ဖေဖေနဲ့ မေမေရဲ့ပုံတွေကို ကြည့်ပြီး ဟားတိုက်ဂျစ်တူးလုပ်နေတဲ့ ခေတ်နဲ့သစ်

Posted on

အနုပညာရှင် ဇနီးမောင်နှံတွေထဲမှာ ရှေ့သွားနောက်လိုက်ညီတဲ့ အလိုက်ဖက်ဆုံစုံတွဲလေးကတော့ ‌အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့စုံတွဲပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လက်ရှိမှာဆိုရင်အရမ်းကိုပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်စုကို ဖန်တီးထားနိုင်ခဲ့ပြီး ပရိသတ်တွေကလည်းအားကျလို့နေခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ချစ်စရာကောင်းလှတဲ့ ခေတ်နဲ့သစ်ဆိုတဲ့ အမွှာသမီးလေးနှစ်ယောက်ဟာ ပရိသတ်တွေရဲ့ အချစ်တွေကိုများစွာပိုင်ဆိုင်ထားခဲ့ပါတယ်။

လတ်တလောမှာဆိုရင် သူတို့ကလေးနှစ်ယောက်နာမည်နဲ့ တည်ထောင်ထားတဲ့ ခေတ်နဲ့သစ်ဖောင်ဒေးရှင်းဟာဆိုရင် တစ်နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။
ခေတ်နဲ့သစ်ဟာ ဖေဖေနဲ့မေမေရဲ့စကားဆိုရင်လည်းအရမ်းပဲနားထောင်တတ်ပြီးတော့ လူလည်လည်းတအားကျတတ်တဲ့ ညီအမနှစ်ယောက်ဖြစ်လို့ လင်းလင်းနဲ့ ချစ်သုဝေကတော့ အသည်းစွဲအောင်ချစ်လို့နေခဲ့ရပါတယ်။ နှစ်ယောက်စလုံးဟာသင်လွယ်တတ်လွယ်ကလေးတွေမို့ မြင်သူတိုင်းကလည်း ချစ်မဝဖြစ်နေခဲ့ရပါတယ်နော်။

အခုလည်းဖေဖေနဲ့မေမေဓာတ်ပုံရိုက်နေတာလေးတွေကို နေကြည့်ပြီးထိုင်ခွီနေတဲ့ခေတ်နဲ့သစ်တို့နှစ်ယောက်ကြောင့် ဖေဖေနဲ့မေမေတို့အသည်းယားခဲ့ရပါတယ်။ ဒါကြောင့် လင်းလင်းက သူ့ရဲ့ လူမှုစာမျက်နှာပေါ်ကနေ ” ကိုယ်တို့ မောင်နှစ်မနှစ်ယောက်ပုံများအား… ဟားတိုက် ဂျစ်တူးနေသော…ဒင်းတို့နှစ်ယောက် ” ဆိုတဲ့ အခွီတလိုင်း Captionလေးနဲ့အတူ မိသားစုတွေ ခရီးထွက်တုန်းအမှတ်တရပုံရိပ်လေးတွေကိုတင်ထားခဲ့ပါတယ်။ ကဲ… ခေတ်နဲ့သစ်တို့ ‌ညီအမနှစ်ယောက် ဖေဖေနဲ့မေမေဓာတ်ပုံရိုက်နေတာကိုဘယ်လိုတောင်ခွီနေကြလဲဆိုတာ ကြည့်လိုက်ပါအုန်း CeleZoneပရိသတ်ကြီးရေ

Source : Htwe Lynn Ko
Steven : CeleZone

(Zawgyiဖြင့်ဖတ်ရန်။ )

ေဖေဖနဲ႔ ေမေမရဲ႕ပုံေတြကို ၾကည့္ၿပီး ဟားတိုက္ဂ်စ္တူးလုပ္ေနတဲ့ ေခတ္နဲ႔သစ္

 

အႏုပညာရွင္ ဇနီးေမာင္ႏွံေတြထဲမွာ ေရွ႕သြားေနာက္လိုက္ညီတဲ့ အလိုက္ဖက္ဆုံစုံတြဲေလးကေတာ့ ‌အဆိုေတာ္ လင္းလင္းနဲ႔ ခ်စ္သုေဝတို႔စုံတြဲပဲျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ လက္ရွိမွာဆိုရင္အရမ္းကိုေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုေလးတစ္စုကို ဖန္တီးထားႏိုင္ခဲ့ၿပီး ပရိသတ္ေတြကလည္းအားက်လို႔ေနခဲ့ရပါတယ္။ ဒါ့အျပင္ သူတို႔ရဲ႕ ခ်စ္စရာေကာင္းလွတဲ့ ေခတ္နဲ႔သစ္ဆိုတဲ့ အမႊာသမီးေလးႏွစ္ေယာက္ဟာ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကိုမ်ားစြာပိုင္ဆိုင္ထားခဲ့ပါတယ္။

လတ္တေလာမွာဆိုရင္ သူတို႔ကေလးႏွစ္ေယာက္နာမည္နဲ႔ တည္ေထာင္ထားတဲ့ ေခတ္နဲ႔သစ္ေဖာင္ေဒးရွင္းဟာဆိုရင္ တစ္ႏွစ္ျပည့္သြားခဲ့ၿပီပဲျဖစ္ပါတယ္။
ေခတ္နဲ႔သစ္ဟာ ေဖေဖနဲ႔ေမေမရဲ႕စကားဆိုရင္လည္းအရမ္းပဲနားေထာင္တတ္ၿပီးေတာ့ လူလည္လည္းတအားက်တတ္တဲ့ ညီအမႏွစ္ေယာက္ျဖစ္လို႔ လင္းလင္းနဲ႔ ခ်စ္သုေဝကေတာ့ အသည္းစြဲေအာင္ခ်စ္လို႔ေနခဲ့ရပါတယ္။ ႏွစ္ေယာက္စလုံးဟာသင္လြယ္တတ္လြယ္ကေလးေတြမို႔ ျမင္သူတိုင္းကလည္း ခ်စ္မဝျဖစ္ေနခဲ့ရပါတယ္ေနာ္။

အခုလည္းေဖေဖနဲ႔ေမေမဓာတ္ပုံ႐ိုက္ေနတာေလးေတြကို ေနၾကည့္ၿပီးထိုင္ခြီေနတဲ့ေခတ္နဲ႔သစ္တို႔ႏွစ္ေယာက္ေၾကာင့္ ေဖေဖနဲ႔ေမေမတို႔အသည္းယားခဲ့ရပါတယ္။ ဒါေၾကာင့္ လင္းလင္းက သူ႔ရဲ႕ လူမႈစာမ်က္ႏွာေပၚကေန ” ကိုယ္တို႔ ေမာင္ႏွစ္မႏွစ္ေယာက္ပုံမ်ားအား… ဟားတိုက္ ဂ်စ္တူးေနေသာ…ဒင္းတို႔ႏွစ္ေယာက္ ” ဆိုတဲ့ အခြီတလိုင္း Captionေလးနဲ႔အတူ မိသားစုေတြ ခရီးထြက္တုန္းအမွတ္တရပုံရိပ္ေလးေတြကိုတင္ထားခဲ့ပါတယ္။ ကဲ… ေခတ္နဲ႔သစ္တို႔ ‌ညီအမႏွစ္ေယာက္ ေဖေဖနဲ႔ေမေမဓာတ္ပုံ႐ိုက္ေနတာကိုဘယ္လိုေတာင္ခြီေနၾကလဲဆိုတာ ၾကည့္လိုက္ပါအုန္း CeleZoneပရိသတ္ႀကီးေရ…

[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]