Facebook အကောင့်ကို ခဏရပ်နားမယ့်အကြောင်း ပရိသတ်တွေကို အသိပေးခဲ့တဲ့ချမ်းမြေ့မောင်ချို

မနှစ်က Myanmar Idol Season-3 မှာ Winner ဆုမရခဲ့ပေမယ့် အားပေးတဲ့ ပရိသတ်တွေအ များကြီး နဲ့အနုပညာလမ်းကြောင်းပေါ်မှာ နေရာ ရလာခဲ့တဲ့မောင်ချိုလေးကိုတော့ မှတ်မိကြမယ်ထင်ပါတယ်နော် ။ အခုဆိုရင် သူမရဲ့တစ်ကိုယ်တော်တေးစီးရီးလည်း ထွက်ရှိခဲ့ပြီဖြစ်ပြီး အားပေးတဲ့ ပရိသတ်တွေကြောင့် ခွေတွေလည်းရောင်းကုန်ခဲ့ပါပြီ ။ သူမရဲ့တစ်ကိုယ်တော် တေးစီးရီးထဲက ဟဲလေးရေးသားပေးထားတဲ့ Loserဆိုတဲ့ သီချင်းကို ပရိသတ်တွေ ရဲ့အကြိုက်နဲ့ထပ်တူညီခဲ့လို့ Joox မှာ နံပါတ် (၁) နေရာရရှိခဲ့ပါသေးတယ် ။

 

 

 

အခုလတ်တလောမှာတော့ ချမ်းမြေ့မောင်ချိုတစ်ယောက် ဖေ့ဘုတ်စ် ခဏရပ်ဆိုင်းထားမှာဖြစ်ပါတယ် ဆိုတဲ့စာကို သူမရဲ့ ဖေ့ဘုတ်စ်စာမျက်နှာထက်မှာ တင်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ အကောင့်ကို Deactivate လုပ်သွားခဲ့ပါတယ် ။ ပရိသတ်တွေကတော့ မောင်ချိုလေး ဘာတွေများဖြစ်လို့ အကောင့် D သွားရလည်းဆိုပြီး စိတ်ပူနေကြပေမယ့် သူမအကောင့်ကတော့ လုံးဝမရှိတော့ပါဘူးနော် ။ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို စဉ်ဆက်မပြတ်စောင့်ကြည့် အားပေးနေကြတဲ့ ပရိသတ်တွေကတော့ မောင်ချိုလေး ဘယ်တော့ ဖေ့ဘုတ်စ်ပြန်သုံးမလဲဆိုတာကို စောင့်မျှော်နေကြရဦးမှာပါ ။

 

 

မောင်ချိုရဲ့ We Love တွေကလည်း မောင်ချိုလေး ဘာတွေ စိတ်ညစ်စရာရှိနေလို့ အကောင့် D သွားရလည်းဆိုတာကို စိတ်ပူနေကြမယ်ထင်ပါတယ် ။ မောင်ချိုတစ်ယောက် အမြန်ဆုံး အကောင့်ပြန်ဖွင့်ပြီး အနုပညာလှုပ်ရှားမှုတွေ ပရိသတ်တွေကိုမျှဝေပေးလာဦးမယ့်အချိန်ကို စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ် ။

Source : Chan Myae Maung Cho
Emily ( Cele Zone)