ယနေ့မှာ ကျရောက်တဲ့ ပိုပိုရဲ့ မွေးနေ့လေးကို အမှတ်တရ စကားလေးတွေနဲ့အတူ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ပိုင်တံခွန်

Posted on

မိန်းကလေးတွေ အသဲစွဲ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။တက်တူးအမိုက်စားတွေနဲ့ အမြဲဖက်ရှင်ကျနေတတ်တဲ့ ပိုင်တံခွန်ကတော့ ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ တစ်ယောက်ပါ။

အားလပ်ချိန်တွေဆို Gym လည်းဆော့တတ်သူတစ်ယောက်ဖြစ်တာကြောင့် ယောက်ျားပီသပြီး တောင့်တင်းကျစ်လျစ်တဲ့ ကြွက်သားတွေကတော့ ပိုင်တံခွန်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပိုင်တံခွန်က နိုင်ငံအသီးသီးရဲ့ မိန်းမလှလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့အထိ သည်းသည်းလှုပ်အားပေးခြင်းခံနေရသူတစ်ယောက်ပါ ။

ယနေ့မှာတော့ တံခွန်က ပိုပိုရဲ့ မွေးနေ့လေးကို ” Happy Birthday Ma Po Po မွေးနေ့ကို အထဲမှာ ဖြတ်သန်းရတာ ဘယ်လောက်နာကျင်ရလဲ ကျနော်အသိဆုံးပါ ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးပြန်ထွက်လာနိုင်ပါစေလို့ အမြဲ ဆုတောင်းပေးနေပါတယ်  အပြင်ပြန်ရာက်လာရင် ငါ့တို့မောင်နှမတွေ အရင်လို အလုပ်လေးတွေပြန်လုပ်ရင်း လိပ်ပြာသန့်သန့် နဲ့  မိသားစု နှင့်  ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်အောင် ကြိုးစားကြမယ် အားတင်းထားပါ ငါ့အမ” ခုလို အမှတ်တရ စကားလေးတွေနဲ့ ဆုမွန်ကောင်းတောင်းပေးလာတာ တွေ့ရတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Paing Takhon

– Zawgyi Font ဖြင့်ဖတ်ရန် – 


Happy Birthday ပါပိုပိုရေ 🙏




Yuan – Cele Zone

Photo – Paing Takhon