၀တာကိုဝေဖန်နေကြသူတွေကြောင့် ပိန်ချင်ဇောနဲ့ဝိတ်လျှော့လိုက်တဲ့ အတွက် ကျန်းမာရေးထိခိုက်သွားတဲ့ ထက်ထက်မိုးဦး

Posted on

တစ်ချိန်က ဒိတ်ဒိတ်ကြဲ ကြော်ငြာရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်တဲ့ ထက်ထက်မိုးဦး တစ်ယောက် အနုပညာလှုပ်ရှားမှုတွေပြန်လုပ်နေပြီမို့ ပရိသတ်တွေက ဝမ်းသာမဆုံး ဖြစ်နေကြတာပါ ။ ချစ်စရာကောင်းတဲ့ ဟန်မူရာလေးကြောင့် ပရိသတ်အခိုင်အမာရရှိထားဆဲဖြစ်တဲ့ ထက်ထက် ဟာ ဝိတ်ချပြီးနောက် အနုပညာလောကထဲက တစ်ကျော့ပြန်လာချိန်မှာ အရင်လိုပဲ လှပနေဆဲပါပဲ။ ကြော်ငြာဘုရင်မလို့ တင်စားရလောက်အောင် ထက်ထက်ကြော်ငြာ တွေတိုင်းက ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပြီး အောင်မြင်ကျော်ကြားခဲ့တာတော့ ထက်ထက်ပရိသတ်တွေအားလုံးသိကြမယ်ထင်ပါတယ် ။

 

 

အနုပညာလောက ကနေ အတန်ကြာပျောက်ကွယ်သွားပေမယ့် ပရိသတ်တွေကတော့ ထက်ထက်ကို မမေ့မလျော့ ချစ်ခင်အားပေးနေကြဆဲဖြစ်ပါတယ် ။ အရင်က သွယ်သွယ်လျလျလေးနဲ့ချစ်စဖွယ်ကောင်းတဲ့ ထက်ထက်က ဝိတ်တွေတက်လာတဲ့အတွက် အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်ဖို့ ဝိတ်ချနေတယ်လို့သိရပါတယ် ။ လတ်တလောမှာတော့ ထက်ထက်တစ်ယောက် ပိန်ချင်လို့ အိပ်ချိန်လျော့ ထမင်းလျော့စားတာခေါင်းတွေမူးပီး သွေးပေါင်ကျနေလို့မကောင်းဘူးဖြစ်နေတယ် ဆိုတဲ့စာသားလေးနဲ့အတူ ဝိတ်ကျဖို့ကြိုးစားရင်း နေမကောင်းဖြစ်နေရကြောင်း ပရိသတ်တွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးခဲ့ပါတယ် ။

 

 

 

နေမကောင်း ဖြစ်လို့ဆေးတွေသောက်နေရပြီး ဝနေလို့ တချို့သော ရက်ရက်စက်စက် ပြောနေသူတွေကြောင့် စိတ်မကောင်းဖြစ်လို့ပိန်အောင် လုပ်မလို့ပါဆိုခံနိုင်ရည်ကမရှိ သောက်ရတဲ့ဆေးတွေကများ ဒါကဗိုက်ခွဲထားတဲ့အတွက်ပဲ ပါသေးတာ လည်ပင်းဆေးမပါသေးဘူးတခါတလေအဲ့ဆေးတွေမမြိုချင်တော့ဘူး စိတ်ညစ်လာပီ ဆိုပြီး ပရိသတ်တွေကို ရင်ဖွင့်ရေးသားထားတာလည်း တွေ့ရပါတယ် ။ ထက်ထက်ကိုချစ်ကြတဲ့ Cele Zone ပရိသတ်ကြီးကလည်း ထက်ထက် အမြန်ဆုံးကျန်းမာဖို့ ဆုမွန်ကောင်းလေးတွေ တောင်းပေးကြပါဦးနော် ။

Source : Htet Htet Moe Oo
Emily ( Cele Zone)