ဖေဖေ့ရဲ့မွေးနေ့မှာ မိသားစုနဲ့အတူ ပဲခူးတိုင်းရင်းဆေးရုံမှာအလှူပြုခဲ့တဲ့ သူရိယ

ချစ်ပရိသတ်တို့ရေ… နှုတ်ခမ်းနီမလေးတွေရဲ့၀န်းရံအားပေးခြင်းကိုခံထားရတဲ့ ပဲခူးသားသရုပ်ဆောင် မင်းသားချောလေး သူရိယဟာ ပရိသတ်အချစ်တော်လေးတစ်ယောက်ပါ။ သူဟာငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ ရင်းနှီးပြီးသားဖြစ်ပြီးတော့ စိန်ဘက်ယက်ဆေးကြော်ငြာလေးမှာ ကလေးသရုပ်ဆောင်လေးအဖြစ်ပါ၀င်ခဲ့ရာကနေ ပရိသတ်တွေသတိထားမိလာကြတာပဲဖြစ်ပါတယ်။

 

 

သူဟာ အရင်ကတည်းကအလှူအတန်းဝါသနာပါသူလေးတစ်ယောက်ဖြစ်တာကြောင့် လတ်တလောမှာလည်းတစ်နိုင်တစ်ပိုင် အလှူလေးတွေပြုပြီးကုသိုလ်ယူနေခဲ့တာကိုတွေ့ရပါတယ်။ သူရိယဟာ မကြာသေးခင်ကလည်း သာသနာ့ဘောင်ထဲကို၀င်ခဲ့တာကိုလည်းတွေ့ရပြီးတော့ ဘာသာရေးတွေကိုများများလုပ်ဖြစ်နေပါတယ်နော်။ သူဟာကုသိုလ်ရေးကိုလက်မနှေးတတ်သူပီပီအခုလည်း မိသားစုနဲ့အတူအလှူလေးတစ်ခုကိုလုပ်နေခဲ့ပြန်ပါတယ်။

 

ဒီနေ့ဟာဆိုရင်သူရိယ ဖခင်ဖြစ်သူရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပြီးတော့ ဖေဖေ့မွေးနေ့မှာ စိန်ဘယက်မိသားစုနဲ့အတူ မိသားစုအလှူလေးလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ပဲခူးမြို့က ကုတင် ၅၀ ဆန့် တိုင်းရင်းဆေးရုံမှာ ဒုတိယအကြိမ် ဖေဖေ့မွေးနေ့အမှတ်တရအနေနဲ့ အလှူပြုခဲ့တာပဲဖြစ်ပြီးတော့ သူ့ရဲ့ချစ်ပရိသတ်တွေကြည်နူးသာဓုခေါ်လို့ရအောင်သူ့ရဲ့လူမှု စာမျက်နှာပေါ်ကနေတဆင့်မျှဝေပေးထားတာကိုတွေ့ရပါတယ်။ ကဲ… အလှူလေးလုပ်ရင်းမိသားစုစုံစုံလင်လင်နဲ့ပျော်ရွှင်လို့နေတဲ့ သူရိယတို့ရဲ့ အလှူအမှတ်တရပုံရိပ်လေးတွေကို CeleZoneချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

 

Source : Thu Riya
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

ေဖေဖ့ရဲ႕ေမြးေန႔မွာ မိသားစုနဲ႔အတူ ပဲခူးတိုင္းရင္းေဆး႐ုံမွာအလႉျပဳခဲ့တဲ့ သူရိယ

 

ခ်စ္ပရိသတ္တို႔ေရ… ႏႈတ္ခမ္းနီမေလးေတြရဲ႕၀န္းရံအားေပးျခင္းကိုခံထားရတဲ့ ပဲခူးသားသ႐ုပ္ေဆာင္ မင္းသားေခ်ာေလး သူရိယဟာ ပရိသတ္အခ်စ္ေတာ္ေလးတစ္ေယာက္ပါ။ သူဟာငယ္ငယ္ကတည္းက ပရိသတ္ေတြရဲ႕ ရင္းႏွီးၿပီးသားျဖစ္ၿပီးေတာ့ စိန္ဘက္ယက္ေဆးေၾကာ္ျငာေလးမွာ ကေလးသ႐ုပ္ေဆာင္ေလးအျဖစ္ပါ၀င္ခဲ့ရာကေန ပရိသတ္ေတြသတိထားမိလာၾကတာပဲျဖစ္ပါတယ္။

သူဟာ အရင္ကတည္းကအလႉအတန္းဝါသနာပါသူေလးတစ္ေယာက္ျဖစ္တာေၾကာင့္ လတ္တေလာမွာလည္းတစ္ႏိုင္တစ္ပိုင္ အလႉေလးေတြျပဳၿပီးကုသိုလ္ယူေနခဲ့တာကိုေတြ႕ရပါတယ္။ သူရိယဟာ မၾကာေသးခင္ကလည္း သာသနာ့ေဘာင္ထဲကို၀င္ခဲ့တာကိုလည္းေတြ႕ရၿပီးေတာ့ ဘာသာေရးေတြကိုမ်ားမ်ားလုပ္ျဖစ္ေနပါတယ္ေနာ္။ သူဟာကုသိုလ္ေရးကိုလက္မေႏွးတတ္သူပီပီအခုလည္း မိသားစုနဲ႔အတူအလႉေလးတစ္ခုကိုလုပ္ေနခဲ့ျပန္ပါတယ္။

ဒီေန႔ဟာဆိုရင္ညသူရိယ ဖခင္ျဖစ္သူရဲ႕ ေမြးေန႔ရက္ျမတ္ေလးပဲျဖစ္ၿပီးေတာ့ ေဖေဖ့ေမြးေန႔မွာ စိန္ဘယက္မိသားစုနဲ႔အတူ မိသားစုအလႉေလးလုပ္ခဲ့တာပဲျဖစ္ပါတယ္။ ပဲခူးၿမိဳ႕က ကုတင္ ၅၀ ဆန္႔ တိုင္းရင္းေဆး႐ုံမွာ ဒုတိယအႀကိမ္ ေဖေဖ့ေမြးေန႔အမွတ္တရအေနနဲ႔ အလႉျပဳခဲ့တာပဲျဖစ္ၿပီးေတာ့ သူ႔ရဲ႕ခ်စ္ပရိသတ္ေတြၾကည္ႏူးသာဓုေခၚလို႔ရေအာင္သူ႔ရဲ႕လူမႈ စာမ်က္ႏွာေပၚကေနတဆင့္မွ်ေဝေပးထားတာကိုေတြ႕ရပါတယ္။ ကဲ… အလႉေလးလုပ္ရင္းမိသားစုစုံစုံလင္လင္နဲ႔ေပ်ာ္႐ႊင္လို႔ေနတဲ့ သူရိယတို႔ရဲ႕ အလႉအမွတ္တရပုံရိပ္ေလးေတြကို CeleZoneခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

error: Content is protected !!