လူလည်ကောင်တွေကိုကြောက်လို့ ရည်းစားမထားဘူးလို့ပြောလာတဲ့ မေပန်းချီ 

Posted on

သူမကိုယ်သူမ တစ်တုတ်လေးကို အမြဲသုံးနှုန်းတတ်တဲ့ မေပန်းချီတစ်ယောက် ကတော့ သူမရဲ့လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှတွေနဲ့ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် အောင်မြင်နေတဲ့အနုပညာရှင် တစ်ယောက်ပါ ။ ပရိသတ်အချစ်တော် မေပန်းချီကတော့ ခန္ဓာကိုယ်ဖွံဖွံထွားထွားလေးနဲ့ ချစ်စရာအရမ်း ကောင်းတာကြောင့် အကိတ်လေးလို့ ပရိသတ်တွေကြား ရေပန်းစားနေသူလေးပဲဖြစ်ပါတယ် ။ သူမဟာ အနုပညာလောကမှာ ရပ်တည်နေတာအချိန်အတော်ကြာခဲ့ပြီးဖြစ်ပြီး သူမကို အား ပေးချစ်ခင်တဲ့ပရိသတ်တွေကလည်း အများအပြား ပါပဲ။

 

 

အနုပညာလမ်းကြောင်းပေါ်မှာ သူမလျောက်လှမ်းနေတာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပြီး ပရိသတ်အားပေးမှုလည်း အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ ၀၀ကစ်ကစ်လေးနဲ့ ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူမကို ဝတယ်လို့ ဝေဖန်သူတွေရှိနေပေမယ့် ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေကလည်းအများအပြားပါပဲ ။ မေပန်းချီရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်တွေကအထူးစိတ်ဝင်စားနေကြသလို အချစ်ရေးနဲ့ပတ်သက်ပြီး မေးနေသူတွေကို ” ကျွန်မလား ရည်းစားမထားတာ လူလည်ကောင်တွေကို ကြောက်လို့ တကယ်တော့ခါချနေရတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့အချစ်ရေးကို ပရိသတ်တွေသိအောင် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ်။

 

ငှက်ပျောတုန်းဖက်တာပဲအေးချမ်းပါတယ်လို့ မေပန်းချီက ပရိသတ်တွေကို အရွှန်းဖောက်စနောက်ခဲ့ပါသေးတယ် ။ လူလည်တွေကိုကြောက်လို့ ရည်းစားမထားသေးတဲ့ တစ်တုတ်လေးကတော့ ခါချနေရတဲ့ထိ ဝိုင်းဝိုင်းလည်နေတာပါတဲ့နော် ။ တစ်တုတ်ကိုချစ်တဲ့ ချစ်ပရိသတ်ကြီးလည်း အချစ်ရေးအခြေနေကိုသိရပြီဆိုတော့ မေပန်းချီလေးကို ဆက်လက်အားပေးကြပါဦးနော် ။

Source : May Panche
Emily ( Cele Zone)