ပရိသတ်တွေ အာရုံစိုက်သွားလောက်အောင် ဟိန်းမင်းသူနဲ့အတူ ဆွဲဆောင်မှုပြင်းတဲ့ ပုံလေးတွေ ရိုက်ခဲ့တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေကြားမှာ ခပ်ဟော့ဟော့ ဒီဇိုင်းတွေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိထားတဲ့ မင်းသမီးချောလေး သင်ဇာ ကို မသိတဲ့ သူမရှိပါဘူး။ ကိုယ်ပိုင်ဟန်ပန်နဲ့ အနောက်တိုင်းဆန်တဲ့ သင်ဇာ့ရဲ့ ဖက်ရှင်ဒီဇိုင်းတွေကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်စရာဖြစ်နေပေမယ့်လည်း အမာခံပရိသတ်တွေနဲ့ အမြဲ ဝန်းရံခံရတဲ့ သင်ဇာကတော့ ယုံကြည်မှုရှိရှိနဲ့ အနုပညာလမ်းပေါ်မှာဆက်လက်လျှောက်လှမ်းနေဆဲပါ။

 

သင်ဇာရဲ့ ပထမဆုံး တေးသီချင်းဖြစ်တဲ့ ဟိန်းမင်းသူနဲ့အတူ သီဆိုခဲ့တဲ့ “You are the One” သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့ပြီး ဘက်စုံတော်တဲ့ သူလေးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း မြမြဇာတ်ကောင်အဖြစ် မြင်တွေ့ရတော့မို့ ပရိသတ်တွေအားလုံးက သင်ဇာ့အတွက် ရင်ခုန်နေကြပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို များစွာရရှိထားတဲ့ သူတစ်ယောက်ပါ။

 

“You are the one” တေးသီချင်း MTVလေးမှာ ဟိန်းမင်းသူနဲ့အတူ ခပ်ကြမ်းကြမ်း ရိုက်ချက်လေးတွေရှိခဲ့ပြီး ပရိသတ်တွေကြားမှာ လိုက်ဖက်တဲ့ အနုပညာရှင်တွေအဖြစ် နာမည်ကြီးခဲ့ပါသေးတယ်။ ယခုလည်း မော်ဒယ် အဆိုတော် ဟိန်းမင်းသူနဲ့အတူ ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်ဒီဇိုင်းလေးနဲ့ နှစ်ယောက်သား နီးကပ်စွာ ရိုက်ထားတဲ့ ခပ်ပြင်းပြင်းပုံရိပ်လေးတွေကို သင်ဇာက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ တင်ပေးထားတာဖြစ်ပါတယ်။ ဒီတော့ CeleZoneပရိသတ်တွေကြီးအတွက် လည်း သင်ဇာနဲ့ ဟိန်းမင်းသူတို့ရဲ့ ရင်လှိုက်ဖိုစရာ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

 

Source:Thinzar Wint Kyaw

NORA:CeleဇZone

(Zawgyi ြဖင့်ဖတ်ရန်)



