လမ်းပြင်တဲ့သူတွေကို ရေသန့်နဲ့အချိုရည်လှူပြီးတာတောင် ပိုက်ဆံတွေထပ်ဝေပြီး လှူနေတဲ့ မေဦးရဲ့ ဗီဒီယို

Posted on

ရောက်ရာအရပ်တိုင်းမှာ ကာလဒါနပြုတတ်တဲ့ မေဦးတစ်ယောက် အခုတစ်ခေါက်မှာလည်း မကွေးနဲ့နေပြည်တော် အမြန်လမ်းမပေါ်မှာ လုပ်ကိုင်နေကြတဲ့ လမ်းလုပ်သားတွေအတွက် ရေသန့်နဲ့အချိုရည်တွေလှူတန်းခဲ့တာဖြစ်ပါတယ်။ အခုလို ရာသီဥတုပူတဲ့နွေမှာဆိုရင် အရိပ်ထဲ နေတဲ့သူတွေတောင် နေပူရှိန်ကိုခံစားရတာမို့ အမိုးအကာမပါပဲ အလုပ်လုပ်နေရတဲ့သူတွေ အတွက်ကတော့ ဆိုဖွယ်ရာ မရှိတော့ပါဘူး။

လမ်းလုပ်သားတွေအတွက် တကယ့်ကိုအလိုအပ်ဆုံးက ရေသန့်ဗူးပါပဲ။ ကားတွေလာရင် ရေဗူးလေးကိုင်ပြီးရေတောင်းတတ်တဲ့ လမ်းလုပ်သားတွေကို ခရီးသွားဖူးသူတိုင်းလိုလို မြင်ဖူးကြမှာပါ။ ဒီမြင်ကွင်လေးဟာ အတော်လေးကိုစိတ်မသက်မသာဖြစ်စေတာမို့ မလှူတဲ့သူဆိုတာ မရှိသလောက်လိုရှားပါတယ်။ တစ်ချို့ဆိုရင် တကူးတကတောင် သွားလှူကြပါသေးတယ်။

မေဦးကတော့ ရေသန့်နဲ့အချိုရည်တွေတင်မကပဲ ပိုက်ဆံ တစ်ထောင်တန်အုပ်လိုက်ကိုင်ပြီး တစ်ယောက်တစ်ရွက် ကားပေါ်ကနေ ဝေပေးနေတာပဲဖြစ်ပါတယ်။ ဒီလို ကြည်နူးစရာ ဗီဒီယိုလေးကို ” လမ်းပြင်တဲ့သူတွေကိုလှူချင်လို့ ဝယ်လာတဲ့ရေသန့်တွေ အချိုရည် ကပ်တွေ ကုန်သွားတဲ့အခါ ပိုက်ဆံတွေပါ ထုပ်လှူလိုက်ချလိုက်တယ် ” ဆိုပြီး ဝေမျှခဲ့တာပဲဖြစ်ပါတယ်။ နောက်လည်း အများကြီး လှူတန်းနိုင်ပါစေမေဦးရေ။

Happy – Cele Zone
Photo – May Oo

(ဇော်ဂျီဖြင့်ဖတ်ရန်)

လမ္းျပင္တဲ့သူေတြကို ေရသန႔္နဲ႔အခ်ိဳရည္လႉၿပီးတာေတာင္ ပိုက္ဆံေတြထပ္ေဝၿပီး လႉေနတဲ့ ေမဦးရဲ႕ ဗီဒီယို

ေရာက္ရာအရပ္တိုင္းမွာ ကာလဒါနျပဳတတ္တဲ့ ေမဦးတစ္ေယာက္ အခုတစ္ေခါက္မွာလည္း မေကြးနဲ႔ေနျပည္ေတာ္ အျမန္လမ္းမေ ပၚမွာ လုပ္ကိုင္ေနၾကတဲ့ လမ္းလုပ္သားေတြအတြက္ ေရသန႔္နဲ႔အခ်ိဳရည္ေတြလႉတန္းခဲ့တာျဖစ္ပါတယ္။ အခုလို ရာသီဥတုပူ တဲ့ေႏြမွာဆိုရင္ အရိပ္ထဲ ေနတဲ့သူေတြေတာင္ ေနပူရွိန္ကိုခံစားရတာမို႔ အမိုးအကာမပါပဲ အလုပ္လုပ္ေနရတဲ့သူေတြ အတြက္ကေ တာ့ ဆိုဖြယ္ရာမရွိေတာ့ပါဘူး။

လမ္းလုပ္သားေတြအတြက္ တကယ့္ကိုအလိုအပ္ဆုံးက ေရသန႔္ဗူးပါပဲ။ ကားေတြလာရင္ ေရဗူးေလးကိုင္ၿပီးေရေတာင္းတတ္တဲ့ လမ္းလုပ္သားေတြကို ခရီးသြားဖူးသူတိုင္းလိုလို ျမင္ဖူးၾကမွာပါ။ ဒီျမင္ကြင္ေလးဟာ အေတာ္ေလးကိုစိတ္မသက္မသာျဖစ္ေစ တာမို႔ မလႉတဲ့သူဆိုတာ မရွိသေလာက္လိုရွားပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ တကူးတကေတာင္ သြားလႉၾကပါေသးတယ္။

ေမဦးကေတာ့ ေရသန႔္နဲ႔အခ်ိဳရည္ေတြတင္မကပဲ ပိုက္ဆံ တစ္ေထာင္တန္အုပ္လိုက္ကိုင္ၿပီး တစ္ေယာက္တစ္႐ြက္ ကားေပၚကေန ေဝေပး ေနတာပဲျဖစ္ပါတယ္။ ဒီလို ၾကည္ႏူးစရာ ဗီဒီယိုေလးကို ” လမ္းျပင္တဲ့သူေတြကိုလႉခ်င္လို႔ ဝယ္လာတဲ့ေရသန္႔ေတြ အခ်ိဳရည္ကပ္ေတြ ကုန္သြားတဲ့အခါ ပိုက္ဆံေတြပါ ထုပ္လႉလိုက္ခ်လိုက္တယ္ ” ဆိုၿပီး ေဝမွ်ခဲ့တာပဲျဖစ္ပါတယ္။ ေနာက္လည္း အမ်ားႀကီး လႉတန္းႏိုင္ပါေစေမဦးေရ။

Happy – Cele Zone
Photo – May Oo