မအိအိအောင်အဖြစ်နဲ့ ရွှေစက်တော်ကို ပထမဆုံးစရောက်ခဲ့တုန်းက အမှတ်တရပုံရိပ်လေးတွေကို ထုတ်ပြလိုက်တဲ့ အေးမြတ်သူ

Posted on

ပရိသတ်တွေ မမမြတ်လေးဆိုပြီးချစ်စနိုးနဲ့ ခေါ်နေကြတဲ့ မင်းသမီးချောလေးအေးမြတ်သူဟာ လတ်တလောမှာ ရွှေစက်တော်ကိုရောက်ရှိလို့နေပါတယ်နော်။ သူမဟာ ဒီရက်ပိုင်းမှာခရီးတွေဆက်တိုက်တိုသလိုထွက်ဖြစ်နေပြီးတော့ ပအိုဝ်းတိုင်းရင်းသားတွေသီးသန့်အုပ်ချုပ်တဲ့ ဟိုပုံးမြို့လေးနဲ့ လာရှိုးကိုလည်း မကြာခင်ကသွားရောက်လည်ပတ်ခဲ့ပါသေးတယ်။

ရွှေစက်တော်ဟာ သူမရဲ့ ငယ်စဉ်ဘ၀အမှတ်တရတွေအပြည့်ရှိတဲ့နေရာလေးဖြစ်လို့ ငယ်ငယ်က ပထမဆုံးရွှေစက်တော်ကိုရောက်ရှိခဲ့စဉ် အမှတ်တရပုံရိပ်လေးနဲ့ ငယ်ဘ၀အကြောင်းလေးကို မျှဝေပြောပြထားခဲ့ပါတယ်။ ” ပထဆုံး မန်းရွှေစက်တော် ကို ရောက်ဖူးတာ အသက်၄နှစ်အရွယ်….. အိအိအောင်။ ဒုတိယအကြိမ် …မန်းရွှေစက်တော်. ကို ထပ်ရောက်တော့ အသက် ၃၄နှစ် အရွယ် …. အေးမြတ်သူ နှစ်ပေါင်း ၃၀ ကြာမှထပ်ရောက်ဖြစ်ခဲ့တယ် ” ဆိုပြီးတော့ ခုမှရွှေစက်တော်ကို နောက်တစ်ခေါက်ပြန်ရောက်ဖြစ်ခဲ့တဲ့ အကြောင်းကိုပြောပြခဲ့တယ်။

“ဒီလို မန်းချောင်းရေတွေ … ဒီလိုချောင်းပေါ်ကတဲအိမ်လေးရယ် …. ဘောကွင်းကြီးတကွင်းကိုမျက်နှာခြင်းဆိုင်စီးကြတာတွေ … အညာလက်ရာအိမ်ချက်လေးတွေစားရတာတွေက…. အချိန်တိုင်းမရနိုင်ဘူးရှင့်…တနှစ်မှာ ၃လ ဆိုတဲ့အချိန်လေးသာရတဲ့  ..မင်းဘူးမန်းရွှေစက်တော်ဘုရားပွဲတော် အချိန်လေးပါ….” ဆိုပြီး အရမ်းကိုပျော်စရာကောင်းတဲ့မင်းဘူးက အမှတ်တရတွေကိုထုတ်ပြောပြခဲ့ပြန်ပါတယ်။ ဒါ့အပြင် သူမရွှေစက်တော်ရောက်တုန်းကူညီပေးခဲ့တဲ့ သူတွေတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်စကားဆိုပြီးတော့ ချစ်ရတဲ့ ပရိသတ်တွေအတွက်လည်း ဆု‌မွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။ ကဲ… ဒီတော့ (၄) နှစ်သမီးအရွယ် မအိအိအောင်နဲ့ (၃၄)နှစ်သမီးအရွယ် အေးမြတ်သူတို့ ဘာတွေကွားခြားသွားခဲ့ပြီလဲဆိုတာ ကြည့်လိုက်ကြပါအုန်း CeleZoneချစ်ပရိသတ်တို့ရေ…

Source : Aye Myat Thu
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

မအိအိေအာင္အျဖစ္နဲ႔ ေ႐ႊစက္ေတာ္ကို ပထမဆုံးစေရာက္ခဲ့တုန္းက အမွတ္တရပုံရိပ္ေလးေတြကို ထုတ္ျပလိုက္တဲ့ ေအးျမတ္သူ

 

ပရိသတ္ေတြ မမျမတ္ေလးဆိုၿပီးခ်စ္စႏိုးနဲ႔ ေခၚေနၾကတဲ့ မင္းသမီးေခ်ာေလးေအးျမတ္သူဟာ လတ္တေလာမွာ ေ႐ႊစက္ေတာ္ကိုေရာက္ရွိလို႔ေနပါတယ္ေနာ္။ သူမဟာ ဒီရက္ပိုင္းမွာခရီးေတြဆက္တိုက္တိုသလိုထြက္ျဖစ္ေနၿပီးေတာ့ ပအိုဝ္းတိုင္းရင္းသားေတြသီးသန႔္အုပ္ခ်ဳပ္တဲ့ ဟိုပုံးၿမိဳ႕ေလးနဲ႔ လာရႈိးကိုလည္း မၾကာခင္ကသြားေရာက္လည္ပတ္ခဲ့ပါေသးတယ္။

ေ႐ႊစက္ေတာ္ဟာ သူမရဲ႕ ငယ္စဥ္ဘ၀အမွတ္တရေတြအျပည့္ရွိတဲ့ေနရာေလးျဖစ္လို႔ ငယ္ငယ္က ပထမဆုံးေ႐ႊစက္ေတာ္ကိုေရာက္ရွိခဲ့စဥ္ အမွတ္တရပုံရိပ္ေလးနဲ႔ ငယ္ဘ၀အေၾကာင္းေလးကို မွ်ေဝေျပာျပထားခဲ့ပါတယ္။ ” ပထဆုံး မန္းေ႐ႊစက္ေတာ္ ကို ေရာက္ဖူးတာ အသက္၄ႏွစ္အ႐ြယ္….. အိအိေအာင္။ ဒုတိယအႀကိမ္ …မန္းေ႐ႊစက္ေတာ္. ကို ထပ္ေရာက္ေတာ့ အသက္ ၃၄ႏွစ္ အ႐ြယ္ …. ေအးျမတ္သူ ႏွစ္ေပါင္း ၃၀ ၾကာမွထပ္ေရာက္ျဖစ္ခဲ့တယ္ ” ဆိုၿပီးေတာ့ ခုမွေ႐ႊစက္ေတာ္ကို ေနာက္တစ္ေခါက္ျပန္ေရာက္ျဖစ္ခဲ့တဲ့ အေၾကာင္းကိုေျပာျပခဲ့တယ္။

“ဒီလို မန္းေခ်ာင္းေရေတြ … ဒီလိုေခ်ာင္းေပၚကတဲအိမ္ေလးရယ္ …. ေဘာကြင္းႀကီးတကြင္းကိုမ်က္ႏွာျခင္းဆိုင္စီးၾကတာေတြ … အညာလက္ရာအိမ္ခ်က္ေလးေတြစားရတာေတြက…. အခ်ိန္တိုင္းမရႏိုင္ဘူးရွင့္…တႏွစ္မွာ ၃လ ဆိုတဲ့အခ်ိန္ေလးသာရတဲ့ ..မင္းဘူးမန္းေ႐ႊစက္ေတာ္ဘုရားပြဲေတာ္ အခ်ိန္ေလးပါ….” ဆိုၿပီး အရမ္းကိုေပ်ာ္စရာေကာင္းတဲ့မင္းဘူးက အမွတ္တရေတြကိုထုတ္ေျပာျပခဲ့ျပန္ပါတယ္။ ဒါ့အျပင္ သူမေ႐ႊစက္ေတာ္ေရာက္တုန္းကူညီေပးခဲ့တဲ့ သူေတြတစ္ေယာက္ခ်င္းစီတိုင္းကိုေက်းဇူးတင္စကားဆိုၿပီးေတာ့ ခ်စ္ရတဲ့ ပရိသတ္ေတြအတြက္လည္း ဆု‌မြန္ေကာင္းေတာင္းေပးထားခဲ့ပါတယ္။ ကဲ… ဒီေတာ့ (၄) ႏွစ္သမီးအ႐ြယ္ မအိအိေအာင္နဲ႔ (၃၄)ႏွစ္သမီးအ႐ြယ္ ေအးျမတ္သူတို႔ ဘာေတြကြားျခားသြားခဲ့ၿပီလဲဆိုတာ ၾကည့္လိုက္ၾကပါအုန္း CeleZoneခ်စ္ပရိသတ္တို႔ေရ…