ပုဂံက ထီးလိုမင်းလိုဘုရား ရွှေထီးတော်တင်ကပ်လှူပူဇော်ပွဲမှာ ပါ၀င်ကုသိုလ်ယူခဲ့တဲ့ ခန့်စည်သူ

ဘာသာရေးတွေ အလှူအတန်းတွေဆိုရင်ရှေ့ဆုံးကနေဦး‌ဆောင်ပြီးပါ၀င်တတ်တဲ့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချောကတော့ သရုပ်ဆောင်ခန့်သည်သူပဲဖြစ်ပါတယ်။ သူဟာအကယ်ဒမီဆုကြီးကိုလည်းထိုက်ထိုက်တန်တန်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင် အလှူအတန်းနဲ့ပတ်သတ်ပြီးတော့လည်းဘွဲ့ပေါင်းများစွာကို ချီးမြှင့်ခြင်းခံထားခဲ့ရသူတစ်ယောက်ပါ။

အခုထက်ထိအောင် နှလုံးသားရေးကိုသိပ်ပြီးဦးစားမပေးဖြစ်ဘဲ သူချစ်တဲ့အလုပ်တွေနဲ့ မိသားစုအတွက်ကိုသာအချိန်ပေးဖြစ်နေတုန်းပါပဲ။ မကြာသေးခင် ရက်ပိုင်းမှာဆိုရင်လည်း သူ့ရဲ့ မိဘနှစ်ပါးဟာ ကျန်းမာရေးမကောင်းတဲ့အတွက် နှစ်ဦးစလုံးဆေးရုံမှာဆေးကုသမှုခံယူခဲ့ရပါသေးတယ်။ ဒါ့ကြောင့် သူရဲ့ချစ်ပရိသတ်‌တွေက ပရိသတ်တွေက ခန့်စည်သူတို့မိသားစုအတွက်စိုးရိမ်စိတ်တွေပိုခဲ့ရပါသေးတယ်။ ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ ခန့်စည်သူဟာ ကုသိုလ်ရေးလေးတွေကိုပြန်လည်လုပ်လာခဲ့ပြီဖြစ်တဲ့အတွက် ပရိသတ်တွေအနည်းငယ်စိတ်အေးခဲ့ရပါတယ်။

အခုလည်း သူဟာ ပုဂံမြေမှာ ကုသိုလ်ပြုနေတဲ့ပုံရိပ်လေးတွေနဲ့အတူ ” ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိထီးလို မင်းလိုဘုရား ရွှေထီးတော် တင်လှူပူဇော်ရာမှာ ပါဝင်ကုသိုလ်ယူခဲ့ပါတယ်။အလှူရှင်များနှင့်တကွ (၇)ရက်သား၊သမီးအပေါင်းသူတော်ကောင်းတို့တတွေ…ဘေးရန် ကင်းကြပါစေ။စိတ်ဆင်းရဲ ကင်းကြပါစေ။ကိုယ်ဆင်းရဲ ကင်းကြပါစေ။ကျန်းမာ၊ချမ်းသာစွာဖြင့် မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ ” ဆိုပြီးတော့ ဆုတောင်းတဲ့ စာသားလေးတွေကိုရေးသားပြီး သူ့ရဲ့ လူမှုစာမျက်နှာပေါ်ကနေချစ်ပရိသတ်တွေကိုမျှဝေပေးထားခဲ့ပါတယ်။ ကဲ… ပုဂံမြေမှာ သာသနာပြုရင်းကုသိုလ်ယူနေတဲ့ ခန့်စည်သူရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကြည်နူးသာဓုခေါ်လို့ရအောင် အခုပဲပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Kyaw Soe Win
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )


 




error: Content is protected !!