မွေးနေ့မှာ ရင်သက်ရှုမောဖွယ်ကောင်းလှအောင်လှရက်လွန်းတဲ့ ပုံလေးတွေကို မျှဝေခဲ့တဲ့ ရွှေမှုံရတီ

Posted on

ပရိသတ်ကြီးရေ ရွှေမှုံရတီကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ရွှေမှုံရတီကတော့ လတ်တလောမှာ အနုပညာအလုပ်တွေနည်းပါးနေချိန်မှာတော့ အလှပုံလေးတွေပဲရိုက်ကူးပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလေ့ရှိပါတယ်။

ဒီနေ့ မေလ (၁၆)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ရွှေမှုံရတီရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်မြတ်လေးပြဖြစ်ပါတယ်။ ဒီနေ့ မေလ (၁၆)ရက်နေ့မွေးနေ့ရက်မြတ်လေးမှာတော့ ရွှေမှုံက အသက် (၂၄)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။ ဒီနေ့မွေးနေ့ရက်လေးမှာတော့ ရွှေမှုံက တောတွင်းသူလေးတစ်ယောက်လို ပန်းတွေကို ခေါင်းမှာသီကုံးပန်ဆင်ကာ ရိုက်ကူးထားခဲ့တဲ့ ရင်သက်ရှု့မောဖွယ်ကောင်းလောက်အောင်ကို လှပနေတဲ့ပုံလေးတွေကို မျှဝေဖော်ပြခဲ့ပါတယ်။

Happy Birthday ပါ ရွှေမှုံရေ… ပရိသတ်တွေရဲ့ အချစ်တွေကို ဒီထက်မကရရှိပါစေလို့ CeleZone ကနေ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်။ CeleZone ပရိသတ်ကြီးတွေထဲက ရွှေမှုံရဲ့ ပရိသတ်တွေအတွက် ရွှေမှုံရဲ့ ပုံလေးတွေကို မျှဝေဖော်ပြပေးလိုက်ပြီး ပရိသတ်ကြီးတွေကလည်းရွှေမှုံရဲ့ မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။

Source – Shwe Mhone Yati
Chilli – CeleZone

– Zawgyi Font ဖြင့် ဖတ်ရန် –





Source – Shwe Mhone Yati
Chilli – CeleZone