“မ အက္ခရာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲပေးပွဲကို ပြည်တော်ချစ်အနုပညာရှင်တွေနဲ့တက်ရောက်လာတဲ့ ကျော်သူ

ဟိုးတစ်ချိန်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားခဲ့တဲ့ အကယ်ဒမီ မင်းသားကြီးကျော်သူဟာ လက်ရှိမှာဆိုရင် ရုပ်ရှင်ဇာတ်ကားအတော်များများကို ရိုက်ကူးလျက်ရှိပါတယ်။ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာလည်း ဒီလပိုင်းတွေမှာရုံတင်ပြ‌သခဲ့ပြီးဖြစ်ပါတယ်။ ကျော်သူ့ကို အခုတစ်ခါမှာတော့ ဒါရိုက်တာစတီး(ဒွေးမေတ္တာ) ရိုက်ကူးမယ့် “မ အက္ခရာ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ချက်ကောင်းကောင်းနဲ့တွေ့မြင်ရအုန်းမှာပဲဖြစ်ပါတယ်

ဒီဇာတ်ကားကြီးရိုက်ကူးဖို့အတွက် ရုပ်ရှင်ကန်တော့ပွဲပေးပွဲအခမ်းအနားကိုတော့ မနေ့က ရွှေတိဂုံဘုရားမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ” ယနေ့ မနက်(၅:၀၀) အိပ်ယာထပြီးရွှေတိဂုံဘုရားကိုသွားကာ ကုသိုလ်ရေးလုပ်ဆောင်မေတ္တာပို့သကာ(၇:၃၀)အချိန်တွင် ဒါရိုက်တာ စတီးလ် ရိုက်ကူးမည့်”မ,အက္ခရာ” ရုပ်ရှင်ကန်တော့ပွဲအခမ်းအနားအား အောင်မြေတွင်ကျင်းပခဲ့ပါသည်။တစ်ရက်ထဲ မနက်ပိုင်းအချိန်အတွင်း အနုပညာကိစ္စအားလုပ်ဆောင်ရန်ရှိသော်လည်း ဝီရိယအားလေးစိုက်ပြီးအချိန်ကို”လု”
ယူခြင်းဖြင့် ကုသိုလ်ရေးကိစ္စပါ အောင်မြင်ခဲ့ရပါပြီ။ ” ဆိုပြီးတော့ ဘုရားရောက်တုန်း ကုသိုလ်ပါတစ်ပါတည်းယူခဲ့တဲ့အကြောင်းကို ပရိသတ်တွေကိုပြောပြထားပါတယ်။

ဒီဇာတ်ကားကြီးကိုတော့  လူငယ်သရုပ်ဆောင်တွေဖြစ်တဲ့ အလင်းရောင်၊ တိုင်ရွန်၊ထူးခြား၊သိန်းလင်းစိုး၊‌အေးမြတ်သူ၊ဟန်နီ၊ဖြူဖြူထွေးတို့နဲ့အတူ ဝါရင့် သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်သူ၊ စိုးမြတ်သူဇာ၊ ထက်ထက်မိုးဦး၊ ခင်လှိုင်၊ ခင်ဇာခြည်ကျော်တို့ကပါ၀င်ပုံဖော်ကြမှာပဲဖြစ်ပါတယ်။ ကျော်သူကတော့ ဒီဇာတ်ကားကြီးနဲ့ပတ်သတ်ပြီး ” မင်္ဂလာပါ…မ ကောင်းတာမလုပ်ဖို့.. မ ကောင်းတာမပြောဖို့…မ ကောင်းတာမကျင့်ကြံဖို့….မ ကောင်းတာမသောက်မစားဖို့ အဓိကကျတဲ့ “မ, အက္ခရာ” အတွက် ယနေ့  ဗြဟ္မစိုရ်အနုပညာ ခရီးထွက်ပါပြီ။” ဆိုတဲ့ စာသားလေးနဲ့အတူ ဘုရားရိပ်တရားရိပ်ကိုရောက်ရှိနေတဲ့ပုံရိပ်လေးတွေကိုမျှဝေပေးထားပြန်ပါတယ်။ ကဲ… တကယ့်ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေပါ၀င်ထားတာဖြစ်လို့ ဒီဇာတ်ကြီးကတော့ အရမ်းကိုရင်ခုန်ဖို့ကောင်းနေပါပြီနော်…

Source : Kyaw Thu
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

“မ အကၡရာ” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ႕ ကန္ေတာ့ပြဲေပးပြဲကို ျပည္ေတာ္ခ်စ္အႏုပညာရွင္ေတြနဲ႔တက္ေရာက္လာတဲ့ ေက်ာ္သူ

 


ဟိုးတစ္ခ်ိန္ကတည္းက ပရိသတ္ေတြရဲ႕ အားေပးမႈကိုတစ္ခဲနက္ရရွိထားခဲ့တဲ့ အကယ္ဒမီ မင္းသားႀကီးေက်ာ္သူဟာ လက္ရွိမွာဆိုရင္ ႐ုပ္ရွင္ဇာတ္ကားအေတာ္မ်ားမ်ားကို ႐ိုက္ကူးလ်က္ရွိပါတယ္။ ကိုယ္တိုင္ ဒါ႐ိုက္တာလုပ္ၿပီး႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြဟာလည္း ဒီလပိုင္းေတြမွာ႐ုံတင္ျပ‌သခဲ့ၿပီးျဖစ္ပါတယ္။ ေက်ာ္သူ႔ကို အခုတစ္ခါမွာေတာ့ ဒါ႐ိုက္တာစတီး(ေဒြးေမတၱာ) ႐ိုက္ကူးမယ့္ “မ အကၡရာ”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ သ႐ုပ္ေဆာင္ခ်က္ေကာင္းေကာင္းနဲ႔ေတြ႕ျမင္ရအုန္းမွာပဲျဖစ္ပါတယ္။

ဒီဇာတ္ကားႀကီး႐ိုက္ကူးဖို႔အတြက္ ႐ုပ္ရွင္ကန္ေတာ့ပြဲေပးပြဲအခမ္းအနားကိုေတာ့ မေန႔က ေ႐ႊတိဂုံဘုရားမွာက်င္းပျပဳလုပ္ခဲ့ပါတယ္။ ” ယေန႔ မနက္(၅:၀၀) အိပ္ယာထၿပီးေ႐ႊတိဂုံဘုရားကိုသြားကာ ကုသိုလ္ေရးလုပ္ေဆာင္ေမတၱာပို႔သကာ(၇:၃၀)အခ်ိန္တြင္ ဒါ႐ိုက္တာ စတီးလ္ ႐ိုက္ကူးမည့္”မ,အကၡရာ” ႐ုပ္ရွင္ကန္ေတာ့ပြဲအခမ္းအနားအား ေအာင္ေျမတြင္က်င္းပခဲ့ပါသည္။တစ္ရက္ထဲ မနက္ပိုင္းအခ်ိန္အတြင္း အႏုပညာကိစၥအားလုပ္ေဆာင္ရန္ရွိေသာ္လည္း ဝီရိယအားေလးစိုက္ၿပီးအခ်ိန္ကို”လု”
ယူျခင္းျဖင့္ ကုသိုလ္ေရးကိစၥပါ ေအာင္ျမင္ခဲ့ရပါၿပီ။ ” ဆိုၿပီးေတာ့ ဘုရားေရာက္တုန္း ကုသိုလ္ပါတစ္ပါတည္းယူခဲ့တဲ့အေၾကာင္းကို ပရိသတ္ေတြကိုေျပာျပထားပါတယ္။

ဒီဇာတ္ကားႀကီးကိုေတာ့ လူငယ္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ အလင္းေရာင္၊ တိုင္႐ြန္၊ထူးျခား၊သိန္းလင္းစိုး၊‌ေအးျမတ္သူ၊ဟန္နီ၊ျဖဴျဖဴေထြးတို႔နဲ႔အတူ ဝါရင့္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ေက်ာ္သူ၊ စိုးျမတ္သူဇာ၊ ထက္ထက္မိုးဦး၊ ခင္လႈိင္၊ ခင္ဇာျခည္ေက်ာ္တို႔ကပါ၀င္ပုံေဖာ္ၾကမွာပဲျဖစ္ပါတယ္။ ေက်ာ္သူကေတာ့ ဒီဇာတ္ကားႀကီးနဲ႔ပတ္သတ္ၿပီး ” မဂၤလာပါ…မ ေကာင္းတာမလုပ္ဖို႔.. မ ေကာင္းတာမေျပာဖို႔…မ ေကာင္းတာမက်င့္ႀကံဖို႔….မ ေကာင္းတာမေသာက္မစားဖို႔ အဓိကက်တဲ့ “မ, အကၡရာ” အတြက္ ယေန႔ ျဗဟၼစိုရ္အႏုပညာ ခရီးထြက္ပါၿပီ။” ဆိုတဲ့ စာသားေလးနဲ႔အတူ ဘုရားရိပ္တရားရိပ္ကိုေရာက္ရွိေနတဲ့ပုံရိပ္ေလးေတြကိုမွ်ေဝေပးထားျပန္ပါတယ္။ ကဲ… တကယ့္ဒိတ္ဒိတ္ႀကဲအႏုပညာရွင္ေတြပါ၀င္ထားတာျဖစ္လို႔ ဒီဇာတ္ႀကီးကေတာ့ အရမ္းကိုရင္ခုန္ဖို႔ေကာင္းေနပါၿပီေနာ္…