ပရိသတ်တွေမသိသေးတဲ့ သမီးလေးရဲ့သိတတ်လိမ္မာမှုတွေကိုထုတ်ပြောပြလိုက်တဲ့ အေသင်ချိုဆွေ

Posted on

ဒိတ်ဒိတ်ကြဲ အဆိုတော်မလေး အေသင်ချိုဆွေနဲ့ သမီးလေးlvyတို့ဟာ လက်ရှိမှာ ပရိသတ်တွေရဲ့အချစ်တွေကိုများစွာပိုင်ဆိုင်ထား‌နေရပါတယ်။ သမီးလေးlvyဟာအရွယ်လေးနဲ့မလိုက်အောငခကိုမေမေ့အပေါ်ကို သိတတ်နားလည်တဲ့ ကလေးတစ်ယောက်မို့ ပရိသတ်တွေကအချစ်တွေပိုနေခဲ့ရတာပဲဖြစ်ပါတယ်။ဒါကြောင့် ခုတစ်ခါမှာ မေမေအေသင်က အရမ်းကိုဉာဉ်ကောင်းတဲ့ သမီးလေးရဲ့အကြောင်းကို သူမရဲ့ချစ်ပရိသတ်တွေကို ထုတ်ပြောပြခဲ့ပါတယ်။

” ဘယ်တော့ မှ အိပ်ခါနီး ဂျီမကြဘူး(နေမကောင်းဖြစ်နေရင် တခါတလေ ဂျီတာပေါ့) လူကြားထဲရောက်ရင်လည်း ဘယ်တော့ အော်ငို တာမျိုးမရှိဘူး၊ သူ့ကို ဝိုင်းချစ်ကြမှန်းသိတော့ ဓါတ်ပုံတယောက်ပီးတယောက်ရိုက်ကြလည်း စိတ်ရှည် သည်းခံရှာတယ်။ အမေ စကားကို လူရှေ့သူရှေ့ဆိုပိုလိုက်နာတယ်၊ သေချာပြောပြရင် နားလည်ပေးတယ်။ ပြီးတော့ အလိုက်သိတယ်၊ မျက်နှာကြည့်နေတတ်တယ်။ ကြင်နာတတ်တယ်။ မေမေ ကူဆော့မပေးနိုင်လည်း တယောက် တည်း ခလေးတွေပြောပီးဆော့နေတာပဲ။ ပြောရမယ်ဆို အကောင်းတွေချည်းပါပဲ။” ဆိုပြီးတော့ ချစ်စရာကောင်းတဲ့ သမီးlvyလေးရဲ့အကြောင်းကို ပြောပြခဲ့တာပဲဖြစ်ပါတယ်။

ပြီးတော့ lvyလေးကို ပိုင်ဆိုင်ရတဲ့အတွက် ဘယ်လောက်တောင်ပျော်နေခဲ့လဲဆိုတာကို”  ဒီမေမေ ဘယ်လောက်ကံကောင်းလဲ မေမေ ကိုလည်း အရမ်းချစ်တဲ့ခလေး…မေမေ ကံကောင်းလိုက်တာသမီးရေ…မေမေ ပြောနေကျလိုပေါ့ မေမေ အရမ်းဆိုးနေလို ဘုရားက မေမေကို ထိန်းဖို့ အတွက် နတ်သမီး လေးတစ်ပါး စေလွှတ်လိုက်တဲ့ အတိုင်းပါပဲ။ ” ဆိုပြီးတော့ သမီးလေးကိုချစ်မ၀ကြောင်းပြောပြထားခဲ့ပါတယ်။ ဒါ့အပြင် မေမေဖုန်းပြောနေတာကို မစောင့်နိုင်ပေမယ့် ဂျီမကျပဲ အိပ်သွားတဲ့ သမီးလေးရဲ့ဗီဒီယိုဖိုင်လေးကိုလည်း အေသင်က သူမရဲ့လူမှုစာမျက်နှာပေါ်‌တင်ထားခဲ့ပါတယ်။ ကဲ… CeleZoneပရိသတ်ကြီးကော ဒီလိုသိတတ်လိမ္မာတဲ့ သားသမီးလေး‌တစ်ယောက်လောက်မပိုင်ဆိုင်ချင်ကြဘူးလား?ပြောသွားကြပါအုန်းနော်…

Source : Athen Cho Swe
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ပရိသတ္ေတြမသိေသးတဲ့ သမီးေလးရဲ႕သိတတ္လိမၼာမႈေတြကိုထုတ္ေျပာျပလိုက္တဲ့ ေအသင္ခ်ိဳေဆြ

 

ဒိတ္ဒိတ္ႀကဲ အဆိုေတာ္မေလး ေအသင္ခ်ိဳေဆြနဲ႔ သမီးေလးlvyတို႔ဟာ လက္ရွိမွာ ပရိသတ္ေတြရဲ႕အခ်စ္ေတြကိုမ်ားစြာပိုင္ဆိုင္ထား‌ေနရပါတယ္။ သမီးေလးlvyဟာအ႐ြယ္ေလးနဲ႔မလိုက္ေအာငခကိုေမေမ့အေပၚကို သိတတ္နားလည္တဲ့ ကေလးတစ္ေယာက္မို႔ ပရိသတ္ေတြကအခ်စ္ေတြပိုေနခဲ့ရတာပဲျဖစ္ပါတယ္။ဒါေၾကာင့္ ခုတစ္ခါမွာ ေမေမေအသင္က အရမ္းကိုဉာဥ္ေကာင္းတဲ့ သမီးေလးရဲ႕အေၾကာင္းကို သူမရဲ႕ခ်စ္ပရိသတ္ေတြကို ထုတ္ေျပာျပခဲ့ပါတယ္။

” ဘယ္ေတာ့ မွ အိပ္ခါနီး ဂ်ီမၾကဘူး(ေနမေကာင္းျဖစ္ေနရင္ တခါတေလ ဂ်ီတာေပါ့) လူၾကားထဲေရာက္ရင္လည္း ဘယ္ေတာ့ ေအာ္ငို တာမ်ိဳးမရွိဘူး၊ သူ႔ကို ဝိုင္းခ်စ္ၾကမွန္းသိေတာ့ ဓါတ္ပုံတေယာက္ပီးတေယာက္႐ိုက္ၾကလည္း စိတ္ရွည္ သည္းခံရွာတယ္။ အေမ စကားကို လူေရွ႕သူေရွ႕ဆိုပိုလိုက္နာတယ္၊ ေသခ်ာေျပာျပရင္ နားလည္ေပးတယ္။ ၿပီးေတာ့ အလိုက္သိတယ္၊ မ်က္ႏွာၾကည့္ေနတတ္တယ္။ ၾကင္နာတတ္တယ္။ ေမေမ ကူေဆာ့မေပးႏိုင္လည္း တေယာက္ တည္း ခေလးေတြေျပာပီးေဆာ့ေနတာပဲ။ ေျပာရမယ္ဆို အေကာင္းေတြခ်ည္းပါပဲ။” ဆိုၿပီးေတာ့ ခ်စ္စရာေကာင္းတဲ့ သမီးlvyေလးရဲ႕အေၾကာင္းကို ေျပာျပခဲ့တာပဲျဖစ္ပါတယ္။

ၿပီးေတာ့ lvyေလးကို ပိုင္ဆိုင္ရတဲ့အတြက္ ဘယ္ေလာက္ေတာင္ေပ်ာ္ေနခဲ့လဲဆိုတာကို” ဒီေမေမ ဘယ္ေလာက္ကံေကာင္းလဲ… ေမေမ ကိုလည္း အရမ္းခ်စ္တဲ့ခေလး…ေမေမ ကံေကာင္းလိုက္တာသမီးေရ…ေမေမ ေျပာေနက်လိုေပါ့ ေမေမ အရမ္းဆိုးေနလို ဘုရားက ေမေမကို ထိန္းဖို႔ အတြက္ နတ္သမီး ေလးတစ္ပါး ေစလႊတ္လိုက္တဲ့ အတိုင္းပါပဲ။ ” ဆိုၿပီးေတာ့ သမီးေလးကိုခ်စ္မ၀ေၾကာင္းေျပာျပထားခဲ့ပါတယ္။ ဒါ့အျပင္ ေမေမဖုန္းေျပာေနတာကို မေစာင့္ႏိုင္ေပမယ့္ ဂ်ီမက်ပဲ အိပ္သြားတဲ့ သမီးေလးရဲ႕ဗီဒီယိုဖိုင္ေလးကိုလည္း ေအသင္က သူမရဲ႕လူမႈစာမ်က္ႏွာေပၚ‌တင္ထားခဲ့ပါတယ္။ ကဲ… CeleZoneပရိသတ္ႀကီးေကာ ဒီလိုသိတတ္လိမၼာတဲ့ သားသမီးေလး‌တစ္ေယာက္ေလာက္မပိုင္ဆိုင္ခ်င္ၾကဘူးလား?ေျပာသြားၾကပါအုန္းေနာ္…