ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အမိုက်စားဗီဒီယိုလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ ဗီဒီယိုလေးကတော့ သူ့ရဲ့ ချစ်သူလေးနဲ့အတူ Work Out လုပ်နေတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။
သင်ဇာကတော့ ချစ်သူလေးကို ပရိသတ်တွေရှေ့ချပြထားခဲ့ပြီး သင်ဇာနဲ့ သူ့ရဲ့ချစ်သူလေးရဲ့ လိုက်ဖက်ညီမှုကိုတော့ ပရိသတ်တွေကအားကျနေခဲ့ကြရပါသေးတယ်။ ကျန်းမာရေး လိုက်စားတဲ့ သင်ဇာတို့စုံတွဲလေးကတော့ GYM တွေလည်း အတူတူဆော့ပြီး ဒီနေ့မှာတော့ နှစ်ယောက်တူတူ တက်ညီလက်ညီနဲ့ Pull up Workout လုပ်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်တွေကတော့ သင်ဇာတို့ ချစ်သူနှစ်ယောက်ရဲ့ တက်ညီလက်ညီ Workout လုပ်နေတဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောတွေကျနေကြောင်းမှတ်ချက်တွေပါ ပေးနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေထဲက သင်ဇာတို့ စုံတွဲလေးကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဒီအမိုက်စားဗီဒီယိုလေးကို မျှဝေလိုက်ပါတယ်နော်။
Source – Thin Zar Wint Kyaw
Chilli – CeleZone
– Zawgyi Font ဖြင့် ဖတ်ရန် –
ချစ်သူလေးနဲ့အတူ Pull up Workout လုပ်နေတဲ့ အမိုက်စားဗီဒီယိုလေးကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်
Chilli – CeleZone