သားလေးဖြစ်ချင်တာကို ဘယ်တော့မှမချုပ်ချယ်ဘဲ အောင်မြင်အောင်ပဲထောက်ပံ့ပေးမယ်ဆိုတဲ့ မိုးယုစံ

ပြည်တော်ချစ်မင်းသမီးချောလေးမိုးယုစံဟာ အခုအချိန်မှာဆိုရင် အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးနဲ့ ချစ်စရာကောင်းတဲ့သားလေး သိဒ္ဓိစစ်ကိုပိုင်ဆိုင်ခွင့်ရထားတဲ့မိခင်တစ်ယောက်ဖြစ်‌လို့နေပါပြီ။ သူမရဲ့သားလေးဟာ အခုဆိုရင်တဖြည်းဖြည်းနဲ့ ကျောင်းစတက်ရမယ့် အရွယ်ကိုရောက်ရှိလာခဲ့ပါပြီ။ သားလေးဟာ အရွယ်လေးနဲ့မလိုက်အောင်သင်လွယ်တတ်လွယ်ကလေးတစ်ယောက်ဖြစ်တာကြောင့် မေ‌မေမိုးယုစံတစ်ယောက်အရမ်းပဲ အချစ်ပိုနေခဲ့ရပြီး အခုလည်း သားလေးရဲ့အနာဂတ်နဲ့ ပတ်သတ်ပြီး ပြောပြလာခဲ့ပါတယ်။

 

သူမက ” (၉)လထဲကထားတာ ခုသားလေးတောင် (၂)နှစ်ခွဲရှိသွားပီ အရင်က မာမီပဲအကုန်လိုက်လုပ်ပေးရတာ ခုတော့ မာမီ့သည်းလေးက ကိုယ့်ဘာသာလုပ်တတ်လို့ တခါခါ ပြောတာတောင်နားမထောင်ဆရာကြီးလုပ်လို့ နောက် (၆)လလောက်ဆို မာမီလည်းလိုက်လို့မရတော့ဘူး မာမီ့သားလေးတစ်ယောက်ထဲစပီးကျောင်းတတ်ရတော့မယ် ဘ၀မှာတစ်ယောက်ထဲစပီး မာမီအကူအညီမပါပဲ သွားရတော့မယ် ” ဆိုပြီးတော့ သားလေးမကြာခင် ကျောင်းစတက်တက်ရတော့မယ့်အ‌ကြောင်းကို ပရိသတ်တွေကိုအသိပေးခဲ့ပါသေးတယ်။

 

 

” မာမီ ခုထဲက သားသား မာမီမပါပဲ လွှတ်ရမှာ စိတ်ပူမိတယ် ငါ့သားလေးကျောင်းစတတ်ရင် ထမင်းဘယ်လိုစားမလဲ အိမ်သာဘယ်လိုသွားမလဲ သူငယ်ချင်းတွေနဲ့အဆင်ပြေပါ့မလား သူများအနိုင်ကျင့်ခံနေရမလား တခုခုဖြစ်မလားနဲ့ စိုးရိမ်နေမိတယ် နောက်ဆိုပိုတောင်စိုးရိမ်စရာတွေရှိလာတော့မှာ မာမီ သားလေးကိုစိုးရိမ်မိပေမဲ့ ယုံကြည်မှုပေးမယ် အကောင်းဆုံးလမ်းပြပေးမယ် စိတ်ဓာတ်အပိုင်းရော အတွေးခေါ်ပိုင်းရောမှာ အဆင့်တန်းမြင့်အောင် မာမီကြိုးစားသင်ပေးပါမယ် မာမီ့သားလေးဖြစ်ချင်တာကိုရော ဘယ်တော့မှမချုပ်ချယ်ဘူး လမ်းမမှားအောင်နဲ့ အကောင်းဆုံးဖြစ်အောင် အောင်မြင်အောင် ထောက်ပံ့ပေးမယ် အရမ်းချစ်ရတဲ့ သားသားလေး ” ဆိုပြီးတော့လည်း သားလေးကို ပြုစုပျိုးထောင်ပေးမယ့် ပုံစံလေးကို ပြောပြထားခဲ့ပါတယ်နော်။ ကဲ…သားသားလေးလည်း ကြီးလာရင် မေမေအားကိုးရတဲ့ သားကောင်းရတနာလေးဖြစ်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

 

 

Source : Moe Yu San
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

သားေလးျဖစ္ခ်င္တာကို ဘယ္ေတာ့မွမခ်ဳပ္ခ်ယ္ဘဲ ေအာင္ျမင္ေအာင္ပဲေထာက္ပံ့ေပးမယ္ဆိုတဲ့ မိုးယုစံ

 

ျပည္ေတာ္ခ်စ္မင္းသမီးေခ်ာေလးမိုးယုစံဟာ အခုအခ်ိန္မွာဆိုရင္ အရမ္းကိုေပ်ာ္႐ႊင္စရာေကာင္းတဲ့မိသားစုေလးနဲ႔ ခ်စ္စရာေကာင္းတဲ့သားေလး သိဒၶိစစ္ကိုပိုင္ဆိုင္ခြင့္ရထားတဲ့မိခင္တစ္ေယာက္ျဖစ္‌လို႔ေနပါၿပီ။ သူမရဲ႕သားေလးဟာ အခုဆိုရင္တျဖည္းျဖည္းနဲ႔ ေက်ာင္းစတက္ရမယ့္ အ႐ြယ္ကိုေရာက္ရွိလာခဲ့ပါၿပီ။ သားေလးဟာ အ႐ြယ္ေလးနဲ႔မလိုက္ေအာင္သင္လြယ္တတ္လြယ္ကေလးတစ္ေယာက္ျဖစ္တာေၾကာင့္ ေမ‌ေမမိုးယုစံတစ္ေယာက္အရမ္းပဲ အခ်စ္ပိုေနခဲ့ရၿပီး အခုလည္း သားေလးရဲ႕အနာဂတ္နဲ႔ ပတ္သတ္ၿပီး ေျပာျပလာခဲ့ပါတယ္။

သူမက ” (၉)လထဲကထားတာ ခုသားေလးေတာင္ (၂)ႏွစ္ခြဲရွိသြားပီ အရင္က မာမီပဲအကုန္လိုက္လုပ္ေပးရတာ ခုေတာ့ မာမီ့သည္းေလးက ကိုယ့္ဘာသာလုပ္တတ္လို႔ တခါခါ ေျပာတာေတာင္နားမေထာင္ဆရာႀကီးလုပ္လို႔ ေနာက္ (၆)လေလာက္ဆို မာမီလည္းလိုက္လို႔မရေတာ့ဘူး မာမီ့သားေလးတစ္ေယာက္ထဲစပီးေက်ာင္းတတ္ရေတာ့မယ္ ဘ၀မွာတစ္ေယာက္ထဲစပီး မာမီအကူအညီမပါပဲ သြားရေတာ့မယ္ ” ဆိုၿပီးေတာ့ သားေလးမၾကာခင္ ေက်ာင္းစတက္တက္ရေတာ့မယ့္အ‌ေၾကာင္းကို ပရိသတ္ေတြကိုအသိေပးခဲ့ပါေသးတယ္။

” မာမီ ခုထဲက သားသား မာမီမပါပဲ လႊတ္ရမွာ စိတ္ပူမိတယ္ ငါ့သားေလးေက်ာင္းစတတ္ရင္ ထမင္းဘယ္လိုစားမလဲ အိမ္သာဘယ္လိုသြားမလဲ သူငယ္ခ်င္းေတြနဲ႔အဆင္ေျပပါ့မလား သူမ်ားအႏိုင္က်င့္ခံေနရမလား တခုခုျဖစ္မလားနဲ႔ စိုးရိမ္ေနမိတယ္ ေနာက္ဆိုပိုေတာင္စိုးရိမ္စရာေတြရွိလာေတာ့မွာ မာမီ သားေလးကိုစိုးရိမ္မိေပမဲ့ ယုံၾကည္မႈေပးမယ္ အေကာင္းဆုံးလမ္းျပေပးမယ္ စိတ္ဓာတ္အပိုင္းေရာ အေတြးေခၚပိုင္းေရာမွာ အဆင့္တန္းျမင့္ေအာင္ မာမီႀကိဳးစားသင္ေပးပါမယ္ မာမီ့သားေလးျဖစ္ခ်င္တာကိုေရာ ဘယ္ေတာ့မွမခ်ဳပ္ခ်ယ္ဘူး လမ္းမမွားေအာင္နဲ႔ အေကာင္းဆုံးျဖစ္ေအာင္ ေအာင္ျမင္ေအာင္ ေထာက္ပံ့ေပးမယ္ အရမ္းခ်စ္ရတဲ့ သားသားေလး ” ဆိုၿပီးေတာ့လည္း သားေလးကို ျပဳစုပ်ိဳးေထာင္ေပးမယ့္ ပုံစံေလးကို ေျပာျပထားခဲ့ပါတယ္ေနာ္။ ကဲ…သားသားေလးလည္း ႀကီးလာရင္ ေမေမအားကိုးရတဲ့ သားေကာင္းရတနာေလးျဖစ္ေစဖို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္..

error: Content is protected !!