သူငယ်ချင်းဖြစ်သူ ဟိန်းဝေယံတို့နဲ့အတူ ပုဂံမြေကိုရောက်ရှိလို့နေတဲ့ ထွန်းထွန်း

Posted on

ချစ်ပရိသတ်တို့ရေ… အဆိုလည်းကောင်း သရုပ်ဆောင်လည်းကောင်းတဲ့ မင်းသားချော အကယ်ဒမီထွန်းထွန်းဟာဆိုရင် လတ်တလောမှာ သူငယ်ချင်းဖြစ်သူဟိန်းဝေယံတို့နဲ့အတူ ပုဂံမြေကိုအလည်အပတ်ရောက်ရှိလို့နေခဲ့ပါတယ်နော်။ ထွန်းထွန်းဟာလက်ရှိမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကို ရိုက်ကူးနေရပြီးတော့ အားလပ်ချိန်ရှိတုန်းလေး ဒီခရီးစဉ်လေးမှာပါ၀င်ဖြစ်သွားခဲ့တာပါ။

 

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ သူပါ၀င်သရုပ်ဆောင်ထားတဲ့ “ငါ၏အမိန့်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ မတ်လ (၁၉)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာဆိုရင်တော့ ထွန်းထွန်းနဲ့အတူ အကယ်ဒမီမြင့်မြတ်၊ နေမျိုးအောင်၊ မိုးဟေကို၊ မေကဗျာတို့အပြင် အခြားသောအကယ်ဒမီဆုရှင်ဝါရင့်သရုပ်ဆောင်ကြီးတွေလည်း ပါ၀င်ပြီး ဒါရိုက်တာ စတီး( ဒွေးမေတ္တာ)ကနေပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

 

ထွန်းထွန်းဟာ အခုတစ်ခါမှာတော့ ပုဂံယဉ်ကျေးမှုနယ်မြေကို ခရီးလေးထွက်ခဲ့ပြီး ဒီခရီးလေးမှာတော့ ပြည်တော်ချစ်အနုပညာရှင်တွေဖြစ်တဲ့ဟိန်းဝေယံ၊၀င့်ယမုံနိုင်၊နန်းစန္ဒာလှထွန်း၊သန္တာဗိုလ် တို့လည်းပါ၀င်ခဲ့ကြပါတယ်။ သူဟာ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့အတူ တပျော်တပါးနဲ့ ခရီးလေးထွက်လာခဲ့ရတာ‌ဖြစ်လို့ စိတ်လက်ပေါ့ပါးပြီး အရမ်းလည်းပျော်နေတဲ့ပုံပါပဲ။ ကဲ…ထွန်းထွန်းတစ်ယောက် ပုဂံရောက်တုန်းလေးရိုက်ခဲ့တဲ့အမှတ်တရဓာတ်ပုံလေးတွေကို CeleZoneပရိသတ်တွေအတွက် အခုပဲမျှဝေပေးလိုက်ပါပြီနော်။

 

Source : Htin Aung Tun
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

 

သူငယ်ချင်းဖြစ်သူ ဟိန်းဝေယံတို့နဲ့အတူ ပုဂံမြေကိုရောက်ရှိလို့နေတဲ့ ထွန်းထွန်း

 


ချစ်ပရိသတ်တို့ရေ… အဆိုလည်းကောင်း သရုပ်ဆောင်လည်းကောင်းတဲ့ မင်းသားချော အကယ်ဒမီထွန်းထွန်းဟာဆိုရင် လတ်တလောမှာ သူငယ်ချင်းဖြစ်သူဟိန်းဝေယံတို့နဲ့အတူ ပုဂံမြေကိုအလည်အပတ်ရောက်ရှိလို့နေခဲ့ပါတယ်နော်။ ထွန်းထွန်းဟာလက်ရှိမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကို ရိုက်ကူးနေရပြီးတော့ အားလပ်ချိန်ရှိတုန်းလေး ဒီခရီးစဉ်လေးမှာပါဝင်ဖြစ်သွားခဲ့တာပါ။

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ “ငါ၏အမိန့်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ မတ်လ (၁၉)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာဆိုရင်တော့ ထွန်းထွန်းနဲ့အတူ အကယ်ဒမီမြင့်မြတ်၊ နေမျိုးအောင်၊ မိုးဟေကို၊ မေကဗျာတို့အပြင် အခြားသောအကယ်ဒမီဆုရှင်ဝါရင့်သရုပ်ဆောင်ကြီးတွေလည်း ပါဝင်ပြီး ဒါရိုက်တာ စတီး( ဒွေးမေတ္တာ)ကနေပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ထွန်းထွန်းဟာ အခုတစ်ခါမှာတော့ ပုဂံယဉ်ကျေးမှုနယ်မြေကို ခရီးလေးထွက်ခဲ့ပြီး ဒီခရီးလေးမှာတော့ ပြည်တော်ချစ်အနုပညာရှင်တွေဖြစ်တဲ့ဟိန်းဝေယံ၊ဝင့်ယမုံနိုင်၊နန်းစန္ဒာလှထွန်း၊သန္တာဗိုလ် တို့လည်းပါဝင်ခဲ့ကြပါတယ်။ သူဟာ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့အတူ တပျော်တပါးနဲ့ ခရီးလေးထွက်လာခဲ့ရတာ‌ဖြစ်လို့ စိတ်လက်ပေါ့ပါးပြီး အရမ်းလည်းပျော်နေတဲ့ပုံပါပဲ။ ကဲ…ထွန်းထွန်းတစ်ယောက် ပုဂံရောက်တုန်းလေးရိုက်ခဲ့တဲ့အမှတ်တရဓာတ်ပုံလေးတွေကို CeleZoneပရိသတ်တွေအတွက် အခုပဲမျှဝေပေးလိုက်ပါပြီနော်။