႔ဆြမ္းကပ္လႉ England မွာ ေဆာက္လုပ္မဲ့ေက်ာင္းေဆာင္အတြက္အလႉေငြလႉဒါန္း ” ဆိုၿပီး တင္ထားတာပဲျဖစ္ပါတယ္။ ေပ်ာ္စရာမိသားစုေလးကေတာ့ အလႉေတြလုပ္လိုက္ ခရီးေတြ ထြက္ၿပီး ဘာသာေရးေတြကိုင္းရႈိင္းလိုက္နဲ႔ တကယ့္ကိုသာသာယာယာပါပဲ။

Happy – Cele Zone
Photo – Smile