ကိုယ်တိုင်ဖွင့်ထားတဲ့ ကရာတေးသင်တန်းမှာ သင်တန်းသားတွေနဲ့အတူ ချွေးသဲတရွဲရွဲနဲ့ကစားနေတဲ့ အိစိကွေး

ကလေးသရုပ်ဆောင်ဘ၀ကတည်းက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် မင်းသားချောလေးကတော့ သရုပ်ဆောင်အိစိကွေးပဲဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက သရုပ်ဆောင်အရမ်းကောင်း‌ခဲ့လို့ကလေးသရုပ်ဆောင်ဆိုတာနဲ့ အိစိကွေးကိုအားလုံးမျက်မှန်းတန်းမိပြီးသားဖြစ်နေခဲ့တာပါ။ အခုဆိုရင် အိစိကွေးဟာ လူပျိုပေါက်အရွယ်ကိုရောက်ရှိလို့နေပြီဖြစ်ပြီးတော့ အရင်ကနဲ့မတူတော့လောက်အောင် Smartကျပြီး ခန့်ညားသူတစ်ယောက်အဖြစ်ကို ပြောင်လဲလို့နေပါပြီ။

 

သူဟာလက်ရှိမှာဆိုရင် သူချစ်တဲ့အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိပြီးတော့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း လက်ခံရိုက်ကူးလျက်ရှိပါတယ်။ သူဟာသရုပ်ဆောင်တာအပြင် အဆိုပိုင်းမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကိုယ်ပိုင်သီချင်းတွေကတော့ လူငယ်တွေကြားမှာရေပန်ူစားလျက်ရှိပါတယ်။ အိစိကွေးဟာ လက်ရှိမှာ တော့ Strategy First Universityမှာ တက်ရောက်သင်ကြားရင်းနဲ့ အနုပညာအလုပ်တွေကိုလည်း အချိန်ရရင်ရသလိုလုပ်ဖြစ်နေပါတယ်။

 

ဒါ့အပြင် သူဟာ Strategy First Universityနဲ့လက်တွဲပြီးတော့ Karate Classလေးတစ်ခုကိုလည်းဖွင့်လှစ်ထားပါတယ်။ ဒါကြောင့် အခုတစ်ခါမှာလည်း သူဖွင့်ထားတဲ့ Classက သင်တန်းသား သူငယ်ချင်းတွေနဲ့အတူတူ ကရာတေးကစားရင်းနဲ့ ပျော်ရွှင်နေတာကို‌တွေ့ရပြန်ပါတယ်နော်။ နည်းမှန်လမ်းမှန်နဲ့ စနစ်တကျလေးကျင့်ရင်း ချွေးသံတရွှဲရွှဲနဲ့ ကရာတေးကစားနေတဲ့ အိစိကွေးရဲ့ ပုံရိပ်လေးတွေကို CeleZoneက သူ့ရဲ့ချစ်ပရိသတ်တွေအတွက်အခုပဲပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

 

Source : Eisi Kway
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 


 


