မြန်မာဝတ်စုံလေးနဲ့ ရိုးရှင်းပြီး မြန်မာဆန်ဆန်လှနေခဲ့တဲ့ ခေးဆက်သွင်

Posted on

ပရိသတ်ကြီးရေ ခေးဆက်သွင်ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး

အနုပညာအရည်အချင်းပြည့်ဝလွန်းလှတာကြောင့် ပရိသတ်တွေက အချစ်ပိုနေခဲ့ကြရပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တာဆိုရင်လည်း မမှားပါဘူးနော်။ ဒီနေ့မှာတော့ ခေးဆက်သွင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို မျှဝေလာခဲ့ပါတယ်။ ပုံလေးတွေကတော့ မြန်မာဝတ်စုံလေးနဲ့ ရိုးရှင်းလှစွာလှပနေခဲ့ပါတယ်။

ပရိသတ်တွေကတော့ ဒီပုံလေးတွေကိုကြည့်ပြီး ဇာတ်ကောင်တစ်ယောက်အနေနဲ့ ရိုက်ကွင့်ကပုံလေးတွေကို ခန့်မှန်းနေကြပြီး ခေးဆက်သွင်ရဲ့ ဇာတ်လမ်းအသစ်လေးကို ကြည့်ရတော့မလားလို့ မေးခွန်းထုတ်မျှော်လင့်နေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ခေးဆက်သွင်ရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Khay Sett Thwin
Chilli – CeleZone

– Zawgyi Font ဖြင့် ဖတ်ရန် –





Source – Khay Sett Thwin
Chilli – CeleZone