(၂၀၁၉) ခုနှစ် အမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆုရှင်တွေအဖြစ်ယာထားခြင်းခံရတဲ့ နာမည်ကြီး မင်းသမီး (၄) ယောက်

Posted on

Cele Zone ပရိသတ်ကြီးရေ အနုပညာရှင်တွေနဲ့ ပရိသတ်တွေအားလုံး မျှော်လင့်စောင့်စားနေကြတဲ့ (၂၀၁၉) ခုနှစ်အကယ်ဒမီထူးချွန် ဆုပေးပွဲ အခမ်းအနားကြီးကတော့ မတ်လ (၂၉) ရက်နေ့မှာ ပြုလုပ်ကျင်းပမှာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ပရိသတ်တွေကတော့ အကယ်ဒမီရနိုင်ချေရှိတဲ့ အနုပညာရှင်တွေကို ခန့်မှန်းခဲ့ကြပြီး သူတို့ချစ်တဲ့ အနုပညာရှင်တွေကို အကယ်ဒမီဆုရှင်တွေအဖြစ် မြင်တွေ့ချင်ကြတာတော့ထုံးစံပါပဲ ။ ဒီနှစ်မှာလည်း အကောာင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင် မင်းသမီး (၄) ယောက်ပေါ်ထွက်လာခဲ့ပါတယ် ။

 

အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ဒီနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာ ရင်ခုန်ရမယ့်မင်းသမီး (၄ ) ယောက်ကတော့ အိန္ဒြာကျော်ဇင် ၊ ဝတ်မှုံရွှေရည် ၊ ပိုင်ဖြိုးသုနဲ့ သက်မွန်မြင့် တို့ပဲဖြစ်ပါတယ် ။ အိန္ဒြာကျော်ဇင်ကတော့ ကျွန်မအချစ်ဆုံးယောက်ျား သုံးယောက် ၊ ရိုးမပေါ်ကျတဲ့ မျက်ရည် ၊ ညစ်တွန်း ၊ ဟစ်တိုင် ၊ Box No -88 ၊ ရူးအောင်ချစ်မယ့်သူ ဇာတ်ကားများဖြင့်လည်းကောင်း ၊ ဝတ်မှုံရွှေရည်ကတော့ ဒဏ္ဍာရီမိုး ၊ လိပ်ပြာစံအိမ် ၊ တိမ်တွေပေါ်ကပန်း ဇာတ်ကားများဖြင့်လည်းကောင်း ၊ ပိုင်ဖြိုးသုကတော့ ဗိုလ်နေတိုး ၊ ထာဝရနှောင်ကြိုး ဇာတ်ကားများဖြင့်လည်းကောင်း ၊ သက်မွန်မြင့်ကတော့ ချည် ၊ ဗိုလ်နေတိုး ဇာတ်ကားများဖြင့်လည်းကောင်း အကယ်ဒမီ ဆန်ကာတင်စာရင်းဝင်ခဲ့တာဖြစ်ပါတယ် ။

 

ပရိသတ်ကြီးလည်း ဘယ်မင်းသမီးက (၂၀၁၉) ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ထူးချွန်ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိမလဲဆိုတာကို စိတ်လှုပ်ရှားနေကြပြီထင်ပါတယ် ။ Cele Zone ပရိသတ်ကြီးရော ဘယ်မင်းသမီးကို အကယ်ဒမီရစေချင်လည်း မှတ်ချက်ပေးခဲ့ပါဦးနော် ။

Emily ( Cele Zone)