အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးအခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ နိုင်ငံ‌တော်၏အကြီးအကဲများ

‌ဝါရင့်မင်းသားကြီးတစ်ယောက်လည်းဖြစ် မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို ရူထောင့်ပေါင်းစုံကနေမြင်နိုင်ဖို့အတွက် ဇာတ်လမ်းဇာတ်အိမ်ကောင်းစွာနဲ့ ရိုက်ကူးနေတဲ့ ဒါရိုက်တာတစ်ဦးလည်းဖြစ်တဲ့ မင်းသားကြီး လူမင်းက ဟိုအရင်အချိန်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားတဲ့ သူတစ်ဦးပါ။ စိတ်စေတနာ ပြည့်ဝတဲ့အပြင် ရုပ်ရှင်လောကရဲ့ ရှေ့ဆောင်လမ်းပြသူတစ်ဦးအနေနဲ့လည်း အရေးပါအရာ‌ရောက်တဲ့ သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေသာမက အားလုံး အနုပညာလောကမှာပါ လေးစားအားကျရတဲ့ သူတစ်‌ယောက်ဖြစ်ပါတယ်။

 

 

ယခုအခါမှာတော့ ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်မှာ စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကြောင်းကို အကောင်းဆုံးရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖန်တီးနိုင်ဖို့အတွက် ကြိုးစားပြင်ဆင်နေပြီဖြစ်ပါတယ်။ အဆိုပါ အောင်ဆန်းရုပ်ရှင်ဇာတ်ကား စတင်ရိုက်ကူးရေးအခမ်းအနားကို ခမ်းနားစွာကျင်းပပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားကို နိုင်ငံတော်၏အကြီးအကဲများလည်း တက်ရောက်ခဲ့ကြပါတယ်။

 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်၏သမ္မတဟောင်းဖြစ်တဲ့ သမ္မတဦးထင်ကျော်၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့ က တက်ရောက်ချီးမြှင့်ခဲ့ကြတဲ့ ပုံရိပ်တွေကို တွေ့မြင်ရမှာပါ။ အောင်ဆန်း ရုပ်ရှင် အကောင်းဆုံးဖြစ်မြှောက်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ အကြံပေးစကားများပြောကြားခဲ့ပြီး စကားလက်ဆုံကျခဲ့ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ ဒီတော့CeleZone ပရိသတ်တွေအတွက် အပြုံးလှတဲ့ အမေစုရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးပြီး အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးကို ဝန်းရံကြဖို့ အမှာစကားလေးပါးလိုက်ချင်ပါတယ်နော်။

 

 

Source:CeleGabar

NORA:CeleZone

(Zawgyi ြဖင့်ဖတ်ရန်)

ေအာင္ဆန္း ႐ုပ္ရွင္႐ိုက္ကူးေရးအခမ္းအနားကို တက္ေရာက္ခဲ့ၾကတဲ့ ႏိုင္ငံ‌ေတာ္၏အႀကီးအကဲမ်ား

‌ဝါရင့္မင္းသားႀကီးတစ္ေယာက္လည္းျဖစ္ ျမန္မာႏိုင္ငံရဲ႕ လိုအပ္ခ်က္ေတြကို ႐ူေထာင့္ေပါင္းစုံကေနျမင္ႏိုင္ဖို႔အတြက္ ဇာတ္လမ္းဇာတ္အိမ္ေကာင္းစြာနဲ႔ ႐ိုက္ကူးေနတဲ့ ဒါ႐ိုက္တာတစ္ဦးလည္းျဖစ္တဲ့ မင္းသားႀကီး လူမင္းက ဟိုအရင္အခ်ိန္ကတည္းက ပရိသတ္ေတြရဲ႕ အားေပးမႈကို မ်ားစြာရရွိထားတဲ့ သူတစ္ဦးပါ။ စိတ္ေစတနာ ျပည့္ဝတဲ့အျပင္ ႐ုပ္ရွင္ေလာကရဲ႕ ေရွ႕ေဆာင္လမ္းျပသူတစ္ဦးအေနနဲ႔လည္း အေရးပါအရာ‌ေရာက္တဲ့ သူတစ္ဦးျဖစ္တာေၾကာင့္ ပရိသတ္ေတြသာမက အားလုံး အႏုပညာေလာကမွာပါ ေလးစားအားက်ရတဲ့ သူတစ္‌ေယာက္ျဖစ္ပါတယ္။

ယခုအခါမွာေတာ့ ပရိသတ္ေတြၾကားမွာ အရမ္းကို ေရပန္းစားေနတဲ့ ေအာင္ဆန္း႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ မၾကာခင္မွာ စတင္႐ိုက္ကူးေတာ့မွာျဖစ္ပါတယ္။ ပရိသတ္ေတြေမွ်ာ္လင့္ထားတဲ့ အတိုင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ သမိုင္းေၾကာင္းကို အေကာင္းဆုံး႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကားဖန္တီးႏိုင္ဖို႔အတြက္ ႀကိဳးစားျပင္ဆင္ေနၿပီျဖစ္ပါတယ္။ အဆိုပါ ေအာင္ဆန္း႐ုပ္ရွင္ဇာတ္ကား စတင္႐ိုက္ကူးေရးအခမ္းအနားကို ခမ္းနားစြာက်င္းပျပဳလုပ္ခဲ့ၿပီး ထိုအခမ္းအနားကို ႏိုင္ငံေတာ္၏အႀကီးအကဲမ်ားလည္း တက္ေရာက္ခဲ့ၾကပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ‌ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ ႏိုင္ငံေတာ္၏သမၼတေဟာင္းျဖစ္တဲ့ သမၼတဦးထင္ေက်ာ္၊ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း တို႔ က တက္ေရာက္ခ်ီးျမႇင့္ခဲ့ၾကတဲ့ ပုံရိပ္ေတြကို ေတြ႕ျမင္ရမွာပါ။ ေအာင္ဆန္း ႐ုပ္ရွင္ အေကာင္းဆုံးျဖစ္ေျမႇာက္ေရးအတြက္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္မွ အႀကံေပးစကားမ်ားေျပာၾကားခဲ့ၿပီး စကားလက္ဆုံက်ခဲ့ပုံရိပ္ေလးေတြကို ျမင္ေတြ႕ရမွာပါ။ ဒီေတာ့CeleZone ပရိသတ္ေတြအတြက္ အၿပဳံးလွတဲ့ အေမစုရဲ႕ ပြဲတက္ပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးၿပီး ေအာင္ဆန္း႐ုပ္ရွင္ဇာတ္ကားႀကီးကို ဝန္းရံၾကဖို႔ အမွာစကားေလးပါးလိုက္ခ်င္ပါတယ္ေနာ္။