(၂)လအတွင်း မခွဲစိပ်ရင် မျက်စိကွယ်တော့မယ့် အနှေးယာဉ်လုပ်သားဦးလေးကြီးကို မျက်စိခွဲစိပ်ကုသစရိတ်လှူဒါန်းပေးခဲ့တဲ့ ချယ်ရီသင်း

Posted on

ပရိသတ်ကြီးရေ ချယ်ရီသင်းကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်မလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အလှူအတန်းတွေကိုရက်ရောစွာလှူဒါန်းတတ်တဲ့ အကျင့်လေးကြောင့် ပရိသတ်တွေက ချယ်ရီသင်းကို လေးစားပြီးအချစ်ပိုနေခဲ့ကြပါသေးတယ်။

မနေ့က မေလ (၁၆)ရက်နေ့လေးမှာလည်း ချယ်ရီသင်းက မွန်မြတ်လှတဲ့ အလှူလေးတွေကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေးကတော့ (၂)လအတွင်းမျက်စိခွဲစိပ်ကုသမှုမခံယူရင် မျက်စိကွယ်သွားတော့မယ့် အနှေးယာဉ်လုပ်သားဆိုက်ကားဆရာဦးလေးကြီးအတွက် မျက်စိခွဲစိပ်ကုသဖို့ ဆေးကုသစရိတ်ထောက်ပံ့ကူညီလှူဒါန်းခဲ့တဲ့ အလှူလေးကို ပြုလုပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ချယ်ရီသင်းကတော့ ဒီအလှူကောင်းမှုလေးအပြင် နောက်ထပ်လည်း ချမ်းမြသုခအကြင်နာလက်များဘိုးဘွားရိပ်သာကအဖိုးအဖွါးများအတွက်ရယ်၊ မန္တလေး ၆၂လမ်း၁၁လမ်းထောင့်ကပန်းချီဆွဲရင်းဝမ်းရေးရှာနေရတဲ့အဖိုးအတွက်ရယ်၊အဆင်မပြေလို့ဘုရားထဲမှာနေနေရတဲ့အဖိုးအဖွါးစုံတွဲအတွက်ရယ် လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါသေးတယ်တဲ့ CeleZone ပရိသတ်ကြီးရေ။

Source – Cherry Thin
Chilli – CeleZone

– Zawgyi Font ဖြင့် ဖတ်ရန် –





Source – Cherry Thin
Chilli – CeleZone