ပရိသတ်ကြီးရေ ခိုင်နှင်းဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို ကိုယ်ကျိုးစွန့်ပြီးတော့ကို စိတ်ပါလက်ပါနဲ့ ကိုယ်တိုင်လိုက်လံပြုလုပ်နေခဲ့တာကြောင့် ပရိသတ်တွေကချီးကျူးနေခဲ့ရပါသေးတယ်။
ဒါ့အပြင် မိဘတွေနဲ့ စွန့်ပစ်ခြင်းကို ခံရတဲ့ လူမမယ်ကလေးငယ်လေးတွေကိုလည်း သားသမီးအရင်းသဖွယ်ခေါ်ယူမွေးစားစောင့်ရှောက်နေခဲ့တာကြောင့် ပရိသတ်တွေက ပိုလို့တောင် ချီးကျူးအချစ်ပိုနေခဲ့ကြပါသေးတယ်။ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကိုလုပ်ကိုင်နေခဲ့ပြီး အားတဲ့ အချိန်တွေကို ဂေဟာမှာသူ့ရဲ့ကလေးတွေနဲ့အမြဲလိုလို ဖြတ်သန်းကုန်ဆုံးလေ့ရှိပါတယ်။
မနေ့ကလည်း ခိုင်နှင်းဝေကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကလေးတွေနဲ့ ပျော်ရွှင်တာ တစ်နေ့တာကုန်ဆုံးခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေလာခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးရယ် ကြည်နူးစရာတွေအပြည့်ပါတဲ့ ခိုင်နှင်းဝေရဲ့ ဒီဗီဒီယိုလေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။
Source – Khine Hnin Wai
Chilli – CeleZone
– Zawgyi Font ဖြင့် ဖတ်ရန် –
ဂေဟာမှာကလေးတွေနဲ့ တစ်နေ့တာကုန်ဆုံးခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေခဲ့တဲ့ ခိုင်နှင်းဝေ
Source – Khine Hnin Wai
Chilli – CeleZone