Airpod တပ်ပြီးတော့ လူကြားထဲမှာပါ ကွေးနေအောင်ကနေတဲ့ အိမ့်ထရက်သျှာရဲ့ဗီဒီယိုဖိုင်

Posted on

ဘာဘီအရုပ်မလေးကို အရမ်းပဲချစ်စရာကောင်းတဲ့ မော်ဒယ်မလေးကတော့ အိမ့်ထရက်သျှာပဲဖြစ်ပါတယ်နော်။ စကားပြောတိုင်း သွက်သွက်လက်လက် လေးပြောတတ်တာကြောင့် ပရိသတ်တွေက အသည်းယားပြီးအချစ်ပိုနေခဲ့ရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမိုက်စား ခန္ဓာကိုယ်လှလှလေးကိုလည်းပိုင်ဆိုင်ထားတာကြောင့် ပုရိသပရိသတ်တွေသာမကဘဲ မိန်းကလေးပရိသတ်တွေရဲ့ ၀န်းရံအားပေးခြင်းကိုပါခံနေခဲ့ရပါတယ်။

လက်ရှိမှာဆိုရင်လည်း သူမဟာ သူမရဲ့ခန္ဓာကိုယ်လှလှလေးကိုထိန်းသိမ်းဖို့အတွက် Gym တွေဆော့ပြီး Boxingတွေကစားဖြစ်နေတာကိုတွေ့ရပါတယ်နော်။ ဒီလိုမျိုး အလှအပကို ဂရုစိုက်ရတာက သူမရဲ့ ဝါသနာလေးတစ်ခုလည်း အခြားဝါသနာတွေကတော့ သီချင်းဆိုတာနဲ့ ကတာပဲဖြစ်ပါတယ်။ သူမဟာ အသံချိုချိုလေးကိုပိုင်ဆိုင်ထားတဲ့ တက်သစ်စအဆိုတော်မလေးတစ်ယောက်လည်းဖြစ်ပြီး သူမဆိုထားတဲ့ကိုယ်ပိုင်သီချင်းလေးတွေဟာလည်း ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပါတယ်။

ဒီလို အဆို အကဝါသနာပါတဲ့ အိမ့်ထရက်သျှာတစ်ယောက် အခုလည်း နားနှစ်ဖက်မှာAirpodလေးတွေတပ်ပြီး သီချင်းတွေကို အကျယ်ကြီးဖွင့်ကာ Publicမှာကွေးနေအောင်ကနေတာကိုတွေ့ရပါတယ်နော်။ အစကတည်းက ရွှတ်နောက်နောက်နဲ့ မျက်နှာပြောင်တတ်သူလေးမို့ သူမရဲ့ အခွီတစ်လိုင်းအကဗီဒီယိုဖိုင်လေးတွေကိုလူမှုစာမျက်နှာပေါ်မှာ ပရိသတ်တွေဘ၀အမောပြေစေဖို့ တင်ထားခဲ့ပြန်ပါတယ်။ ကဲ… အိမ့်တစ်ယောက် လူကြားထဲ ဘယ်လိုတွေတောင်အခွီတလိုင်းကထားလဲဆိုတာကို ကြည့်လိုက်ကြပါအုန်း CeleZoneပရိသတ်ကြီးရေ…

Source : Eaint Treasure
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )


 


