ပဲခူးမြို့က ဇီဝိတဒါနသံဃာ့ဆေးရုံမှာ ဆေးပဒေသာပင်အဖြစ် သိန်းပေါင်းများစွာလှူတန်းခဲ့တဲ့ နေခြည်ဦး
Posted on
ပျော်စရာရှိရင်လည်း ပျော်သလို လှူစရာရှိရင်လည်း လက်မနှေးတတ်တဲ့ ချီချီတစ်ယောက် ပဲခူးမြို့က ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ် ဇီဝိတဒါနသံဃာ့ဆေးရုံမှာ ဆေးပဒေသာပင်အလှူအဖြစ်နဲ့ ငွေကျပ် သိန်း (၅၀) လှူတန်းခဲ့တာပဲဖြစ်ပါတယ်။ နာမကျန်းဖြစ်တဲ့ သံဃာတော်တွေအတွက် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေရပြီး ပြန်လည်ကျန်းမာလာတဲ့အချိန်မှာ ပုံမှန်တရားအားထုတ်နိုင် တော့ လှူတဲ့သူတွေ ကုသိုလ်ပိုရတာပေါ့နော်။
အလှူအတန်းဆိုလည်း ရက်ရက်ရောရောလှူတတ်တဲ့ချီချီဟာ သူမ မိခင်ရဲ့မွေးရပ်မြေမှာ မွေးနေ့အမှတ်တရအဖြစ်နဲ့ သိန်း (၆၀၀) ကျော်လောက် လှူတန်းခဲ့ပါသေးတယ်။ ကိုယ်ပိုင် အရည်အချင်းနဲ့ရပ်တည်နေပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ကာ အမျိုးသမီးလေးတွေ ချစ်ခင်လေးစားအားကျရတဲ့ Idol တစ်ယောက်လည်းဖြစ်တဲ့ ချီချီကတော့ သူမရဲ့ဘဝကို ပျော်သလိုနေပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးတတ်သူတစ်ယောက်ပါ။
သူမရဲ့ကြည်နူးစရာအလှူလေးကို ဆရာတော်ဘုရားက ” သစ်တံခါးဆရာတော် ဘဒ္ဒန္တမဏိဇောတ ကိုအမှူးထား၍ရန်ကုန်မြို့နေ သရုပ်ဆောင် နေခြည်ဦး က ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်ဇီဝိတဒါနသံဃာ့ဆေးရုံ ဆေးပဒေသာပင်အဖြစ်
အလှူတော်ငွေကျပ်သိန်း(၅၀)ကို လှူဒါန်းပါသည်။ ဤကုသိုလ်ကို သတ္တဝါအပေါင်းတို့အားအမျှပေးဝေပါ၏။ နတ်လူသာဓုခေါ်ဆို၍ ကုသိုလ်အမျှ ရယူနိုင်ကြပါစေ ” ဆိုပြီး ဝေမျှပေးခဲ့ တာပဲဖြစ်ပါတယ်။ သာဓုပါချီရေ ဒီထက်မကတဲ့အလှူတွေလည်း လုပ်နိုင်ပါစေနော်။
Happy – Cele Zone
Photo – ချမ်းမြေ့ ဇေယျာ ဆရာတော်
(ဇော်ဂျီဖြင့်ဖတ်ရန်)
Happy – Cele Zone