ဖန်တွေနဲ့အတူ မိသားစုတွေ့ဆုံပွဲလေး တစ်ခု ပြုလုပ်တော့မယ့် အက်စတာ

Posted on

Myanmar Idol Season-4 Winner ဆုရှင်လေး အက်စတာကတော့ ပြိုင်ပွဲပြီးထဲက အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာ ရလာခဲ့တဲ့ အဆိုတော်မလေးဖြစ်ပြီး သူမရဲ့ပရိသတ်တွေက သူမကိုဘယ်လောက်ထိချစ်ခင်အားပေးကြတယ်ဆိုတာတော့ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကြီးက သက်သေပါပဲ ။

 

 

ပြိုင်ပွဲပြီးကတည်းက ပရိသတ်တွေနဲ့ အေးအေးဆေးဆေး တွေ့မယ်လို့ စိတ်ကူးထားပေမယ့် ပွဲဆက်တွေများပြီး မအားလပ်တာနဲ့ မတွေ့ခဲ့ရတဲ့အတွက် ဒီလ Feb28 (28.2.2020) ရက်နေ့မှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ fan meeting ပွဲလေး လုပ်တော့မယ်လို့သိရပါတယ် ။ Fan meeting ဆိုတာထက် မိသားစုတွေ့ဆုံပွဲ လို့ပဲ သမီးကတော့ သတ်မှတ်ပါတယ်။ ချစ်ရတဲ့ မိသားစုလေးတွေဖြစ်တဲ့ White Nubes တွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံကြမယ်။ ဖြစ်နိုင်ရင် အနယ်နယ် အရပ်ရပ်မှာရှိတဲ့ White Nubes အားလုံးနဲ့ တစ်ပြိုင်နက် တွေ့ချင်ပါတယ်။ အားလုံးလာခဲ့ပေးကြဖို့ ဖိတ်ပါတယ်နော်ဆိုတဲ့ စာသားလေးနဲ့အတူ အက်စတာက အနယ်နယ်အရပ်ရပ်က သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကိုလူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဖိတ်ကြားခဲ့တာဖြစ်ပါတယ် ။

 

 

အဲ့နေ့မှာ သီချင်းတွေလဲ အများကြီးဆိုပြမယ် ၊ ဂိမ်းတွေဆော့ကြမယ် ၊ ဓါတ်ပုံတွေ ရိုက်ကြမယ်၊ ပရိသတ်တွေ အများကြီးနဲ့ အတူတူ ပျော်ပျော်ပါးပါး ညနေခင်းလေးကို ဖြတ်သန်းကြမှာဖြစ်ပြီး သူမရဲ့ Birthday Party ကိုပါ ပရိသတ်တွေနဲ့အတူတူ ထပ်ပြီးတော့ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ် ။ အက်စတာကိုချစ်ခင်ကြတဲ့ ချစ်ပရိသတ်တွေအတွက် ဒီပွဲလေးကို လွတ်သွားမှာဆိုးလို့ Cele Zone က သတင်းကောင်းပါးပေးလိုက်ပါတယ်နော် ။

Source : Esther DCS
Emily ( Cele Zone )