ဘုန်းဘုန်းစန္ဒသူရိယနဲ့ (၇)ရက်သားသမီးပြုတဲ့အလှူမှာ ပါဝင်အားဖြည့်ကုသိုလ်ယူခဲ့ မင်းဘုန်းမြတ်

Posted on

ပရိသတ်ကြီးရေ မင်းဘုန်းမြတ်ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ “စေတလုံး မောင်ဘုန်း” ဇာတ်လမ်းတွဲမှာတော့ မောင်ဘုန်းရယ်လို့ ပရိသတ်တွေလက်ခံခဲ့တဲ့ အထိကို အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။

လူငယ်ဖြစ်ပေမဲ့ ဘာသာရေးကိုင်ရှိုင်းတဲ့ မင်းဘုန်းမြတ်ကတော့ ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့ မေလ (၁၄)ရက်နေ့မှာ ကောင်းမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ မင်းဘုန်းမြတ်ကတော့ ဆရာတော် ဘုန်းဘုန်းစန္ဒသူရိယနဲ့ (၇)ရက်သားသမီးတွေစုပေါင်းကာ စားဝတ်နေရေးခက်ခဲနေတဲ့ မိသားစုတွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးတဲ့ အလှူလေးမှာ လုပ်အားဒါနပါဝင်အားဖြည့်ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။

မင်းဘုန်းမြတ်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း အလှူမှာ လုပ်အားဒါနကုသိုလ် ယူခဲ့တဲ့ ပုံလေးတွေကို မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ မင်းဘုန်းမြတ်ရဲ့ မွန်မြတ်လှတဲ့ လုပ်အားဒါနကုသိုလ်ပြုနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – MinPhone Myat
Chilli – CeleZone

– Zawgyi Font ဖြင့် ဖတ်ရန် –

ဘုန္းဘုန္းစႏၵသူရိယနဲ႔ (၇)ရက္သားသမီးျပဳတဲ့အလႉမွာ ပါဝင္အားျဖည့္ကုသိုလ္ယူခဲ့ မင္းဘုန္းျမတ္

ပရိသတ္ႀကီးေရ မင္းဘုန္းျမတ္ကေတာ့ MRTV – 4 ႐ုပ္သံဇာတ္လမ္းတြဲေတြမွာပါဝင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို အျပည့္အဝရရွိထားတဲ့ ပရိသတ္အခ်စ္ေတာ္တစ္ေယာက္ပဲျဖစ္ပါတယ္။ “ေစတလုံး ေမာင္ဘုန္း” ဇာတ္လမ္းတြဲမွာေတာ့ ေမာင္ဘုန္းရယ္လို႔ ပရိသတ္ေတြလက္ခံခဲ့တဲ့ အထိကို ေအာင္ျမင္မႈေတြရရွိခဲ့ပါေသးတယ္။

လူငယ္ျဖစ္ေပမဲ့ ဘာသာေရးကိုင္ရႈိင္းတဲ့ မင္းဘုန္းျမတ္ကေတာ့ ၿပီးခဲ့တဲ့ ကဆုန္လျပည့္ေန႔ ေမလ (၁၄)ရက္ေန႔မွာ ေကာင္းမႈတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။ မင္းဘုန္းျမတ္ကေတာ့ ဆရာေတာ္ ဘုန္းဘုန္းစႏၵသူရိယနဲ႔ (၇)ရက္သားသမီးေတြစုေပါင္းကာ စားဝတ္ေနေရးခက္ခဲေနတဲ့ မိသားစုေတြအတြက္ စားေသာက္ကုန္ေတြလႉဒါန္းေပးတဲ့ အလႉေလးမွာ လုပ္အားဒါနပါဝင္အားျဖည့္ကုသိုလ္ယူခဲ့တာပဲျဖစ္ပါတယ္။

မင္းဘုန္းျမတ္ကေတာ့ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနလည္း အလႉမွာ လုပ္အားဒါနကုသိုလ္ ယူခဲ့တဲ့ ပုံေလးေတြကို မွ်ေဝေဖာ္ျပထားခဲ့ပါေသးတယ္။ CeleZone ပရိသတ္ႀကီးေရ မင္းဘုန္းျမတ္ရဲ႕ မြန္ျမတ္လွတဲ့ လုပ္အားဒါနကုသိုလ္ျပဳေနတဲ့ ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – MinPhone Myat
Chilli – CeleZone