ညောင်(၁၀)ပင်အလှူမှာ တနိုင်တပိုင်နဲ့သာသနာ့၀န်ကိုထမ်းဆောင်ခဲ့လို့ ဂုဏ်ပြုမှတ်တမ်းရခဲ့တဲ့ ဆုပန်ထွာ

Posted on

ဟိုးတစ်ချိန်ကတည်းကနေ ဒီနေ့အထိပရိတ်သတ်တွေရဲ့အားပေးမှုတွေကို တစ်ခဲနက်ရရှိထားဆဲဖြစ်တဲ့ အဆိုတော် မင်းသမီးချောလေးကတော့ ဆုပန်ထွာပဲဖြစ်ပါတယ်။ သူမဟာလက်ရှိမှာဆိုရင် အေးချမ်းသာယာတဲ့ မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားခဲ့ပြီဖြစ်ပြီးတော့ အရမ်းကိုချစ်စရာကောင်းတဲ့ သားလေးRoar Roarကိုပိုင်ဆိုင်ခွင့်ရထားတဲ့ မိခင်တစ်ယောက်လည်းဖြစ်လို့နေပါပြီနော်။ သူမဟာအခုနောက်ပိုင်း‌တွေမှာဆိုရင် အရင်ကထက်ပိုပြီး အေးဆေးတည်ငြိမ်သူလေးအဖြစ်ကိုပြောင်းလဲဘာတာကိုတွေ့ရပါတယ်။

ဆုပန်ထွာဟာ အလှူအတန်းလည်းအရမ်းဝါသနာပါသူဖြစ်ပြီးတော့ ဘာသာတရားလည်းရိုသေကိုင်းရှိုင်းသူလေးတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ အပတ်တိုင်းမှာလည်း မအားတဲ့ကြားကနေဆွမ်းကပ် ဆွမ်းလောင်းလုပ်တဲ့အပြင် အဓိဌာန်တွေကိုလည်း မကြာခဏဆိုသလို၀င်လေ့ရှိပါတယ်။ အခုလည်း ပြီးခဲ့တဲ့ နှစ်က စွယ်တော်ဘုရား၀န်းထဲမှာ လှူခဲ့တဲ့ ညောင်(၁၀)ပင်အတွက် ဂုဏ်ပြုမှတ်တမ်း၀င်အလှူရှင်လေးတစ်ယောက်အဖြစ်နဲ့ မှတ်တမ်းလွှာလေးပေးအပ်ခြင်းခံခဲ့ရပြန်ပါတယ်နော်။

” ဒီနေ့ စွယ်တော်ဘုရားရဲ့ သံဃာ့နာယကဆရာ‌တော်ကြီးတွေနဲ့ဂေါပကအဖွဲ့ကနေ စွယ်တော်ဘုရားဝန်းအတွင်း ဗောဓိညောင်ပင်10ပင်ကို 9.5.2019ကတည်းက လှူဒါန်းခဲ့ကြတဲ့အတွက် သစ်တံခါးဘုန်းဘုန်းကြီးအားအမှူးထား၍ အလှူရှင်တွေအားလုံးအတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပါတယ်။ညကမှ ဂေါပကအဖွဲ့က ဂုဏ်ပြုမှတ်တမ်းလေးလာယူဖို့ဖုန်းဆက်တာမို့ လက်လှမ်းမှီရာမောင်နှမသုံးယောက်ပဲအခမ်းအနားလေးတက်ဖြစ်ပါတယ်။အလှူရှင်အားလုံးကိုယ်စားရေစက်ချအမျှပေးဝေဖြစ်ခဲ့ကြပါတယ်။ဗောဓိညောင်ပင်တောထဲ ကိုယ်တွေစုပြီးလုပ်‌ပေးခဲ့ကြတဲ့နေရာလေး အခုဆိုအရမ်းစည်ကားပြီး အဓိဌာန်ဝင်သူများနဲ့ပြည့်နေတာမို့ ရေစက်ချတဲ့အချိန် အလှူရှင်အားလုံးတစ်ယောက်ချင်းဆီတိုင်းအတွက်ပီတိများစွာနဲ့ပါ။” ဆိုပြီးတော့ သူမပါ၀င်ခဲ့တဲ့ တစ်နိုင်တစ်ပိုင်အလှူလေးကို ပရိသတ်တွေကြည်နူးသာဓုခေါ်လို့ရအောင် လူမှုစာမျက်နှာပေါ်ကနေတစ်ဆင့် မျှဝေပေးထားခဲ့တာပဲဖြစ်ပါတယ်နော်။

Source : Supan Htwar
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ေညာင္(၁၀)ပင္အလႉမွာ တႏိုင္တပိုင္နဲ႔သာသနာ့၀န္ကိုထမ္းေဆာင္ခဲ့လို႔ ဂုဏ္ျပဳမွတ္တမ္းရခဲ့တဲ့ ဆုပန္ထြာ

 

ဟိုးတစ္ခ်ိန္ကတည္းကေန ဒီေန႔အထိပရိတ္သတ္ေတြရဲ႕အားေပးမႈေတြကို တစ္ခဲနက္ရရွိထားဆဲျဖစ္တဲ့ အဆိုေတာ္ မင္းသမီးေခ်ာေလးကေတာ့ ဆုပန္ထြာပဲျဖစ္ပါတယ္။ သူမဟာလက္ရွိမွာဆိုရင္ ေအးခ်မ္းသာယာတဲ့ မိသားစုကမာၻေလးကို ပိုင္ဆိုင္ထားခဲ့ၿပီျဖစ္ၿပီးေတာ့ အရမ္းကိုခ်စ္စရာေကာင္းတဲ့ သားေလးRoar Roarကိုပိုင္ဆိုင္ခြင့္ရထားတဲ့ မိခင္တစ္ေယာက္လည္းျဖစ္လို႔ေနပါၿပီေနာ္။ သူမဟာအခုေနာက္ပိုင္း‌ေတြမွာဆိုရင္ အရင္ကထက္ပိုၿပီး ေအးေဆးတည္ၿငိမ္သူေလးအျဖစ္ကိုေျပာင္းလဲဘာတာကိုေတြ႕ရပါတယ္။

ဆုပန္ထြာဟာ အလႉအတန္းလည္းအရမ္းဝါသနာပါသူျဖစ္ၿပီးေတာ့ ဘာသာတရားလည္း႐ိုေသကိုင္းရႈိင္းသူေလးတစ္ေယာက္ဆိုရင္လည္းမမွားပါဘူး။ အပတ္တိုင္းမွာလည္း မအားတဲ့ၾကားကေနဆြမ္းကပ္ ဆြမ္းေလာင္းလုပ္တဲ့အျပင္ အဓိဌာန္ေတြကိုလည္း မၾကာခဏဆိုသလို၀င္ေလ့ရွိပါတယ္။ အခုလည္း ၿပီးခဲ့တဲ့ ႏွစ္က စြယ္ေတာ္ဘုရား၀န္းထဲမွာ လႉခဲ့တဲ့ ေညာင္(၁၀)ပင္အတြက္ ဂုဏ္ျပဳမွတ္တမ္း၀င္အလႉရွင္ေလးတစ္ေယာက္အျဖစ္နဲ႔ မွတ္တမ္းလႊာေလးေပးအပ္ျခင္းခံခဲ့ရျပန္ပါတယ္ေနာ္။

” ဒီေန႔ စြယ္ေတာ္ဘုရားရဲ႕ သံဃာ့နာယကဆရာ‌ေတာ္ႀကီးေတြနဲ႔ေဂါပကအဖြဲ႕ကေန စြယ္ေတာ္ဘုရားဝန္းအတြင္း ေဗာဓိေညာင္ပင္10ပင္ကို 9.5.2019ကတည္းက လႉဒါန္းခဲ့ၾကတဲ့အတြက္ သစ္တံခါးဘုန္းဘုန္းႀကီးအားအမႉးထား၍ အလႉရွင္ေတြအားလုံးအတြက္ ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ပါတယ္။ညကမွ ေဂါပကအဖြဲ႕က ဂုဏ္ျပဳမွတ္တမ္းေလးလာယူဖို႔ဖုန္းဆက္တာမို႔ လက္လွမ္းမွီရာေမာင္ႏွမသုံးေယာက္ပဲအခမ္းအနားေလးတက္ျဖစ္ပါတယ္။အလႉရွင္အားလုံးကိုယ္စားေရစက္ခ်အမွ်ေပးေဝျဖစ္ခဲ့ၾကပါတယ္။ေဗာဓိေညာင္ပင္ေတာထဲ ကိုယ္ေတြစုၿပီးလုပ္‌ေပးခဲ့ၾကတဲ့ေနရာေလး အခုဆိုအရမ္းစည္ကားၿပီး အဓိဌာန္ဝင္သူမ်ားနဲ႔ျပည့္ေနတာမို႔ ေရစက္ခ်တဲ့အခ်ိန္ အလႉရွင္အားလုံးတစ္ေယာက္ခ်င္းဆီတိုင္းအတြက္ပီတိမ်ားစြာနဲ႔ပါ။” ဆိုၿပီးေတာ့ သူမပါ၀င္ခဲ့တဲ့ တစ္ႏိုင္တစ္ပိုင္အလႉေလးကို ပရိသတ္ေတြၾကည္ႏူးသာဓုေခၚလို႔ရေအာင္ လူမႈစာမ်က္ႏွာေပၚကေနတစ္ဆင့္ မွ်ေဝေပးထားခဲ့တာပဲျဖစ္ပါတယ္ေနာ္။