ရွှေညာမြေကိုလာလည်ဖို့ Tik Tok လေးတွေနဲ့ ချစ်စဖွယ်ဖိတ်ခေါ်လိုက်တဲ့ အေးမြတ်သူ

Posted on

ပရိသတ်ကြီးရေ ပါးချိုင့်လေးနဲ့အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားပြီး ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အေးမြတ်သူတော့ တကယ်ကို တော်တဲ့အနုပညာရှင်တစ်ယောက်ပါ ။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကိုလည်း ထိုက်တန်စွာရရှိထားတဲ့ မင်းသမီးတစ်လက်လဲဖြစ်ပါတယ် ။ မကြာခဏဆိုသလို ပရိသတ်တွေကို သူမရဲ့ချစ်စရာကောင်းတဲ့ Tik Tok လေးတွေလည်းမျှဝေပေးလေ့ရှိတဲ့သူပါ ။

 

 

လတ်တလောမှာတော့ ” ရွှေညာသူလေး… ထွေးမြ…. ရွှေညာမြေလေး ဆီ အလည်ခေါ်မိပေမယ့်….အညာမိမှာကြောက်မိတယ်အကို အချိန်ရမယ်ဆို… မင်းဘူး.. မန်းရွှေစက်တော် ကို လာလည်ဖို့ချစ်ရသူတွေအားလုံး ကို ဖိတ်ပါတယ်ရှင့်…ေ ထွးမြ ရဲ့ TikTok. လေးတွေ ကြည့်ရင်း ပျော်ရွှင်ကြပါစေရှင့် ” ဆိုတဲ့စာသားလေးနဲ့အတူ အညာမြေကို လာလည်ကြဖို့ သူမရဲ့ ချစ်စဖွယ် Tik Tok လေးတွေနဲ့ ဖိတ်ခေါ်လိုက်ပြန်ပါပြီ ပရိသတ်ကြီးရေ..။ လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ မိန်းကလေးချင်းတောင်ကြွေရတဲ့ မမြတ်လေးကတော့ မြန်မာဝတ်စုံလေးနဲ့အရမ်းကို လှပနေတာပါ ပရိသတ်ကြီးအမြင်ပါပဲနော် ။

 

မမြတ်လေးကို အစဉ်အမြဲအားပေးချစ်ခင်နေကြတဲ့ Cele Zone ချစ်ပရိသတ်တွေအတွက် ရွှေညာသူလေး ထွေးမြရဲ့ Tik Tok လေးတွေကို တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ အေးမြတ်သူကိုချစ်တဲ့ ပရိသတ်ကြီးရော ရွှေညာမြေကို လာလည်ချင်သွားပြီမလား ။

Source : Aye Myat Thu
Emily ( Cele Zone)