သွေးထိုးစကားပြောတတ်တဲ့လူတချို့ကို ပညာသားပါပါစကားလေးတစ်ခွန်းနဲ့ တုန့်ပြန်လိုက်တဲ့ ဝါဆိုမိုးဦး

Posted on

လူငယ်အနုပညာရှင်စုံတွဲတွေထဲမှာ စိတ်ကောက်လိုက်ပြန်ချော့လိုက်နဲ့ တအားကိုလိုက်ဖက်ညီပြီး ချစ်ဖို့ကောင်းတဲ့ အနုပညာရှင်စုံတွဲလေးကတော့ သရုပ်ဆောင်ဝါဆိုမိုးဦးနဲ့ လူငယ်Rapperဖြိုးလေးတို့စုံတွဲပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေကိုယ်စီရရှိထားသလို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုလည်းအခိုင်အမာရရှိထားခဲ့ပါတယ်။

သူမတို့ဟာ မဖောက်မပြန်ဘဲ သစ္စာရှိရှိနဲ့ လက်တွဲခဲ့ကြလို့လည်း အခုလိုနှစ်ပေါင်းများစွာကြာတဲ့အထိ ခိုင်မြဲတဲ့ Relationshipလေးတစ်ခုအဖြစ် အားလုံးရဲ့အသိအမှတ်ပြု အားကျခြင်းတွေကိုခံနေခဲ့ရတာပဲဖြစ်ပါတယ်။ သူမတို့နှစ်ယောက် တစ်ယောက်တစ်ယောက်စိတ်ကောက်ကြတဲ့အခါတိုင်းမှာလည်း ဖြိုးလေးက အမြဲတမ်းလူကြီးလုပ်ပြီးစချော့နေရတာဖြစ်လို့ တကယ်ကိုကြည်နူးဖို့ကောင်းပြီး ပြီးပြည့်စုံတဲ့ Relationshipလေးတစ်ခုဖြစ်လို့နေခဲ့ရပါတယ်။

အခုတစ်ခါမှာတော့ သူမဟာ သူမတို့နှစ်ယောက်ကြားမှာ ကြား‌စကားတွေ သွေးထိုးစကားတွေပြောတတ်တဲ့ သူအချို့ကို ပညာသာပါပါစကားလုံးလေးတွေနဲ့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ” သူများပြောတဲ့စကားတွေနဲ့  ကိုယ့်ချစ်သူကို သံသယဝင်တယ်ဆိုတာ သူများပေးတဲ့ဓားနဲ့ ကိုယ့်ချစ်သူကို ထိုးလိုက်တာနဲ့အတူတူပဲ ” ဆိုပြီးတော့ ပရိသတ်တွေ လူ့ပတ်၀န်းကျင်မှာကြားဖူးနေကျစကားလေးတစ်ခွန်းနဲ့ တုန့်ပြန်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ကဲ… ဘယ်လိုပဲဖြစ်ဖြစ် အရမ်းကိုလိုက်ဖက်တဲ့ဝါဆိုတို့စုံတွဲလေး ဒီထက်မကပိုပိုပြီးအချစ်တွေတိုးတဲ့အပြင် သက်ဆုံးတိုင်ရိုးမြေကျပေါက်ဖက်နိုင်ဖို့အတွက် CeleZoneပရိသတ်ကြီးနဲ့အတူ ဆန္ဒပြုဆုတောင်းပေးလိုက်ပါတယ်နော်..

Source : Warso Moe Oo
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )


 


